Dead By Daylight ဂိမ်းမှာ Cross-Play စတင်ပါဝင်လာ

Dead By Daylight ဂိမ်းမှာ Cross-Play စတင်ပါဝင်လာ

နာမည်ကြီး Survival Horror ဂိမ်းတစ်ဂိမ်းဖြစ်တဲ့ Dead By Daylight ဟာ ယနေ့ကစပြီး Cross-Play စတင်ပါဝင်လာပြီဖြစ်ပါတယ်။ Cross-Play ဆိုတာကတော့ PC (Steam, Microsoft Store), Xbox One, PlayStation 4 နဲ့ Nintendo Switch က DBD ကစားသူတွေအားလုံး အတူဆော့ကစားလို့ရလာတာပဲ ဖြစ်ပါတယ်။

Dead By Daylight အနေနဲ့ အခုလိုမျိုး Cross-Play ကို ဂိမ်းထွက်ပြီး လေးနှစ်ကျော်အကြာမှ ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ ဂိမ်း စ တင်ထွက်တုန်းကဆို Host စနစ်နဲ့ Peer-to-peer ပုံစံမျိုးနဲ့ ဆော့ကစားရတာဖြစ်ပြီး ၂၀၁၉ နှစ်ကုန်ပိုင်းလောက်မှာမှ Dedicated Server တွေ စ တင်ထည့်သွင်းပေးခဲ့တာဖြစ်ပါတယ်။

Cross-play အတွက် In-Game ထဲမှာတော့ သူငယ်ချင်းရဲ့ ID သိရင် Friend add ထားလို့ရပြီး၊ Chat feature ကတော့ PC သမားတွေမှာပဲ ဆက်လက်ရရှိနေဦးမှာဖြစ်ပါတယ်။ ဒါ့အပြင် Platform မတူတဲ့ သူငယ်ချင်းတွေအချင်းချင်း Communicate လုပ်ဖို့အတွက် In-game မှာမဖြစ်နိုင်သေးပါဘူး။

Dead By Daylight စတင်ထွက်လာတုန်းက PC, PS4 နဲ့ Xbox One မှာပဲ ဆော့ကစားလို့ရပြီး၊ Nintendo Version ကိုတော့ စက်တင်ဘာလ ၂၄ ရက်၊ ၂၀၁၉ နဲ့ Mobile Version ကိုတော့ ဧပြီလ ၁၆ ရက်၊ ၂၀၂၀ ခုနှစ်တို့မှာ အသီးသီးမိတ်ဆက်ပေးခဲ့ပါတယ်။ Dead By Daylight Mobile ကိုလည်း ကျွန်တော်တို့ GameJoe Channel မှာ Review ပြုလုပ်ပေးထားပါတယ်ခင်ဗျာ။