Huni ကို အသင်းကနေ ထွက်ခွာခွင့် ပေးလိုက်ပြီဖြစ်ကြောင်း ကြေညာသွားခဲ့တဲ့ LoL အသင်း Dignitas

Huni ကို အသင်းကနေ ထွက်ခွာခွင့် ပေးလိုက်ပြီဖြစ်ကြောင်း ကြေညာသွားခဲ့တဲ့ LoL အသင်း Dignitas

LCS ပြိုင်ပွဲဝင် ပရိုဖက်ရှင်နယ် LoL အသင်း Dignitas အနေနဲ့ အသင်းရဲ့ နာမည်ကျော် Top Lane ကစားသမား Heo “Huni” Seung Hoon ကို အသင်းကနေ ထွက်ခွာခွင့်ပေးလိုက်ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။

Dignitas အနေနဲ့ Huni ကို 2020 LoL ပြိုင်ပွဲတွေ မစတင်ခင် ကာလမှာ တန်ကြေးငွေ ၂.၃ သန်းဖြင့် ၂ နှစ်စာချုပ်ချုပ်ဆို ခေါ်ယူခဲ့တာ ဖြစ်ပေမယ့် Huni တစ်ယောက် Dignitas မှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသလို LCS 2020 Spring ပြိုင်ပွဲမှာ Dignitas အနေနဲ့ အုပ်စု အဆင့်နဲ့သာ ကျေနပ်ခဲ့ရတာကြောင့် အခုလို Huni ကို အသင်းကနေ ပြန်လည် ထွက်ခွာခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။

Dignits အနေနဲ့ LCS 2020 Spring ပြိုင်ပွဲ မစတင်ခင် အချိန်မှာ Huni အပါအဝင် နာမည်ကျော် Mid Lane ကစားသမား တစ်ဦးဖြစ်တဲ့ Henrik “Froggen” Hansen ၊ Support ကစားသမား တစ်ဦးဖြစ်တဲ့ Zaqueri “Aphromoo” Black တို့ကို ခေါ်ယူခဲ့ပေမယ့်လည်း ၈ ပွဲနိုင်၊ ၁၀ ပွဲရှုံး ရလဒ်ဖြင့် အဆင့် (၇) နေရာမှာသာ ရပ်တည်နိုင်ခဲ့တာကြောင့် LCS 2020 Summer ပြိုင်ပွဲ မတိုင်ခင်မှာ အခုလို ကစားသမား အပြောင်းအလဲတွေ ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

Huni အနေနဲ့ Dignitas အသင်းနဲ့အတူ LCS 2020 Spring ပြိုင်ပွဲမှာ ရလဒ်ဆိုးတွေနဲ့သာ ရင်ဆိုင်ခဲ့ရသလို LCS 2020 Spring ပြိုင်ပွဲရဲ့ Top Lane ကစားသမားတွေ အထဲမှာ KDA အနည်းဆုံး၊ XPD@10 အနည်းဆုံး၊ CSD@10 အနည်းဆုံး ကစားသမားတွေ အထဲမှာ တစ်ဦး အပါအဝင် အဖြစ်လည်း မှတ်တမ်းဆိုး တစ်ခုကို ပိုင်ဆိုင်ခဲ့ရပါတယ်။

လက်ရှိအချိန်မှာ Dignitas အသင်းနဲ့အတူ ရလဒ်ဆိုးတွေကို ရင်ဝယ်ပိုက်ပြီး အသင်းသစ်ကို ရှာဖွေရတော့မှာ ဖြစ်ပေမယ့်လည်း Huni လို ဒိတ်ဒိတ်ကြဲ ကစားသမား တစ်ဦးကို ခေါ်ယူဆိုချင်တဲ့ ပရိုဖက်ရှင်နယ် LoL အသင်းပေါင်းများစွာ တည်ရှိလျက် ရှိတာကြောင့် Huni တစ်ယောက် မကြာခင် အချိန်အတွင်းမှာ နာမည်ကျော် LoL အသင်း တစ်သင်းရဲ့ စာချုပ်ချုပ်ဆို ခေါ်ယူမှုကို ခံယူသွားရဖွယ် ရှိပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle