FLASHPOINT Season 1 ပြိုင်ပွဲမှာ Dignitas CSGO အသင်းနဲ့အတူ မြင်တွေ့ရတော့မယ့် Guardian

FLASHPOINT Season 1 ပြိုင်ပွဲမှာ Dignitas CSGO အသင်းနဲ့အတူ မြင်တွေ့ရတော့မယ့် Guardian

နာမည်ကျော် Esports အဖွဲ့အစည်း Dignitas အနေနဲ့ ၂၀၂၀ ခုနှစ်၊ ၁ လပိုင်း၊ ၂၁ ရက်နေ့မှာ ယခင်အချိန်တွေတုန်းက NIP CSGO အသင်းနဲ့အတူ (၈၇) ပွဲဆက် ရှုံးပွဲမရှိ ရလဒ်ကို ဖော်ဆောင််နိုင်ခဲ့တဲ့ Friberg, Xizt, GeT_RiGhT, Forest တို့အပြင် အသက် (၁၉) နှစ် အရွယ်သာ ရှိသေးတဲ့ Hallzerk ပါဝင်တဲ့ Dignitas CSGO အသင်းကို ပြန်လည် ဖွဲ့စည်းခဲ့ပါတယ်။

Dignitas CSGO အသင်း အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပပြီးစီးခဲ့တဲ့ Europe Minor Championship Rio 2020 ပြိုင်ပွဲ လက်ရည်စစ်ပွဲမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့သလို လက်ရည်စစ်ပွဲကိုလည်း အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့တာကြောင့် ၂၀၂၀ ခုနှစ် ၄ လပိုင်း ၂၆ ရက်နေ့ ဘရာဇီးနိုင်ငံမှာ စတင်ကျင်းပသွားမယ့် Europe Minor Championship Rio 2020 ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Europe Minor လက်ရည်စစ်ပွဲ ကာလတစ်လျှောက် အသင်းရဲ့ အသက်အငယ်ဆုံး ကစားသမားဖြစ်တဲ့ Hallzerk အနေနဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တာကြောင့် Dignitas CSGO အသင်း အနေနဲ့ မတ်လ ၁၃ ရက်နေ့မှာ စတင် ယှဉ်ပြိုင်သွားရမယ့် FLASHPOINT Season 1 ပြိုင်ပွဲမှာလည်း အောင်မြင်မှုတွေကို စွတ်ခူးသွားနိုင်ဖို့ ပရိသတ် အများစု အနေနဲ့ မျှော်လင့်ထားကြပါတယ်။

ဒါပေမယ့်လည်း Hallzerk တစ်ယောက် FLASHPOINT Season 1 ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ အတွက် ဗီဇာ လျှောက်ထားရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် Dignitas CSGO အသင်းနဲ့အတူ FLASHPOINT Season 1 ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိတော့မှာ မဟုတ်ပါဘူး။

ယခုအခါမှာတော့ FLASHPOINT Season 1 ပြိုင်ပွဲမှာ Hallzerk ရဲ့ နေရာ အတွက် အစားထိုး ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် ကစားသမားကို Dignitas CSGO အသင်းဘက်က တရားဝင် ကြေငြာပေးခဲ့ပြီ ဖြစ်ပါတယ်။ Hallzerk ရဲ့ နေရာမှာ အစားထိုး ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် ကစားသမားကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား နာမည်ကျော် CSGO ကစားသမား Guardian ပဲ ဖြစ်ပါတယ်။

Guardian အနေနဲ့ Faze Clan နဲ့အတူ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပေမယ့် Na’Vi CSGO အသင်းကို ပြန်လည် ရောက်ရှိပြီး နောက်ပိုင်း စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ခြင်း မရှိခဲ့တာကြောင့် အရံကစားသမား ဘဝကို သက်ဆင်းပေးခဲ့ရပါတယ်။

ဒါကြောင့် Guardian တစ်ယောက် ယခင် အချိန်တွေတုန်းက ပြသနိုင်ခဲ့တဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ပြန်လည် ပိုင်ဆိုင်ပြီး Dignitas CSGO အသင်းနဲ့အတူ FLASHPOINT Season 1 ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို သိမ်းပိုက်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

FLASHPOINT Season 1 ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် Dignitas CSGO အသင်းရဲ့ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • GeT_RiGht
  • f0rest
  • Xizt
  • Friberg
  • Guardian
  • Fifflaren (Coach)

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle