ဘရာဇီး ကစားသမား သုံးဦးဖြင့် B8 Dota2 အသင်းကို ပြန်လည် ဖွဲ့စည်းလိုက်တဲ့ Dendi

ဘရာဇီး ကစားသမား သုံးဦးဖြင့် B8 Dota2 အသင်းကို ပြန်လည် ဖွဲ့စည်းလိုက်တဲ့ Dendi

ပြီးခဲ့တဲ့လက အသင်းကို ပြန်လည် ဖွဲ့စည်းသွားမယ်လို့ ကြေညာခဲ့တဲ့ Dendi ဦးဆောင်တဲ့ B8 Dota2 အသင်းကတော့ ဘယ်သူမှ မထင်ထားတဲ့ အပြောင်းအလဲ တစ်ခုကို ပြုလုပ်သွားခဲ့ပါတယ်။ Dendi အနေနဲ့ ယခင် B8 Dota2 အသင်းမှ ဂျာမဏီနိုင်ငံသား Pos4 ကစားသမားဖြစ်သူ Enis “5up” Elfki ကိုသာ ချန်ထားခဲ့ပြီး လစ်လပ်လျက်ရှိတဲ့ ကစားသမား နေရာ သုံးနေရာစာ အတွက် ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဘရာဇီး နိုင်ငံသား Dota2 ကစားသမား သုံးဦးကို ခေါ်ယူခဲ့ပါတယ်။

Dendi

B8 Dota2 အသင်းမှာ ဝင်ရောက် ကစားသွားမယ့် ဘရာဇီးနိုင်ငံသား ကစားသမား သုံးဦးကတော့ Midas Club Dota2 အသင်းမှာ အတူတကွ ကစားခဲ့ကြတဲ့ Rdo, Sexyfat နဲ့ Duster တို့ပဲ ဖြစ်ပါတယ်။ B8 Dota2 အသင်း အနေနဲ့ ဘရာဇီးနိုင်ငံသား ကစားသမား သုံးဦး အပြင် Midas Club Dota2 အသင်းရဲ့ CEO/ နည်းပြဖြစ်သူ Filipe Astini, CIS အခြေစိုက် ဝါရင့် နည်းပြတစ်ဦးဖြစ်တဲ့ MeTTpuM တို့ကိုပါ B8 Dota2 အသင်းရဲ့ နည်းပြ အဖွဲ့ဝင်များ အဖြစ် ခေါ်ယူခဲ့ပါတယ်။

Duster

အခုလို ဘရာဇီးနိုင်ငံသား သုံးဦးကို ခေါ်ယူခဲ့ပေမယ့် Dendi ဦးဆောင်တဲ့ B8 Dota2 အသင်းဟာ SA Qualifier ကနေ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ မဟုတ်ဘဲ ယူကရိန်းနိုင်ငံရှိ Bootcamp မှာ အတူတကွ လေ့ကျင့်မှုတွေ ပြုလုပ်ပြီး CIS Qualifier မှာသာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ လက်ရှိအချိန်မှာ ထွက်ပေါ်လျက်ရှိတဲ့ သတင်းများအရ သိရပါတယ်။

MeTTpuM

ဒါပေမယ့်လည်း အဆိုပါ သတင်းကို B8 Dota2 အသင်းဘက်မှ အတည်ပြုပေးခြင်း မရှိသေးတာကြောင့် လက်ရည်စစ်ပွဲတွေ စတင်ချိန်မှာ အသင်းငယ်တွေ ပိုများတဲ့ SA Qualifier မှာ ဝင်ရောက် ယှဉ်ပြိုင်သွားတာကို မြင်တွေ့သွားရမလား၊ ဒါမှမဟုတ် CIS Qualifier မှာပဲ ဝင်ရောက် ယှဉ်ပြိုင်သွားတာကို မြင်တွေ့ရမလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

B8 Dota2 အသင်းရဲ့ ကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Rdo – Pos 1
  • Dendi – Pos 2
  • SexyFat – Pos 3
  • 5up – Pos 4
  • Duster – Pos 5
  • Astini – Coach
  • MeTTpuM – Coach

REF: VpEsports