စိတ်အခြေအနေမကောင်းရင်ဒါလေးတွေလုပ်ကြည့်ပါ
လူတွေတော်တော်များများကအမြဲတမ်းသက်တောင့်သက်သာဖြစ်တဲ့နေရာတွေမှာပဲနေချင်တတ်ကြပါတယ်။ တစ်ခါလေမှာတော့ဒီလိုမျိုးဖြစ်တဲ့စိတ်က ကိုယ်ဖြစ်ချင်တာတွေကိုအနည်းနဲ့အများနောက်နှေးစေတတ်ကြပါတယ်။ ဒီလိုမျိုးနောက်နှေးပြီးစိတ်ဓာတ်ကျလွယ်တဲ့အကြောင်းရင်းကလည်း ကိုယ့်ရဲ့အလုပ်တွေကိုချက်ချင်းထမလုပ်တာ၊ပျင်းရိနေတာမျိုး၊ဘယ်ရယ်ကြောင့်မှန်းမသိစိတ်ရှုပ်နေရတာမျိုးကြောင့်လည်းဖြစ်တတ်ပါတယ်။စိတ်ဆိုတာကလည်းထိန်းချုပ်ရခက်တဲ့ အရာတစ်ခုလိုပြောလို့ရပါတယ်။တစ်ခါတစ်လေမှာအဖြေရှာလို့မရတဲ့အခြေအနေတွေကြောင့်လည်းစိတ်အခြေအနေတွေကျနေတတ်ကြပါတယ်။ဒီလိုဆိုရင်ဘာမှမစဉ်းစာပဲနဲ့ ဒီအရာလေးတွေထလုပ်ကြည့်ပါ။
လေကောင်းလေသန့်ရှုပါ
သန့်ရှင်းတဲ့လေဆိုတာကမနက်ခင်းမှာရှုဖို့အကောင်းဆုံးပါ။လေကောင်းလေသန့်ဆိုတာက ကိုယ့်ရဲ့စိတ်ကိုလန်းဆန်းတက်ကြွစေပြီ နောက်တစ်နေ့ကိုစဖို့ကလည်းအကောင်းဆုံးလို့ပြောလို့ရပါတယ်။သဘာဝပေးတဲ့ Energy တွေကလည်းကိုယ့်အတွက်အကောင်းဆုံးဖြစ်စေပါတယ်။
သန့်ရှင်းရေးလုပ်ပါ
မီးဖိုချောင်သန့်ရှင်းရေးတွေထလုပ်တာမျိုး၊ပန်းကန်တွေထဆေးတာမျိုးလုပ်ကြည့်ပါ။ကိုယ့်အိမ်ရဲ့အလုပ်ရှုပ်တုန်းကမရှင်းဖြစ်တဲ့နေရာတွေကိုရှင်းလင်းသင့်ပါတယ်။ဒါမှမဟုတ်ကိုယ့်ရဲ့ခြံကိုရှင်းလင်းပေးတာမျိုးတို့လုပ်ကြည့်ပါ၊ ဒါတွေကကိုယ့်အတွက်လည်းကောင်းသလိုကိုယ်စိတ်အတွက်လည်းကောင်းပါတယ်။
တရားထိုင်ပါ
တရားထိုင်ခြင်းကကိုယ့်ရဲ့စိတ်အတွက် အကောင်းဆုံးအနားပေးခြင်းဖြစ်ပါတယ်။စိတ်ရဲ့ငြိမ်သက်ခြင်းကလည်း အေးချမ်းတဲ့အရာတစ်ခုနဲ့ထိတွေ့မှပုံမှန်လိုပြန်ဖြစ်သွားတတ်ကြပါတယ်။ ဘယ်သူမှမှရှိတဲ့အခန်းထဲမှာဖြစ်ဖြစ်တစ်နေ့တာအလုပ်တွေပြီးဆုံးသွားတဲ့ညသန်းခေါင်ယံမျိုးမှာပဲဖြစ်ဖြစ် တရားထိုင်ကြည့်ပါ။
Kelly -Akhayar Lifestyle
Photo Credit - Pinterest