Train to Busan နောက်ဆက်တွဲ ရုပ်ရှင်နဲ့ အရင် Train to Busan တို့ရဲ့ ကွာခြားချက်

Train to Busan နောက်ဆက်တွဲ ရုပ်ရှင်နဲ့ အရင် Train to Busan တို့ရဲ့ ကွာခြားချက်

“Train to Busan” လို့ ပြောလိုက်တာနဲ့ ဘယ်လိုဇာတ်ကားလဲဆိုတာ မသိတဲ့သူ ရှိမယ်မထင်ပါဘူးနော်။ “Train to Busan 2” မှာတော့ အရင်ဇာတ်ကားနဲ့ မတူဘဲ တော်တော်လေး ကွဲပြားသွားပါပြီ။

(၁) Busan ပါမှာ မဟုတ်တော့ဘူး


တရားဝင်ထုတ်ပြန်ချက်တွေအရ “Train to Busan” ရဲ့ နောက်ဆက်တွဲအနေနဲ့ ထွက်ရှိလာမယ့် ရုပ်ရှင်ကို “Bando” လို့ အမည်ပေးထားပါတယ်။ ဒါပေမယ့်လို့ ရုပ်ရှင်ချစ်ပရိသတ်အများစုက “Bando” ကို “Train to Busan 2” လို့ပဲ အလွယ်မှတ်ထားကြမယ် ထင်ပါတယ်။ တကယ်တော့ “Bando” ဆိုတာ ဇာတ်လမ်းကို အခြေခံပြီး ပေးထားတာပါ။ ကိုရီးယားဘာသာစကားအနေနဲ့ ဆို ကျွန်းဆွယ်လို့ အဓိပ္ပါယ်ရပါတယ်။

(၂) ဇာတ်လမ်းအသွားအလာ

အရင်ဇာတ်လမ်းထဲမှာ Zombie တွေ ပျံ့နှံ့ခဲ့တာကို အခြေခံပြီး နောက် ၄ နှစ်အကြာမှာတော့ အဲ့လိုဖြစ်ခဲ့ရခြင်းက ကိုးရီးယားကျွန်းဆွယ်တစ်ခုနဲ့ ဆက်စပ်မှုရှိနေတယ်ဆိုတဲ့ ပုံစံနဲ့ ဇာတ်အိမ်တည်ထားလု့ိပါပဲ။ ဒီလိုအချက်တွေကြောင့် ဇာတ်လမ်းအသွားအလာကလည်း အတော်လေးပြောင်းလဲသွားမယ့် အနေအထားလို့ ပြောနိုင်ပါတယ်။

(၃) သရုပ်ဆောင်တွေ

နောက်တစ်ခုကတော့ “Train to Busan” လို့ ပြောလိုက်တာနဲ့ ချက်ချင်းပြေးမြင်မိမှာက မင်းသားချောဖြစ်တဲ့ Gong Yoo ပဲ ဖြစ်မယ်ထင်ပါတယ်။ ဝမ်းနည်းစရာကောင်းတာက Gong Yoo တစ်ယောက်ကို Bando မှာ တွေ့ရတော့မှာ မဟုတ်ပါဘူး။

မင်းသားတစ်ယောက်တည်းလား ဆိုတော့လည်း မဟုတ်ပါဘူး။ “Train to Busan” မှာ ပါဝင်ခဲ့တဲ့ ဇာတ်လိုက်၊ ဇာတ်ပို့ဇာတ်ရန်တွေကအစ အကုန်အပြောင်းအလဲဖြစ်သွားပါတယ်။ Gong နေရာမှာ မင်းသား Kang Dong Won ၊ မင်းသမီးနေရာမှာ Lee Jung Hyun တို့က ပါဝင်သွားမှာဖြစ်ပြီး ကလေးသရုပ်ဆောင်အဖြစ် Lee Rae က ရိုက်ကူးသွားမှာဖြစ်တဲ့အပြင် ဇာတ်ပို့တွေနေရာမှာ တခြားနာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လကတည်းက ရိုက်နေပြီ


၂၀၁၉ ဇွန်လ ၂၈ ရက်လောက်ကတည်းက ရိုက်ကူးနေပြီဖြစ်တဲ့ “Bando” ကို “Train to Busan” ရိုက်တဲ့ ဒါရိုက်တာ Yeon Sang Ho ကပဲ တာဝန်ယူထားတာပါ။ ကျွန်းဆွယ်ရဲ့ တစ်နေရာမှာ Zombie တွေအပြည့် ပိတ်မိနေတဲ့ လူတွေကတော့ ဘယ်သူတွေ ဖြစ်ပြီး သူတို့တွေက ဘာတွေဘယ်လိုစိတ်လှုပ်ရှားမှုတွေပေးမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။

NSC (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle