ဝေဖန်မှုများ အပေါ် ပြန်လည် တုံ့ပြန်သွားခဲ့တဲ့ ပရိသတ်အချစ်တော် ကစားသမား Dendi

ဝေဖန်မှုများ အပေါ် ပြန်လည် တုံ့ပြန်သွားခဲ့တဲ့ ပရိသတ်အချစ်တော် ကစားသမား Dendi

ပရိသတ် အချစ်တော် ကစားသမား တစ်ဦးဖြစ်တဲ့ Dendi အနေနဲ့ ကိုယ်ပိုင် Dota2 အသင်း B8 ကို တည်ထောင်ပြီးစဉ် အချိန်မှ စတင်ပြီး အခက်အခဲတွေ၊ ရလဒ်ဆိုးတွေနဲ့သာ ရင်ဆိုင်ခဲ့ရပြီး အောင်မြင်မှုတွေနဲ့ အတော်လေးကို ဝေးကွာနေတဲ့ အနေအထား တစ်ခုမှာ ရောက်ရှိလို့ နေခဲ့ပါတယ်။

B8 DOTA2

ကျရှုံးမှုတွေနဲ့သာ ဆက်တိုက် ရင်ဆိုင်နေရတာကြောင့် Dendi အပေါ် အပြစ်တင် ဝေဖန်သံတွေလည်း တဖြည်းဖြည်းနဲ့ ထွက်ပေါ်လာခဲ့ပါတယ်။ ယခုအခါမှာတော့ Dendi အနေနဲ့ အပြစ်တင် ဝေဖန်မှုတွေကို ပြန်လည် တုံ့ပြန်သွားခဲ့သလို B8 အသင်းရဲ့ ရှေ့ဆက်သွားမယ့် လမ်းကြောင်းနဲ့ ပတ်သတ်ပြီးတော့လည်း Podcast Session တစ်ခုမှာ ရှင်းပြသွားခဲ့ပါတယ်။

“ကျွန်တော့် အပေါ် အပြစ်တင် ဝေဖန်မှုတွေနဲ့ ပတ်သတ်ပြီးတော့ ကိုယ့်ကိုယ်ကို ကာကွယ်ပြောဆိုနေမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း Dendi နဲ့ Mid-Lane မှာ ယှဉ်ထိန်းရမယ့် အခါမျိုးတွေမှာ Mars နဲ့ Puck သာ Ban လိုက်၊ Dendi ဆိုတာ အလကားကောင်ပါလို့ ထင်နေတဲ့သူတွေကတော့ Dota2 အကြောင်းကို သိပ်နားမလည်တဲ့သူတွေလို့ပဲ‌ ပြောလိုက်ချင်ပါတယ်။

ကျွန်တော်တို့ အသင်းရဲ့ စွမ်းဆောင်ရည်က ကျေနပ်စရာကောင်းတဲ့ အခြေအနေမျိုးမှာ ရှိမနေမှန်း ကစားသမားတွေ အားလုံးလည်း နားလည်ထားကြပါတယ်။ ဒါပေမယ့်လည်း DOTA ဆိုတဲ့ ဂိမ်းက အမြဲတမ်း အောင်မြင်မှုတွေကိုပဲ မျှော်လင့်ထားလို့ရတဲ့ ဂိမ်းအမျိုးအစား တစ်ခု မဟုတ်ပါဘူး။ အောင်မြင်မှုတွေရှိသလို ကျရှုံးမှုတွေနဲ့လည်း ရင်ဆိုင်ရနိုင်ပါတယ်။

Dendi

အခုဆိုရင် Patch အသစ်လည်း ထွက်လာပြီ ဖြစ်တာကြောင့် ကျွန်တော်တို့ အသင်းမှာ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်လို့ ထင်မြင်မိပါတယ်။ ကျွန်တော်ကတော့ အသစ်ထွက်လာတဲ့ Patch ကို သဘောကျမိပါတယ်။ ဒါပေမယ့်လည်း အသင်းရဲ့ စွမ်းဆောင်ရည် ကောင်းလာမလား၊ မကောင်းလာဘူးလား ဆိုတာကိုတော့ အတိအကျ ပြောနိုင်မှာ မဟုတ်ပါဘူး။ Patch နဲ့ ကိုက်ညီတဲ့ ကစားဟန်တစ်ခုကို အမြန်ဆုံး ရှာတွေ့နိုင်ဖို့တော့ မျှော်လင့်မိပါတယ်။

အသင်းရဲ့ Carry ကစားသမားဖြစ်သူ Pio65 ဟာဆိုရင်လည် တကယ်ကို ကြိုးစားတဲ့ လူငယ်ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ သူ့ဆီမှာ အတွေ့အကြုံ အနည်းငယ်သာ ရှိသေးသလို၊ တိုးတက်ဖို့လည်း လေ့ကျင့်ဖို့ လိုအပ်တာ အမှန်ပါပဲ။ ဒါပေမယ့် သူကသင်ယူလိုစိတ်ရှိတဲ့ ကစားသမား တစ်ဦးဖြစ်သလို ကြိုးစား အားထုတ်ဖို့လည်း ဝန်မလေးတဲ့ လူငယ်လေး တစ်ယောက်ဖြစ်တယ် ဆိုတာကတော့ တကယ်ကို အသေအချာပါပဲ”

Pio65

ဒါ့အပြင် Dendi ကတော့ B8 DOTA2 အသင်း အနေနဲ့ အလျှင်အမြန်ကြီး အောင်မြင်မှုတွေကို စွတ်ခူးသွားနိုင်ဖို့ အတွက် မျှော်လင့်ထားခြင်း မရှိကြောင်း၊ လေ့ကျင့်မှုတွေ အများအပြား လုပ်ဆောင်သွားဖို့ လိုအပ်သေးကြောင်း၊ အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်ဖို့ အတွက် အချိန်ယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း အဆိုပါ Podcast Session မှာ ပြောကြားသွားခဲ့ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ