Dark Chocolate စားပေးခြင်းရဲ့ကောင်းကျိုးတွေက
မထင်ရလောက်အာဟာပြည့်ဝစေတဲ့ ချောကလက်အမည်းရောင်က ကျန်းမာရေးအတွက်ဘယ်လိုအကျိုးသက်ရောက်မှုရှိစေနိုင်လဲ? Cacao အပင်တစ်မျိုးမှပြုလုပ်ထားတဲ့ ကမ္ဘာအကောင်းဆုံးလို့တောင် ပြောလို့ရတဲ့ Antioxidants တွေကိုလည်းထုပ်ပေးနိုင်တဲ့ Dark Chocolate အကြောင်းပြောပြချင်ပါတယ်။ လေ့လာမှုတွေအရဆိုရင် သကြားဓာတ်လျော့နည်းတဲ့အတွက် နှလုံးရောဂါဖြစ်နိုင်ချေကိုလည်းလျော့နည်းစေပါတယ်။
အာဟာရသင့်တင်းမျှတခြင်း
အရည်အသွေးပြည့်ဝတဲ့ Dark Chocolate တွေကပါဝင်တဲ့ပိုတက်စီယမ်နှင့်ဆယ်လီယမ်ဓာတ်တွေကအဆီများကိုလျော့ချပေးနိုင်ပါတယ်။ Caffeine ဓာတ်ပါဝင်တဲ့အတွက်လည်း ခန္ဓာကိုယ်ကိုနိုးနိုးကြားကြားဖြစ်စေပါတယ်။ဒါပေမယ့် နေတိုင်းစားပေးသင့်တဲ့အစားစားထဲမှာတော့မပါပါဘူးနော်။
သွေးဖိအားကောင်းမွန်ခြင်း
နိုက်ထရစ်အောက်ဆိုဒ်ဓာတ်ပါဝင်တဲ့အတွက် သွေးလွှတ်ကြောကိုလှုံ့ဆော်ပေးနိုင်ပါတယ်။သွေးစီးဆင်းမှုအားကိုခုခံနိုင်တဲ့တဲ့အတွက် သွေးဖိအားကိုလည်းလျော့ချပေးနိုင်ပါတယ်။သွေးတိုးနေတဲ့အချိန်မျိုးဆိုရင် သွေးကျအောင်စားပေးသင့်ပါတယ်။
ဦးနှောက်ဉာဏ်ရည်ကောင်းမွန်စေခြင်း
Dark Chocolate က ဦးနှောက်ရဲ့လုပ်ဆောင်ချက်ကိုတိုးတက်ကောင်းမွန်စေပါတယ်။ သက်ကြီးရွယ်အိုတွေအတွက်လည်း သိမြင်နိုင်စွမ်းအားကိုတိုးတက်စေနိုင်ပါတယ်။Theobromine ကဦးနှောက်ရဲ့ မှတ်နိုင်စွမ်းအားကောင်းမွန်တဲ့အဓိကအရင်းအမြစ်လည်းပြောလို့ရပါတယ်။
နေလောင်ဒဏ်ကာကွယ်ခြင်း
လေ့လာရှင်တွေရဲ့သုံးသပ်ချက်တွေအရ Dark Chocolate မှာပါဝင်တဲ့ Flavonols ကနေရောင်ခြည်ဓာတ်မှအဓိကကာကွယ်ပေးနိုင်စွမ်းအားရှိပါတယ်။အရေးပြားနီရဲတာတွေကိုလည်း ကာကွယ်ပေးနိုင်တဲ့ Dark Chocolate စားသုံးမှုကအရင်ထက်နှစ်ဆတိုးတက်လာတာတွေရပါတယ်။
Kelly - Akhayar Lifestyle
Photo Credit - health.com