မျက်တောင်မွှေးတွေကိုသဘာဝအတိုင်းရှည်ပြီးထူအောင်ဘယ်လိုလုပ်လို့ရလဲ

မျက်တောင်မွှေးတွေကိုသဘာဝအတိုင်းရှည်ပြီးထူအောင်ဘယ်လိုလုပ်လို့ရလဲ

မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့မျက်လုံးလေးတွေက ဆွဲဆောင်မှုရှိဖို့ကလည်းလိုပါတယ်၊အခုနောက်ပိုင်းမှာတော့ မိန်းကလေးတွေကခေတ်လည်းမှီလာတယ်၊ အလှတွေကို ကိုယ့်စိတ်ကြိုက်ပြင်လို့ရတဲ့ ဆိုင်တွေစသည်ဖြင့်အများကြီးပေါ်လာပါတယ်။ အဲ့ထဲမှာခေတ်အစားဆုံးက မျက်တောင်ဆက်တာတို့ ၊မျက်တောင်ကော့တာတို့ကိုယ့်ရဲ့မျက်တောင်လေးတွေကိုအမျိုးမျိုး လှအောင်လုပ်ကြပါတယ်။အဲ့လိုမျိုးကော့တာတွေဆက်တာတွေခဏခဏလုပ်ရင်တော့ ကိုယ့်မျက်လုံးတွေကို ကြာလာရင်ထိခိုက်လာနိုင်ပါတယ်။အဲ့တော့ သဘာဝနည်းနဲ့လုပ်လို့ရတဲ့လျှို့ဝှက်ချက်တွေကိုပြောပြပေးမယ်နော်။


Vaseline
Vaseline တစ်ဘူးကတော့ ပျိုပျိုမေမေတိုင်းမှာရှိမယ်ထင်ပါတယ်။Vaseline ကကိုယ့်ရဲ့အသားအရေအတွက်ပါကောင်းရုံသာမက မျက်တောင်မွှေးလေးတွေကို ပုံမှန်လိမ်းပေးနေရင်ထူထူလေးနဲ့ရှည်ရှည်လေးတွေဖြစ်လာမှာပါနော်။


ဗီတာမင်- E
ဗီတာမင်-E ကမျက်တောင်မွှေးကျွတ်တာတွေကိုသက်သာစေပါတယ်။ဗီတာမင်-Eအဆီကို ညအိပ်ရာမဝင်ခက်ပုံမှန်လိမ်းပေးပါ။မနက်ခင်းမှာလိမ်းလိုက်ရင် ကိုယ့်ရဲ့မျက်လုံးကအဆီတွေနဲ့မို့လို့ နေရတာခက်နေမှာပါ။


သံလွင်ဆီ
သံလွင်ဆီကလည်းဆံပင်အတွက်သာမက မျက်တောင်လေးကိုလိမ်းပေးလို့ရပါတယ်။ကိုယ်ကသံလွင်ဆီကြီးပဲမလိမ်ချင်ဘူးဆိုရင် Vaseline လေးနဲ့ရောပြီးလာည်းလိမ်းပေးလို့ရပါတယ်။ပိုအာနိသင်ပိုရှိတယ်လို့လည်းခံစားရပါလိမ့်မယ်။

Kelly -Akhayar Lifestyle

Photo Credit - Pinterest