စိတ်ဖိစီးမှုများလာရင်နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်လဲ

စိတ်ဖိစီးမှုများလာရင်နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်လဲ

သက်ရှိလူသားတွေကနေ့စဉ်နေ့တိုင်း အလုပ်တွေလုပ်ရတယ်၊ အဲ့ထဲမှာ အများဆုံးတော့ စိတ်ဖိစီးမှုတွေ၊ စိတ်အလိုမကျမှုတွေကြုံရတတ်တာတော့ ထုံးစံပါပဲ။အဲ့တာကို လူတွေကလျော့ချတတ်ဖို့အရေးကြီးပါတယ်။တကယ်လို့ကိုယ်က လွယ်လွယ်နဲ့ ကိုယ့်ရဲ့စိတ်ကိုလျော့မချဘူး၊သောကတွေများနေမယ်ဆိုရင် ကိုယ့်ရဲ့ခန္ဓာကိုယ်အတွက် ထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။


ခေါင်းကိုက်မယ်
ခေါင်းကိုက်ရတာကတော့ ဦးနှောက်ကအလွန်အကျွံအလုပ်လုပ်ရတယ်ဆိုတော့ ပထမအဆင့်မှာတောင်ခေါင်းကိုက်၊ခေါင်းထိုးဖြစ်စေမှာတော့အမှန်ပါနော်။

Photo credit -Free Pik


စိတ်ဓာတ်ကျလွယ်မယ်
စိတ်ဓာတ်ကျလွယ်တဲ့ ပြသာနာကနောက်ပိုင်းမှာတော့ အဖြစ်အများဆုံးလို့တောင်ပြောလို့ရပါတယ်။စိတ်ဓာတ်ကျလွယ်မယ်ဆိုရင် ကိုယ့်ရဲ့ခန္ဓာကိုယ်တောင်မဟုတ်ပဲ ကိုယ့်ရဲ့အလုပ်မှာပါထိခိုက်လာနိုင်ပါတယ်။

Photo Credit -G-SE


သွေးတိုးတက်လာမယ်
လူ့ရဲ့ခန္ဓကိုယ်မှာစိတ်ကလည်းအရေးကြီးတဲ့အပိုင်းဆိုတော့ နှလုံးကနေလုပ်ငန်းလှုပ်ဆောင်တာတွေကမြန်မယ်ဆိုရင် သွေးတိုးတွေတက်လာနိုင်တဲ့အတွက်အဲ့အချက်ကိုတော့အထူးဂရုစိုက်လို့ရပါတယ်။

Photo Credit -Mejor

Kelly -Akhayar Lifestyle