ကိုယ်ပိုင် Esports အဖွဲ့အစည်းကို မကြာမီ အချိန်အတွင်း ကြေငြာသွားမှာဖြစ်တဲ့ Dota 2 Legend ကြီး Dendi

ကိုယ်ပိုင် Esports အဖွဲ့အစည်းကို မကြာမီ အချိန်အတွင်း ကြေငြာသွားမှာဖြစ်တဲ့ Dota 2 Legend ကြီး Dendi

Dota 2 လောကမှာ မသိသူရှိသလောက် လူသိများသလို၊ လူအများစုရဲ့ ချစ်ခင်နှစ်သက်ခြင်းကို ခံယူနိုင်ခဲ့တဲ့ ပရိုဖက်ရှင်နယ် Dota 2 ကစားသမား Dendi အနေနဲ့ လွန်ခဲ့တဲ့ သုံးလခန့်က ကိုယ်ပိုင် Esports အဖွဲ့အစည်း တစ်ခုကို တည်ထောင်သွားမှာဖြစ်တဲ့ အကြောင်းကို တရားဝင် ကြေငြာသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း 2019-2020 DPC ရာသီရဲ့ ဒုတိယမြောက် Major/ Minor လက်ရည်စစ်ပွဲမှာ Viet Flashback Dota 2 အသင်းမှာ ဝင်ရောက် ကစားခဲ့တာကြောင့် ပရိသတ် အများစု အနေနဲ့ Dendi တစ်ယောက် ကိုယ်ပိုင် Esports အဖွဲ့အစည်း တည်ထောင်သွားမယ့် စီမံကိန်းကြီး ပျက်သုန်းသွားခဲ့ပြီလို့ ထင်မှတ်သွားခဲ့ကြပါတယ်။

အခုလို ပရိသတ်တွေကြား မရှင်းမရှင်းဖြစ်နေတဲ့ အချက်အလက်တွေ အားလုံးကို Dendi အနေနဲ့ ဒီဇင်ဘာလာ ၁၅ ရက်နေ့က ကိုယ်ပိုင် Youtube Channel မှာ ဗွီဒီယိုလေး တစ်ခု တင်ပေးခဲ့ကာ ကိစ္စအလုံးစုံကို ရှင်းလင်း ပေးခဲ့ပါတယ်။

လက်ရှိအချိန်မှာ Dendi တည်ထောင်သွားမယ့် Dota 2 အသင်းမှာ ဝင်ရောက် ကစားသွားမယ့် ကစားသမား ငါးဦးလုံး အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း၊ အသင်းတည်ထောင်ရာမှာ အချို့သော အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကြောင့် အချက်အလက် အပြည့်အစုံကိုတော့ ပြောပြလို့ မရသေးကြောင်း အဆိုပါ ဗွီဒီယိုကနေ တစ်ဆင့် ပရိသတ်တွေကို ရှင်းပြသွားခဲ့ပါတယ်။

ဒါ့အပြင် Esports အဖွဲ့အစည်း တစ်ခုကို တည်ထောင်ရတာ ထင်မှတ်ထားသလောက် မလွယ်ကူကြောင်း၊ အဖွဲ့အစည်း တစ်ခု တည်ထောင်ရာမှာ အခက်အခဲများစွာနဲ့ ရင်ဆိုင်ခဲ့ရကြောင်း၊ လက်ရှိအချိန်မှာတော့ Dendi ရဲ့ ကိုယ်ပိုင် Dota 2 အဖွဲ့အစည်းသစ် ပေါ်ထွက်လာဖို့ အတွက် Esports လောကသားတွေက ဝိုင်းဝန်း ကူညီပေးနေကြကြောင်းကို ဆက်လက် ရှင်းပြသွားခဲ့ပါတယ်။

Dendi ကိုယ်တိုင် တည်ထောင်သွားမယ့် Dota 2 အသင်းမှာ ဝင်ရောက် ကစားသွားမယ့် ကစားသမားတွေကတော့ Viet Flashback Dota 2 အသင်းမှာ Dendi နဲ့အတူ ကစားခဲ့ကြတဲ့ ကစားသမားတွေပဲ ဖြစ်ပါတယ်။ အဆိုပါ ကစားသမားတွေနဲ့ ပတ်သတ်ပြီးလည်း Dendi က အခုလိုပဲ မှတ်ချက်ပေးခဲ့ပါတယ်။

Alik “V-Tune” Vorobey (Pos – 1)

V-Tune

ကျွန်တော် V-Tune နဲ့အရင်ကတည်းက အတူတကွ ကစားခဲ့ဖူးပါတယ်။ ပြီးတော့ သူ့ရဲ့ ကစားပုံတွေ၊ Dota 2 အပေါ် ထားရှိတဲ့ သူ့ရဲ့ခံယူချက်တွေ အားလုံးကို ကျွန်တော် အတော်လေးကို သဘောကျမိပါတယ်။ V-Tune က ကျွန်တော့် အတွက်တော့ ပြီးပြည့်စုံတဲ့ ကစားသမား တစ်ဦး အဖြစ် သတ်မှတ်လို့ရတဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။

Nicola “LeBronDota” Popovich (Pos – 5)

Lebron

ကျွန်တော် Lebron ဆီကနေ ဘာတွေ မျှော်လင့်ထားလို့ရမယ် ဆိုတာကို အသေအချာကို သိထားပါတယ်။ သူ Navi မှ စတင် ကစားခဲ့တဲ့ အချိန်နဲ့ နှိုင်းယှဥ်ကြည့်မယ်ဆိုရင် လက်ရှိအချိန်မှာ အတော်လေးကို တိုးတက် ပြောင်းလဲလာခဲ့ပြီ ဖြစ်ပါတယ်။ Lebron ကို ကစားသမား တစ်ဦးအနေနဲ့ရော၊ သူငယ်ချင်း တစ်ယောက် အနေနဲ့ပါ ကျွန်တော် တကယ်ကို သဘောကျမိပါတယ်။ ဒါကြောင့် Lebron အနေနဲ့ ကျွန်‌တော်ဖြစ်စေချင်တဲ့ အသင်းတစ်ခု တည်ထောင်ရာမှာ အထောက်အကူတွေ များစွာ ပေးစွမ်းနိုင်မယ်လို့ ယုံကြည်မိပါတယ်။

KingR (Pos – 4)

KingR

ကျွန်တော် သူနဲ့တော့ Viet Flashback မှာ ဝင်ရောက် မကစားခင် အချိန်ထိ ကစားခဲ့ဖူးခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း CIS Dota 2 လောကမှာ KingR က နာမည်ကောင်း ရထားတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်တယ်။ စိတ်နေသဘောထားကလည်း အင်မတန်ကို ရင့်ကျက်တည်ငြိမ်တယ်။ နောက်ပြီးတော့ သူ့အနေနဲ့ Pos – 4 ကစားသမား ဘဝကို ကြိုက်နှစ်သက်တယ် ဆိုတာကြောင့် အသင်းအတွက် ခေါ်ယူဖြစ်ခဲ့တာ ဖြစ်ပါတယ်။

Nongrata (Pos – 3)

Nongrata

Nongrata ကိုတော့ KingR ကပဲ Offlane နေရာမှာ ကစားစေဖို့ အတွက် ကျွန်တော့်ကို အကြံပေးခဲ့ပါတယ်။ KingR လို လူမျိုးကတောင် အကြံပေးနေမှတော့ ကျွန်တော်လည်း တွေဝေမနေတော့ပဲ Nongrata ကို ချက်ချင်းပဲ ကမ်းလှမ်းခဲ့တယ်။ သူကလည်း အလျင်အမြန်ပဲ သဘောတူခဲ့ပါတယ်။

ဒါ့အပြင် အသစ် တည်ထောင်သွားမယ့် Dota 2 အသင်းမှာ Founder ကြီး Dendi အနေနဲ့ Pos – 2 (Mid Player) တစ်ဦးအဖြစ် ဝင်ရောက် ကစားသွားမှာ ဖြစ်ပါတယ်။ တကယ်လို့ အသင်းရဲ့ ကစားသမားတွေဘက်က တောင်းဆိုလာခဲ့မယ် ဆိုရင်တော့ အခြားသော Position မှာ ပြောင်းလဲကစားသွားမှာ ဖြစ်ကြောင်း၊ အသင်းဖော်တွေရဲ့ ငြိုငြင်မှုကို မခံရအောင်လို့လည်း Mid Laner တစ်ဦးအဖြစ် အစွမ်းအကုန် ကြိုးစားသွားမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

OG Dota 2

လက်ရှိအချိန်မှာ TI နှစ်ထပ်ကွမ်း ချန်ပီယံ ကစားသမား နှစ်ဦး တည်ထောင်ထားတဲ့ OG Esports အဖွဲ့အစည်း အနေနဲ့ CSGO လောကထဲကို ခြေဆန့်လာခဲ့ပြီ ဖြစ်သလို Kuroky တို့ ကစားသမား တစ်သိုက် ပူးတွဲ တည်ထောင်ထားတဲ့ Nigma Esports အဖွဲ့အစည်း အနေနဲ့လည်း Dota 2 လောကထဲကို စတင်‌ ဝင်ရောက် လာခဲ့ပြီ ဖြစ်ပါတယ်။ တကယ်လို့ Dendi အနေနဲ့ ကိုယ်ပိုင် Esports အဖွဲ့အစည်းကို မကြာမီ အချိန်အတွင်း ကြေငြာနိုင်ခဲ့မယ်ဆိုရင် တတိယမြောက် Dota 2 ကစားသမားအပိုင် Esports အဖွဲ့အစည်း တစ်ခု ဖြစ်လာမှာပဲ ဖြစ်ပါတယ်။

Nigma

Dendi ကိုယ်တိုင် ပါဝင် ကစားသွားမယ့် Dota 2 အသင်းသစ် အနေနဲ့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်မှာ ကျင်းပသွားမယ့် 2019-2020 DPC ရာသီရဲ့တတိယမြောက် Major/ Minor လက်ရည်စစ်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်သွားမှာ ဖြစ်တာကြောင့် Dendi ကို ချစ်မြတ်နိုးတဲ့ ပရိသတ်တွေ အနေနဲ့လည်း Legend ကြီး Dendi ရဲ့ ကစားပုံတွေကို ပြန်လည် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ ယခင် အချိန်တွေတုန်းကလို ထင်မှတ်မထားတဲ့ အံ့သြသင့်ဖွယ် ကစားပုံတွေကို ပြန်လည် ပြသပြီး Dendi တို့ တစ်သိုက် LA Major မှာ ဝင်ရောက် ကစားခွင့်ကို ရရှိသွားမလား ဒါမှမဟုတ် အဖွင့်မလှတဲ့ ဇာတ်ကြောင်းမျိုးနဲ့ ရင်ဆိုင်သွားရမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming, VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle