စံချိန်တင် ရှုံးပွဲတွေကြောင့် Support Role ပြောင်းဆော့ဖို့ စဉ်စားနေပြီဖြစ်တဲ့ Legend ကြီး Dendi

စံချိန်တင် ရှုံးပွဲတွေကြောင့် Support Role ပြောင်းဆော့ဖို့ စဉ်စားနေပြီဖြစ်တဲ့ Legend ကြီး Dendi

WePlay! Pushka League ရဲ့ ပွဲစဉ် တစ်ခုဖြစ်တဲ့ FlyToMoon နဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပွဲစဉ်မှာ ၂ ပွဲပြတ်ဖြင့် ထပ်မံ ရှုံးနိမ့်ခဲ့တဲ့ Dendi ဦးဆောင်တဲ့ B8 ကတော့ လက်ရှိအချိန်မှာ ၁၇ ပွဲဆက် ရှုံးပွဲဆက် စံချိန်ဆိုးနဲ့ ရင်ဆိုင်ရလျက် ရှိပါတယ်။

အခုလို B8 Dota2 အသင်း ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ရလျက်ရှိတဲ့ အပေါ်မှာ Dota2 ချစ်ပရိသတ်တွေ အနေနဲ့ Dendi ရဲ့ Mid Lane ကစားဟန်ကို အပြစ်တင် ဝေဖန်မှုတွေ ပေါ်ပေါက်လာခဲ့သလို လူစာရင်း အပြောင်းအလဲ ပြုလုပ်ဖို့ တောင်းဆိုမှုတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။

ဒါကြောင့်လည်း B8 Dota2 အသင်းရဲ့ ကပ္ပတိန်ဖြစ်သူ Dendi အနေနဲ့ ပြီးခဲ့တဲ့ Podcast အစီအစဉ် တစ်ခုမှာ သူ့အနေနဲ့ Support Role မှာ ပြောင်းလဲ တာဝန်ယူသွားဖို့ စဉ်းစားလျက်ရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။

“ဟုတ်ပါတယ်။ ကျွန်တော်လည်းပဲ Support Role မှာ ပြောင်းလဲ ကစားဖို့ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ကတည်းက စဉ်းစားနေခဲ့တာပါ။ ဒါပေမယ့်လည်း အဲလိုလုပ်ဖို့ဆိုတာ သိပ်ပြီးတော့ ရိုးရှင်းတဲ့ ကိစ္စ တစ်ခုတော့ မဟုတ်ပါဘူး။ တကယ်လို့ အသင်း အတွက် လိုအပ်လာခဲ့မယ်ဆိုရင် ကျွန်တော် လိုအပ်တဲ့ Position မှာ ဝင်ရောက် ကစားပေးဖို့ အဆင်သင့်ပါပဲ။

ဒါပေမယ့်လည်း ကျွန်တော် Position ပြောင်း ကစားမယ်ဆိုရင် အသင်း အတွက် ကျွန်တော် ယုံကြည်ရတဲ့ Mid Lane ကစားသမား တစ်ဦး လိုအပ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော် Role ပြောင်း ကစားတယ်ပဲ ထားပါတော့။ အသင်းရဲ့ Mid Lane ကစားသမား အသစ်က အဆင်မပြေဘူးဆိုရင် အသင်းအတွက် ထူးခြားလာမှာ မဟုတ်ဘူးလေ။

တကယ်လို့ ကစားသမားသစ်က အတွေ့အကြုံမရှိတဲ့သူ ဆိုရင်လည်း အသင်းအတွက် ဆိုးကျိုးကိုပဲ ဖြစ်လာစေမှာလေ။ ကျွန်တော်လည်းပဲ အသင်းအတွက် အကျိုးအမြတ် ရှိစေမယ့် နည်းလမ်းကို ရှာဖွေနေပါတယ်။ တကယ်လို့ လိုအပ်လာခဲ့မယ် ဆိုရင်လည်း Role ပြောင်း ကစားဖို့ အတွက် အဆင်သင့်ပါပဲ။

လက်ရှိအချိန်မှာ ကျွန်တော်တို့ အသင်းရဲ့ ရလဒ်နဲ့ ပတ်သတ်ပြီး တကယ်ကို စိတ်ဓာတ်ကျမိပါတယ်။ ဒါပေမယ့်လည်း အသင်းက လက်ရှိမှာ တည်ဆောက်စဲ ကာလဖြစ်တာကြောင့် နားလည်ပေးဖို့လည်း မျှော်လင့်ပါတယ်။

ကျွန်တော်တို့လည်း အစွမ်းကုန် ကြိုးစားနေပြီး နိုင်ပွဲတွေ ပြန်လည် ရရှိလာအောင် ကြိုးစားနေပါတယ်။ လက်ရှိအချိန်ထိ ကျွန်တော်တို့ အသင်းကို အားပေးနေတဲ့၊ ပွဲစဉ်တွေကို ကြည့်ရှုလျက်ရှိတဲ့ ပရိသတ်တွေ အားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ပါတယ်။”

အဆိုပါ Podcast အစီအစဉ်မှာ ပြောသွားတဲ့ Dendi ရဲ့ ဖြေကြားချက်တွေ အရတော့ Dendi အနေနဲ့ Mid Laner ဘဝကနေ လွယ်လွယ်ကူကူနဲ့ စွန့်ခွာဦးမှာ မဟုတ်တဲ့ ပုံပါပဲ။ လက်ရှိအချိန်မှာ Dendi တစ်ယောက် လက်စွမ်းတွေ ကျဆင်းနေပြီ ဆိုတာကို လူတိုင်းနီးပါး လက်ခံထားပေမယ့် Dendi ကတော့ အတိတ်မှာ ရွေထီးဆောင်းခဲ့တဲ့ ကာလတွေကို အောက်မေ့ မက်မောနေတုန်းပါပဲ။

လက်ရှိအချိန်မှာ အတွေ့အကြုံ နုနယ်ပေမဲ့ Mid Lane Position ကို ပိုင်ပိုင်နယ်နယ် ကစားနိုင်တဲ့ ကစားသမားကောင်းပေါင်း များစွာ ပေါ်ပေါက်လျက်ရှိပြီ ဖြစ်တာကြောင့် Dendi တစ်ယောက် ခေါင်းမာ မနေတော့ဘဲ Mid Laner ကောင်း တစ်ယောက်ကို ခေါ်ယူပြီး Support Role ကို ပြောင်းလဲ ကစားသွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle