ရာသီတုပ်ကွေးနဲ့အအေးမိဖျားနာလက္ခဏာတွေဖြစ်လွယ်တဲ့ အချိန်မို့ ဘယ်လိုမျိုးနေထိုင်သင့်လဲ

ရာသီတုပ်ကွေးနဲ့အအေးမိဖျားနာလက္ခဏာတွေဖြစ်လွယ်တဲ့ အချိန်မို့ ဘယ်လိုမျိုးနေထိုင်သင့်လဲ

တစ်ယောက်ယောက်ကို “မိုးလေးဖွဲတုန်းသတိရတယ်” ဆိုပြီး Feel နိုင်ဖို့က အခုလိုမိုးရာသီမျိုးမှာနေကောင်းနေမှဖြစ်မှာပါ။ ရာသီတုပ်ကွေးနဲ့အအေးမိဖျားနာလက္ခဏာတွေဖြစ်လွယ်တဲ့ အချိန်မို့ ဘယ်လိုမျိုးနေထိုင်သင့်လဲဆိုတဲ့ အကြောင်းလေးကို Sharing လုပ်ပေးမယ်နော်။

မိုးရေထဲမှာ အကာအကွယ်မပါဘဲ အပြင်ထွက်ခြင်းကိုရှောင်ကြဉ်သင့်ပါတယ်။
အအေးမိဖျားနာခြင်းဟာ ခန္ဓာကိုယ်နဲ့ ခြေထောက်ကိုနွေးထွေးမှုမရှိခြင်းမှဖြစ်ပေါ်လာတတ်ပါတယ်။အထူးသဖြင့် အအေးမိဝေဒနာဖြစ်ပွားလွယ်တဲ့ အခံရှိသူတွေဟာ အလွယ်တကူအအေးမိဝေဒနာခံစားရနိုင်ပါတယ်။ ဒါကြောင့် အခုလိုမိုးရာသီမှာ မိုးကာ၊ထီးစတဲ့ အကာအကွယ်တစ်ခုခုကို အပြင်ထွက်တိုင်း ယူဆောင်သွားသင့်ပါတယ်။

ကျန်းမာရေးနဲ့ပိုမိုညီညွတ်စေဖို့ အခုလိုအချိန်မျိုးမှာ အပြင်စာများစားသောက်ခြင်းကို အတတ်နိုင်ဆုံးရှောင်ကြဉ်ပေးပါ။ အာဟာရမျှတစွာစားသောက်နေထိုင်ပြီး ရေဓါတ်ကို အမြဲတမ်းဖြည့်တင်းပေးဖို့ မမေ့ပါနဲ့။ ဒါကြောင့်မို့ ရေဆာတဲ့အထိမစောင့်ဘဲ ပုံမှန်သောက်သုံးပေးပါ။ နောက်ပြီး ရာသီတုပ်ကွေးနဲ့ အအေးမိဖျားနာလက္ခဏာတွေခံစားလာရပြီဆိုရင်တော့ Decolgen လိုဆေးမျိုးကို ချက်ချင်းသောက်သုံးခြင်းက အမြန်ဆုံးသက်သာပျောက်ကင်းစေမှာဖြစ်လို့ ဘယ်သွားသွားအမြဲဆောင်ထားသင့်ပါတယ်။
အားလုံးပဲ အအေးမိဖျားနာကင်းဝေးပြီး ကျန်းမာပျော်ရွှင်တဲ့ မိုးရာသီလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။