ကစားသမား အသစ်သုံးဦးကို ထပ်မံခေါ်ယူသွားဖွယ်ရှိတဲ့ ပရိုဖက်ရှင်နယ် LoL အသင်း Dignitas

ကစားသမား အသစ်သုံးဦးကို ထပ်မံခေါ်ယူသွားဖွယ်ရှိတဲ့ ပရိုဖက်ရှင်နယ် LoL အသင်း Dignitas

ပရိုဖက်ရှင်နယ် LoL လောကကို နောက်တစ်ကြိမ် ပြန်လည် ဝင်ရောက်လာခဲ့တဲ့ Dignitas Esports အဖွဲ့အစည်း အနေနဲ့ 2020 LCS ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ အတွက် လိုအပ်နေတဲ့ ကစားသုံးဦးကို ခေါ်ယူရန် အတွက် ညှိနှိုင်း ဆွေးနွေးမှုတွေ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။

Dignitas LoL အသင်းမှာ ဝင်ရောက် ကစားပေးရန် အတွက် ခေါ်ယူသွားမယ့် ကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Zaqueri “Aphromoo” Black (Support)
  • Henrik “Froggen” Hansen (Mid)
  • Jonathan “Grig” Armao (Jungler)

Aphromoo အနေနဲ့ 2019 Spring Split ပြိုင်ပွဲကြီး ပြီးဆုံးသွားစဉ် အချိန်ကတည်းက 100 Thieves LoL အသင်းကနေ ထွက်ခွာလာခဲ့တာ ဖြစ်တာကြောင့် လက်ရှိအချိန်မှာ အသင်းလက်မဲ့ ကစားသမား တစ်ဦးအဖြစ် ရပ်တည်လျက် ရှိပါတယ်။ ဒါကြောင့် Dignitas အနေနဲ့ Aphromoo ကို ခေါ်ယူရာမှာ အခက်အခဲမရှိ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။

Aphromoo

ဒါပေမယ့် Froggen အနေနဲ့ လက်ရှိအချိန်မှာ Golden Guardians LoL အသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသေးသလို Grig အနေနဲ့လည်း Team SoloMid LoL အသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာကြောင့် အဆိုပါ ကစားသမား နှစ်ဦးကို ခေါ်ယူချင်တယ် ဆိုရင်တော့ Dignitas အနေနဲ့ သက်ဆိုင်ရာ အသင်းတွေနဲ့ ညှိနှိုင်း ဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

Dignitas LoL အသင်း အနေနဲ့ 2019 LoL ရာသီ ပြီးဆုံးပြီး သိပ်မကြာခင် အချိန်အတွင်းမှာ နာမည်ကျော် Top Lane ကစားသမား Heo “Huni” Seung Hoon ကို အမေရိကန်ဒေါ်လာ ၂.၃ သန်းဖြင့် ခေါ်ယူပြီး အသင်းရဲ့ ပထမဆုံး ကစားသမားအဖြစ် ကြေငြာခဲ့ပါတယ်။

Huni

Huni အတွက် အဖိုးနှုန်းထား ကြီးမြင့်စွာ ပေးချေခဲ့တာကြောင့် ထပ်မံ ခေါ်ယူသွားမယ့် ကစားသမားတွေ အတွက် Dignitas အနေနဲ့ ငွေကြေးပမာဏ မြောက်များစွာ ထပ်မံ သုံးချနိုင်စွမ်း မရှိတော့တာကြောင့် Bot Lane ကစားသမားအဖြစ် TSM Academy အသင်းရဲ့ လူငယ်ကစားသမား Jonhnson “Johnsun” Nguyen ကို ခေါ်ယူခဲ့ပါတယ်။

ကစားသမား နှစ်ဦးကို အသင်းအတွက် ခေါ်ယူပြီး နောက်ပိုင်းမှာ ကစားသမား အပြောင်းအရွေ့ တိုက်ပွဲတွေ အကြားမှာ Dignitas LoL အသင်းအနေနဲ့ ငြိမ်သက်လျက် ရှိတာကြောင့် ကျန်ရှိနေသေးတဲ့ ကစားသမား သုံးဦးနေရာ အတွက် အတွေ့အကြုံရှိပြီး အောင်မြင်မှုတွေ လောက်လောက်လားလား ရရှိခြင်း မရှိသေးတဲ့ ကစားသမားတွေကို ခေါ်ယူသွားမလား ဒါမှမဟုတ် Huni လို နာမည်ကျော်ကြား လူကြိုက်များတဲ့ ကစားသမားတွေကိုပဲ ထပ်မံ ခေါ်ယူသွားမလား ဆိုတာနဲ့ ပတ်သတ်ပြီး LoL ပရိသတ်တွေကြားမှာ သဘောထား ကွဲလွဲမှုတွေ ရှိလာခဲ့ပါတယ်။

ကြည့်ရတာ Dignitas LoL အသင်း အနေနဲ့ အတွေ့အကြုံရှိပြီး အောင်မြင်မှုတွေ လောက်လောက်လားလား မရသေးတဲ့ ကစားသမားတွေကို ခေါ်ယူမယ့် လမ်းစဉ်ကို လျှောက်လှမ်းဖို့ အတွက် ဆုံးဖြတ်ချက်ချလိုက်တဲ့ ပုံပါပဲ။

Froggen

Froggen ဆိုတာကတော့ အနောက်တိုင်းသား LoL ကစားသမားတွေထဲမှာ အတွေ့အကြုံရင့် ကစားသမား တစ်ဦး ဖြစ်ပေမယ့် လက်ရှိအချိန်ထိ ကြီးမားတဲ့ အောင်မြင်မှုတွေကို စွတ်ခူးနိုင်ခြင်း မရှိသေးတဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ Support ကစားသမားဖြစ်သူ Aphromoo ဆိုတာကလည်း ပရိုဖက်ရှင်နယ် LoL လောကထဲကို ၂၀၁၁ ခုနှစ်ကတည်းက စတင် ဝင်ရောက်ခဲ့သူ ဖြစ်တာကြောင့် ဆယ်စုနှစ် တစ်ခုစာ အတွေ့အကြုံရင့် ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။

Jungle ကစားသမား တစ်ဦးဖြစ်သူ Grig အတွက်တော့ Dignitas မှာ ကစားခွင့်ရမယ့် အခွင့်အရေးက တကယ်ကို လက်လွှတ်မခံသင့်တဲ့ အခွင့်အရေး တစ်ခုပဲ ဖြစ်ပါတယ်။ TSM, TSM Academy အသင်းတွေမှာ အရံကစားသမား အဖြစ်သာ ကစားသမား သက်တမ်း အများစုကို ကုန်ဆုံးခဲ့ရတာကြောင့် တကယ်လို့ Dignitas အသင်းမှာသာ ကစားခွင့်ရခဲ့မယ်ဆိုရင် အမြဲတမ်း ကစားသမားအဖြစ် ကစားခွင့် ရရှိမှာဖြစ်တဲ့အပြင် နာမည်ကျော် ကစားသမား တစ်ဦးဖြစ်သူ Huni ၊ ဝါရင့်ကစားသမားတွေဖြစ်တဲ့ Froggen, Aphromoo တို့နဲ့ တွဲဖက် ကစားခွင့်ရမှာ ဖြစ်တာကြောင့် တကယ်ကို လက်မလွှတ်သင့်တဲ့ အခွင့်အရေး တစ်ခုပဲ ဖြစ်ပါတယ်။

Grig

တကယ်လို့သာ Team Dignitas LoL အသင်း အနေနဲ့ လက်ရှိအချိန်မှာ သတင်း ထွက်ပေါ်နေတဲ့ ကစားသမား သုံးဦးကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် 2020 LoL ရာသီမှာ အသင်းကြီး တစ်သင်း ထပ်မံ ပေါ်ထွက်လာဖို့ အတွက် ရာခိုင်နှုန်းများသွားခဲ့ပြီ ဖြစ်တာကြောင့် LoL ပရိသတ်တွေ အတွက် 2020 LoL ရာသီက ရင်ခုန်စရာ အပြည့်နဲ့ စောင့်ကြိုနေပြီလို့ ပြောလို့ရမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle