နေလောင်ဒဏ်ကိုသက်သာအောင်ပြုလုပ်ပေးနိုင်တဲ့ DIY Body Mask တွေက
ရာသီဥတုကလည်းတစ်နေ့ထက်တစ်နေ့ပိုပိုပူလာတယ်၊အပြင်ကလည်းနေ့တိုင်းထိနေရတော့ နေရောင်ခြည်နဲ့ကလည်း နေ့တိုင်းထိတွေ့နေရပြီးမျက်နှာမှာတင်မဟုတ်ပဲ အသားအရေတွေပါပျက်စီးလားတယ်။ အကုန်ကျသက်သာပြီးတော့ ကိုယ့်ရဲ့အသားအရေအတွက်နေလောင်ဒဏ်ကိုလည်းကာကွယ်ပေးတဲ့ DIY mask လေးတွေကိုမျှဝေပေးချင်ပါတယ်။
Oatmeal နဲ့ပန်းသီရှာလကာရည်
ပန်းသီးရှာလကာရှည်ကလည်းဈေးဆိုင်တွေမှာလည်းအလွယ်တကူဝယ်လို့ရသလို Oatmeal ကလည်းရှာရမခက်ပါဘူးနော်။ ရှာလကာရည် ၁ ခွက်ဆိုရင်Oatmeal အမှုန့်တစ်ခွက်က ဆတူရောပြီးနှပ်ထားပေးပါ။ ရေချိုးခါနီးနေလောင်ဒဏ်ထိထားတဲ့နေရာတွေကို ၃ မိနစ်လောက်ဖြစ်ဖြစ်ပွတ်တိုက်ပေးရပါတယ်။ဒီနည်းလမ်းလေးအသားအရေ အရေးကြောင်းတွေကိုလည်းသက်သာစေတဲ့အတွက်အရမ်းကိုအသုံးဝင်ပါတယ်။
ဒိန်ချဉ်
ဒိန်ချဉ်ရဲ့အသုံးဝင်ပုံကတော့ အံမခန်းပါနော်။ခန္ဓာကိုယ်မှာရှိတဲ့ အဆီတွေကိုဖယ်ရှာပေးနိုင်တဲ့အပြင် Scrap အနေနဲ့ပါအသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ဒိန်ချဉ်စစ်စစ်ဖြစ်ဖို့တော့လိုအပ်ပါတယ် ရေခဲသေတ္တာထဲမှာအခဲခံထားတဲ့ဒိန်ချဉ်ကို မိနစ်၂၀လောက်ထိ နေလောင်တဲ့နေရာတွေမှာ ခဏထားပေးပြီးရေနွေးလေးနဲ့ချိုးချသင့်ပါတယ်။
Photo Credit -Demar.com
ပူစီနံနဲ့သခွားသီး
ပူစီနံရဲ့အနံ့အေးအေးလေးနဲ့ သခွားသီးရဲ့အသားအရေအတွက်ကောင်းမွန်ပုံတွေကလည်းအရမ်းကိုအသုံးဝင်ပါတယ်။ ပူစီနံနဲ့သခွားသီးကိုအချိုးကျကျ ကြိတ်ပြီး နေလောင်တဲ့နေရာတွေကိုအဓိကထားပြီးပေါင်းတင်ကြည့်ပါ။အရမ်းကို မြန်ဆန်စွာသက်သာစေပြီး အသားအရေကိုလည်းကြည်ကြည်လင်လင်လေးပါဖြစ်စေပါတယ်နော်။
Photo Credit - health benefits