Esports လောကထဲကို စတင် ဝင်ရောက်လာတဲ့ နာမည်ကျော် ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်း

Esports လောကထဲကို စတင် ဝင်ရောက်လာတဲ့ နာမည်ကျော် ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်း

ဘောလုံးချစ်ပရိသတ်တွေရဲ့ အသည်းကျော် ကစားသမား တစ်ဦးဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းကတော့ Esports လောက အထဲကိုပါ စတင် ဝင်ရောက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ ဘက်ခမ်း အနေနဲ့ Guild Esports လို့ အမည်ရတဲ့ Blue Star Capital Plc လက်အောက်ခံ Esports ကုမ္ပဏီသစ် တစ်ခုမှာ ရင်းနှီး မြှုပ်နှံမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒေးဗစ်ဘက်ခမ်းကတော့ အခုလို Esports ကုမ္ပဏီ တစ်ခုမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လူငယ် ကစားသမားတွေ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြုစု ပျိုးထောင် ပေးရာမှာ တစ်ဖက်တစ်လမ်းကနေ ကူညီပေးချင်တာကြောင့် ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

Guild Esports ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဘောလုံး အားကစားနည်းမှာလိုပဲ အရည်အချင်းရှိ လူငယ် ကစားသမားတွေကို ရှာဖွေပေးသွားဖို့ပဲ ဖြစ်ပါတယ်။ Guilds Esports အနေနဲ့ အနယ်နယ် အရပ်ရပ်မှ အရည်အချင်းရှိ Esports ကစားသမားများကို ရှာဖွေသွားမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ ကစားသမားတွေကို စာချုပ်ချုပ်ဆို ခေါ်ယူကာ ပရိုဖက်ရှင်နယ် Esports ကစားသမား အဖြစ် ရပ်တည်သွားနိုင်ဖို့ ပြုစု ပျိုးထောင်မှုတွေ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Guild Esports ရဲ့ Executive Chairman ဖြစ်သူ Carleton Curtis ဟာ Overwatch League, Call of Duty တို့ကို အသက်သွင်းရာမှာ အဓိက နေရာမှ ပါဝင် လုပ်ကိုင်ဖူးသူ တစ်ဦးဖြစ်သလို Activision Blizzard, Red Bull Esports စတဲ့ နာမည်ကျော် ကုမ္ပဏီတွေမှာလည်း တာဝန် ထမ်းဆောင်ခဲ့ဖူးသူ တစ်ဦးပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Guild Esports အနေနဲ့ Rocket League, FIFA, Fortnite စတဲ့ Esports ကဏ္ဍတွေ အတွက်သာ အရည်အချင်းရှိ လူငယ် ကစားသမားတွေကို အဓိကထား ရှာဖွေသွားမှာ ဖြစ်ပေမယ့် အနာဂတ်မှာတော့ Esports ကဏ္ဍအသီးသီး အတွက် အရည်အချင်းရှိ ကစားသမားတွေ ရှာဖွေပေးနိုင်ရန် အတွက် ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

REF: DotEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle