(၁၇) ပွဲဆက် နိုင်ပွဲမရှိ စံချိန်ဆိုးနဲ့ ရင်ဆိုင်ရလျက်ရှိတဲ့ Legend ကြီး Dendi ရဲ့ Dota2 အသင်း B8

Dota2 လောကရဲ့ Legendary ကစားသမား တစ်ဦးလည်းဖြစ်၊ ပရိသတ် အချစ်တော် ကစားသမား တစ်ဦးလည်းဖြစ်တဲ့ Dendi ကိုယ်တိုင် တည်ထောင်ထားတဲ့ Dota2 အသင်း B8 အနေနဲ့ ပြိုင်ပွဲ အများစုမှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတာ အချိန်တစ်ခု ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ရလဒ်ဆိုးတွေကနေ ပြန်လည် ရုန်းထွက်နိုင်ဖို့ အတွက် အတွေ့အကြုံ အနည်းငယ်သာ ရှိသေးတဲ့ Carry ကစားသမားလေး Pio65 ကို အသင်းကနေ ထုတ်ပယ်ပြီး မတ်လ နှောင်းပိုင်းမှာ အတွေ့အကြုံရင့် Carry ကစားသမား တစ်ဦးဖြစ်တဲ့ Steve “Excalibur” Ye ကို ခေါ်ယူခဲ့ပေမယ့် ရလဒ်ပိုင်းမှာ ထူးခြားမလာခဲ့သလို ယခုအခါမှာတော့ (၁၇) ပွဲဆက် နိုင်ပွဲမရှိဆိုတဲ့ မှတ်တမ်းဆိုးကြီး တစ်ရပ်ကို ပိုင်ဆိုင်ခဲ့ရပြီ ဖြစ်ပါတယ်။
Thanks to @v1lat for asking the question...
— Ben Steenhuisen (@Noxville) May 5, 2020
You may have heard of the legendary 28 wins in a row by @newbeecn in 2016 but did you know that @B8esportsGG now has the record for the most game losses in a row (24)?
They topple such legends as FTDC and MUFChttps://t.co/qsujUnTtqM
ပြီးခဲ့တဲ့ မတ်လ (၅) ရက်နေ့မှာ ယှဉ်ပြိုင်ခဲ့ရတဲ့ WePlay! Pushka League S1: Division 1 ရဲ့ပွဲစဉ် တစ်ပွဲဖြစ်တဲ့ Fly To Moon နဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပွဲစဉ်မှာ Dendi ဦးဆောင်တဲ့ B8 အဖွဲ့သားတွေ အနေနဲ့ နှစ်ပွဲပြတ်ဖြင့် ထပ်မံ ရှုံးနိမ့်ခဲ့တာကြောင့် ပွဲစဉ် (၁၇) ပွဲဆက်၊ ပွဲငယ် (၂၄) ပွဲဆက် နိုင်ပွဲမဲ့ စံချိန်သစ်ကို မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
B8 Dota2 အသင်း အနိုင်ရခဲ့တဲ့ ပွဲစဉ်ဟာ ဧပြီလ (၈) ရက်နေ့၊ ESL One Los Angeles 2020 Online ပြိုင်ပွဲမှာ HR Dota2 အသင်းကို (၂-၁) နဲ့ အနိုင်ယူနိုင်ခဲ့တဲ့ ပွဲစဉ် တစ်ခုဖြစ်တာကြောင့် B8 Dota2 နိုင်ပွဲပျောက်နေခဲ့တာ အခုဆိုရင် တစ်လ နီးပါးခန့် ကြာမြင့်သွားခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း (၁၁) ပွဲဆက် နိုင်ပွဲမရှိ ရလဒ်နဲ့ ရင်ဆိုင်ခဲ့ရသလို ပြိုင်ပွဲစုံမှာ အောင်မြင်မှုတွေနဲ့ ဝေးကွာနေခဲ့တာကြောင့် နာမည်ကျော် Esports အဖွဲ့အစည်း Cloud9 အနေနဲ့ အဖွဲ့အစည်း လက်အောက်ခံ Dota2 အသင်းကို ပြန်လည် ဖျက်သိမ်းသွားခဲ့ပါတယ်။
Dendi အနေနဲ့ အသင်းကို ကိုယ်တိုင်ကိုယ်ကျ တည်ထောင်ခဲ့တာ ဖြစ်တာကြောင့် အသင်း ဖျက်သိမ်းဖို့ အခြေအနေထိ ရောက်ရှိနိုင်မှာ မဟုတ်သေးဘူးလို့ ထင်မြင်မိပေမယ့် အခုလို ရှုံးပွဲဆက် ရလဒ်တွေကိုသာ ထပ်မံ ရင်ဆိုင်ခဲ့ရမယ်ဆိုရင် အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေပိုင်းမှာ အနှုတ်လက္ခဏာတွေနဲ့ ရင်ဆိုင် လာရနိုင်ပါတယ်။

ဒါကြောင့် ပရိသတ် အချစ်တော် ကစားသမားကြီး Dendi ကိုယ်တိုင် အခက်အခဲပေါင်း များစွာထဲက ဖြစ်တည်လာအောင် တည်ထောင်ခဲ့တဲ့ Dota2 အသင်း B8 အနေနဲ့ အနာဂတ်မှာ အနိုင်ရလဒ်တွေကို ပြန်လည် ရယူနိုင်ပြီး Dota2 လောက အထဲမှာ ဆက်လက် ရပ်တည်သွားနိုင်မလား ဒါမှမဟုတ် အရှုံးရလဒ်တွေဖြင့်သာ Dendi တစ်ယောက် ချစ်မြတ်နိုးရတဲ့ Dota2 လောကကနေ ထွက်ခွာသွားရမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
REF: AfkGaming