ဒီလိုအချိန်မျိုးမှာဘာလို့အပြင်စာတွေဘာလို့မစားသင့်တာလဲ

ဒီလိုအချိန်မျိုးမှာဘာလို့အပြင်စာတွေဘာလို့မစားသင့်တာလဲ

ရာသီဥတုကလည်းနေပူလိုက် မိုးရွာလိုက်နဲ့နေရတာအဆင်မပြေလို့ အဲ့လိုမျိုးရာသီဥတုမျိုးဆို ဗက်တီးရီးယားပိုးမွှားတွေကလည်းအရမ်းများတဲ့အချိန်ပါ။ရောဂါပိုးများက များကရေထဲမှာပေါများတဲ့အတွက်မြေသြဇာအသုံးပြုထားတဲ့ ဟင်းသီးဟင်းရွက်တွေက ရေစင်အောင်မဆေးဘူး၊အသားတွေကိုလည်းသေချာကျက်အောင်မချက်ဘူး၊ ပတ်ဝန်းကျင်သန့်ရှင်းမှုအားနည်းတဲ့နေရာတွေ၊အပြင်စာတွေဆိုတာ ကိုယ့်အိမ်ကချက်တဲ့အစားအသောက်တွေလောက်ဘယ်လိုမှသန့်ရှင်းမှုမပေးနိုင်ပါဘူး။

အပြင်စာတွေက တစ်ခါတစ်လေစားရင်တော့အရမ်းကြီးပြသာနာမရှီပေမဲ့ နေ့စဉ်နေ့တိုင်းစားနေရင်တော့  ဆီတွေ ကယ်လိုရီတွေအရမ်းများတာကြောင့် အဝလွန်ရောဂါ၊ ဆီးချို၊သွေးတိုးရောဂါ၊ အရိုးပွခြင်း၊ မသန့်တဲ့အစားအသောက်တွေစားမိခြင်းကြောင့် ဝမ်းပျက်၊ဝမ်းလျောတွေဖြစ်မယ်။ မိုးရာသီဖြစ်တဲ့အတွက် ဝမ်းပျက်၊ဝမ်းလျောကတော့အဖြစ်များဆုံးလို့ပြောလို့ရပါတယ်။ဒါကြောင့်အခုလိုရာသီဥတုမျိုးမှာ အတက်နိုင်ဆုံးအပြင်စာကိုလျော့စားပြီး အိမ်မှာပဲ ပူပူနွေးနွေးလေးချက်စားသင့်ပါတယ်နော်။

Photo Credit -Spar

Kelly - Akhayar Lifestyle