ဒီတစ်ပတ်အတွက် Comfort Zone ရဲ့ စိတ်ဝင်စားဖွယ် အဖြေများစုစည်းမှု

ဒီတစ်ပတ်အတွက် Comfort Zone ရဲ့ စိတ်ဝင်စားဖွယ် အဖြေများစုစည်းမှု

မြန်မာနှစ်သစ်ကူးသင်္ကြန်ကြီး ပြီးဆုံးသွားလို့ တချို့ရုံးတွေလည်း ပြန်ဖွင့်နေပြီဖြစ်တဲ့အတွက် ရုံးသူရုံးသားတွေလည်း အပူဒဏ်ကိုအံ့တုပြီး ရုံးတွေ ပြန်တက်နေကြရပါပြီ။ ဒါပေမယ့်လည်း နှစ်ရက်တက်ပြီးရင် ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေ ပြန်ရောက်တော့မှာမို့ အားတင်းထားကြပါနော်။ နှစ်သစ်ကူးသင်္ကြန်မှာရော ချစ်ရတဲ့ ပရိတ်သတ်ကြီးတွေ ကောင်းကောင်းမှ နားခဲ့ကြရပြီး ပျော်မှ ပျော်ခဲ့ကြရဲလား။ သင်္ကြန်ပိတ်ရက်မှာလည်း ယူတို့ရဲ့ သူငယ်ချျင်းလေးဖြစ်တဲ့ Comfort Zone လေးကတော့ မနားဘဲ ဘာတွေပဲ မေးမေး ၊ ဘာတွေပဲ လာတိုင်ပင် တိုင်ပင် ကူညီအဖြေရှာပေးဖို့ အသင့်စောင့်နေလို့ လာရောက်ဆွေးနွေးတိုင်ပင်ထားတဲ့ သူတွေလည်း အများကြီး ရှိပါတယ်။ အဲဒီထဲကမှ ပရိသတ်ကြီးတွေလည်း သိချင်လောက်မယ့်၊စိတ်ဝင်စားလောက်မယ့် အကြောင်းအရာလေးတွေ ပြန်လည်ပြောပြပေးချင်ပါတယ်။ ဒီတစ်ပတ်မှာ သင်္ကြန်ဖြစ်တဲ့အတွက် သင်္ကြန်နဲ့ ပတ်သက်တဲ့ အကြောင်းလေးတွေ၊ အင်တာဗျူးဖြေတာနဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို လာရောက် ဆွေးနွေးတိုင်ပင်ထားကြပါတယ်။

Q1: အကောင့်ပိုင်ရှင်တစ်ဦးက “သင်္ကြန်အတွင်း ညဆိုင်းဝင်ရတဲ့ အခါမျိုးမှာ နေ့ခင်းဘက် အစားထိုးပြန်အိပ်ရတယ် ဒါပေမယ့် သင်္ကြန်သီချင်းဆူညံသံတွေနဲ့ဆို ဘယ်လိုပဲ ကြိုးစားအိပ်ပါစေ အိပ်မရတဲ့ ပြဿနာကို ဘယ်လို ဖြေရှင်းရင်ကောင်းမလဲ” ဆိုပြီး လာမေးထားပါတယ်။

A1: သြက်န်အတွင်းမှာ ညဆိုင်းဆင်းရတဲ့ လူတွေအတွက်ကတော့ နေ့လယ်နေ့ခင်းအိပ်ချျျိန်ဟာ ရွှေလိုပဲ အဖိုးတန်လို့ ဒီလိုအချိန်မှာ ဆူညံသံတွေကြားရရင် အခုလာမေးထားတဲ့ အကောင့်ပိုင်ရှင်လိုပဲ စိတ်ညစ်ကြမှာပဲနော်။ ဒီအချိန်မှာ နားကျျပ်တပ် သီချင်းနားထောင်ပြီး အိပ်တတ်တဲ့သူတွေအတွက်ကတော့ ကံကောင်းတာပဲနော်။ သီချင်းသံတွေဟာ ဆူညံလို့ အိပ်မပျော်ရင် ကိုယ်ဖုန်းမှာ ငြိမ့်ညောင်းတဲ့ တီးလုံးလေးတွေ Down ပြီး ထည့်ထားကာ နားထောင်ပြီး အိပ်ရင် စိတ်တည်ငြိမ်လာပြီး အိပ်ပျော်စေမှာပါနော်။ ဒါမှမဟုတ်ရင်လည်း နံပါတ်လေးတွေရေပြီး စိတ်ကိုတည်ငြိမ်အောင်လုပ်ပြီး အိပ်ကြည့်လို့ရပါတယ်နော်။ သာမန်အချိန်တွေမှာလည်း အိပ်မပျော်တဲ့ရောဂါ ခံစားနေရတဲ့သူတွေအနေနဲ့ ဒီနည်းလမ်းလေးကို စမ်းပြီး လုပ်ကြည့်လို့ရလို့ စမ်းလုပ်ကြည့်ကြပါနော်။

Q2: နှစ်သစ်မှာ ထီပေါက်ချင်လို့ ထီပေါက်အောင် ဘယ်လို ထိုးရမလဲဆိုပြီး အကောင့်အမည် မဖော်လိုတဲ့သူတစ်ယောက်ကလည်း လာမေးထားပါတယ်။

A2:ကံကောင်းနံပါတ်ကို ရွေးချယ်ထိုးတာမျိုး၊ ဖြစ်တန်စွမ်းများတဲ့ နံပါတ်ကိုသာ ရွေးချယ်ထိုးတာမျိုး( ဖြစ်တန်စွမ်းများတဲ့ နံပါတ်ဆိုတာက အရင်အကြိမ်ဟောင်းတွေကနေ ထီဆုကြီးတွေမှာ ပါတတ်တဲ့နံပါတ်တွေက ဖြစ်တန်စွမ်းပိုများပါတယ်။ အဲဒီဖြစ်တန်စွမ်းပိုများတဲ့နံပါတ်တွေကို ရွေးထိုးတာမျိုးကို ဆိုလိုတာပါ)၊အဖွဲ့နဲ့ ကံစမ်းထိုးတာမျိုး၊ ကာလံ ဒေသံကြည့်ထိုးတာမျိုး( ကာလံဒေသံ ကြည့်ထိုးတယ်ဆိုတာက နယ်လိုနေရာမျိုုးမှာ ထိုးတာမျိုးပါ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာဆိုရင် ဆုအကြီးတွေ ကံထူးသွားပြီဆိုရင် နယ်ဘက်က ကံထူးတတ်လို့ပါ) လုပ်ကြည့်ပါ။ ကံထူးသွားရင်တော့ သူငယ်ချင်းလေး Comfort Zone ကိုလည်း မမေ့သွားနဲ့ဦးနော်။

Q3: အကောင့်ပိုင်ရှင် နောက်တစ်ဦးကတော့ “သင်္ကြန်မှာ အပျော်လွန်ပြီး ဖုန်းရေစိုသွားလို့ အိမ်မှာ အလွယ်တကူ ပြုပြင်ကြည့်လို့ရတဲ့ နည်းလမ်းရှိရင် ပြောပြပေးပါဆိုပြီး” မေးထားပါတယ်။

A3: ဖုန်းရေစိုတဲ့ ပြဿနာက သင်္ကြန်မှာမှ မဟုတ်ပါဘူး။ အချိန်တိုင်းလိုလို ကြုံတွေ့တတ်ကြပါတယ်။ ဖုန်းရေစိုပြီးဆိုရင်တော့ အလွယ်ကူဆုံးနည်းလမ်းကတော့ ဖုန်းနဲ့ ဆက်စပ်အစိတ်အပိုင်းတွေကို ဖြုတ်ပြီး ဆန်ပုံးထဲ နှစ်ရက်လောက် ထည့်ထားပေးတာကတော့ အလွယ်ကူဆုံးနဲ့ အကောင်းဆုံး နည်းလမ်းပါ။ အဲဒီလိုမှ အဆင်မပြေရင်တော့ နီးစပ်ရာဖုန်းဆိုင်ကို ပို့ပြီး ပြကြည့်တာကတော့ ပိုစိတ်ချရပါတယ်။

Q4: နောက်အကောင့်ပိုင်ရှင်တစ်ယောက်ကတော့ “Passport လျှောက်ထားပြီး သွားမယူဖြစ်တာ တစ်နှစ်ကျော်ပါပြီ။ Passport ယူရမယ့် စာရွက်စာတမ်းတွေ အကုန်ရှိပါတယ် အဲ့ဒါ ဘယ်လို ဆက်လုပ်ရမလဲ” ဆိုပြီး မေးထားတာပါ။

A4: Passport က ရတာနဲ့ သွားထုတ်တာမျိုး (သို့) သုံးလအတွင်း ထုတ်ပေးတာမျိုး လုပ်ရတာမို့ တစ်နှစ်ကျော်သွားပြီဆိုရင်တော့ အစကနေ ပြန်လျှောက်တာ ပိုကောင်းပါတယ်။

Q5: သင်္ကြန်အပြီးမှ အင်တာဗျူးဖြေဖို့ရှိလို့ အင်တာဗျူးဖြေရမယ့်နေရာကို ဘယ်အချိန်လောက် ရောက်အောင်သွားတာ အကောင်းဆုံးလဲဆိုပြီး အလုပ်ရှာနေသူတစ်ဦးကလည်း မေးထားပါသေးတယ်။

A5: အင်တာဗျူးဖြေဖို့ သွားမယ်ဆိုရင်တော့ ချိန်းထားတဲ့အချိန်မတိုင်ခင် ၁၅ မိနစ်လောက်စောရောက်အောင် သွားတာက အကောင်းဆုံးပါပဲနော်။

ဒီအပတ်အတွက်တော့ ဒီမေးခွန်းလေးတွေနဲ့ အဖြေလေးတွေ စုစည်းဖော်ပြပေးထားတယ်ဆိုတော့ နောက်အပတ်မှာရော ဘယ်လိုမေးခွန်းလေးတွေ လာမေးပြီး ဆွေးနွေးတိုင်ပင်ကြမလဲ လာမေးထားတဲ့အထဲကနေ ကိုယ်သိချင်တဲ့ ဘယ်လိုအကြောင်းအရာလေးတွေပါမလဲဆိုတာကို စောင့်ဖတ်ကြည့်လို့ ရပါတယ်နော်။ စောင့်ဖတ်တာမျိုးချည်းပဲ မလုပ်ဘဲနဲ့ ကိုယ်သိချင်တဲ့ ဘယ်အကြောင်းအရာတွေပဲ ဖြစ်ဖြစ်၊ ဆွေးနွေးတိုင်ပင်ချင်တာရှိရင် Consultant လို သူငယ်ချင်းလို ရှိပေးနေတဲ့ Comfort Zone လေးဆီကို ကိုယ်တိုင်လာမေးလို့ ရလို့ လက်မတွန့်ဘဲ ရင်ဖွင့်ပြီး မေးကာ အဖြေရှာလိုက်ကြပါတော့နော်။

H.H(Akhayar)