ဖန်တီးရာသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော Open Innovation Platform ဖြစ်သည့် ဒို့ဖန်တီးအား စတင်မိတ်ဆက်

ဖန်တီးရာသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော Open Innovation Platform ဖြစ်သည့် ဒို့ဖန်တီးအား စတင်မိတ်ဆက်

ဖန်းတီးရာမှ Open Innovation Platform တစ်ခုဖြစ်သည့်ဒို့ဖန်တီးကို နည်းပညာအသိုင်းအဝိုင်းမှ နည်းပညာစွမ်းရည်များကို ဖော်ထုတ်ရန်၊ ထို့နောက် လူထုအခြေပြုလူ့အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများမှ တင်ပြသော မြန်မာပြည်သူများ၏ အခက်အခဲပြဿနာ စိန်ခေါ်ချက်များအတွက် နည်းပညာဆိုင်ရာအဖြေများကို ရှာဖွေရန် စတင်လိုက်ပါသည်။ ဤ Platform သည် အခက်အခဲပြဿနာ ဖြေရှင်းသူများနှင့် စိန်ခေါ်မှုဖော်ပြချက်များကြား ဂေဟစနစ်ကို အစဥ်အမြဲတည်ရှိစေပါလိမ့်မယ်။

Covid-19 ၏ မကြုံစဖူး ပြန့်ပွားခြင်းသည် ကမ္ဘာ့စီးပွားရေး၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေပြီး ကျွန်ုပ်တို့၏ ဘဝနေထိုင်မှု၊ ဆက်သွယ်‌ရေးနှင့် လူမှုရေးစံနှုန်းများကို ပျက်ပြားစေခဲ့ပါသည်။ ဤအကျပ်အတည်းသည် စီးပွားရေးလုပ်ငန်းများ၊ နေ့စဥ်သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးများ၏ ထိ‌ရောက်မှုကို လျော့နည်းစေရုံသာမက  သတင်းအချက်အလက် အမှားများလာခြင်း၊ စီးပွား‌ရေးကျဆင်းမှုအလားအလာနှင့် ကုန်စည်ဝန်ဆောင်မှုများ ရွေ့လျားစီးဆင်းမှုနှောင့်နှေးခြင်းများ ဖြစ်ပေါ်လာစေသည်။ ဤကဲ့သို့သော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် ဖြစ်နိုင်ချေရှိသော ဖြေရှင်းနည်းများကို ချက်ချင်းလုပ်ဆောင်ရန် အလွန်ပင်အရေးကြီးပါသည်။ Covid-19 ပြီးဆုံးသွားသည့်အချိန်တွင်လည်း လူအများ၏ နည်းပညာအသစ်ဆိုင်ရာ ဖြေရှင်းချက်များ လိုအပ်သော စိန်ခေါ်ချက်ထုတ်ပြန်မှုများကို သိရှိနိုင်ရန်အတွက် Platform ကို တည်ဆောက်ထားပါတယ်။

ဒို့ဖန်တီးသည် ဆန်းသစ်သောနည်းပညာဆိုင်ရာ ဖြေရှင်းချက်များပေးနိုင်သူများနှင့် ဆန်းသစ်သောနည်းပညာများ၊ စီမံကိန်းညှိနှိုင်းမှုများ၊ အချက်အလက်အထူးကျွမ်းကျင်သူများနှင့် ဗဟုသုတများရှိသည့် စိတ်အားထက်သန်သော နည်းပညာစွမ်းရည်များရှိသည့် ပါရမီရှင်များကို စိန်ခေါ်မှုများခေါ်ဆောင်လာစေတဲ့ မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော Open Innovation Platform ဖြစ်ပါသည်။ NGO များ၊ INGO များ၊ Corporate မိတ်ဖက်များကဲ့သို့သော သက်ဆိုင်သူအမျိုးမျိုးမှ စိန်ခေါ်မှုများကို ယူဆောင်လာမည်ဖြစ်ပါသည်။ ပါရမီရှင်များ၊ ကျွန်ုပ်တို့၏အခေါ်အဝေါ်အရ ဇီးကွက်များသည် နောက်ခံအမျိုးမျိုးနှင့် နယ်ပယ်အသီးသီးမှဖြစ်ပြီး ဒို့ဖန်တီးနှင့် ပူးပေါင်းပြီး အဖွဲ့လိုက်အနေနဲ့သော်၎င်း တစ်ဦးချင်းစီသော်၎င်း စိန်ခေါ်မှုများအတွက်‌ ဖြေရှင်းချက်များကို အကောင်အထည်ဖော်ရမည်ဖြစ်ပါသည်။ Platform သို့ အဖွဲ့ဝင်ပြီးသည်နှင့် ဇီးကွက်များမှ Platform ပေါ်တွင် ဖော်ပြထားသော မည်သည့်စိန်ခေါ်မှုများကိုမဆို ဖြေရှင်းချက်ရှာဖွေရန်နှင့် ရှေ့ပြေးပုံစံတင်ပြရန် လျှောက်ထားနိုင်ပါသည်။ ဖန်တီးရာနှင့် စိန်ခေါ်မှုပိုင်ရှင်တို့သည် ဇီးကွက်များ တွေးခေါ်အကြံထုတ်ခြင်းနှင့် လက်တွေ့ဖန်တီးခြင်းများအတွက် စိန်ခေါ်မှုများပေါ်မူတည်၍ အချိန် ရက် ၂ ပတ်မှ ၄ ပတ်အထိ ပေးထားပါတယ်။

မတူညီသော ဇီးကွက်အဖွဲ့အသီးသီးမှ ဖြေရှင်းချက်နည်းလမ်းအမျိုးမျိုးကို လက်ခံရရှိပြီးနောက် စိန်ခေါ်မှုပိုင်ရှင်သည် အနိုင်ရဆုရှင်ကိုရွေးချယ်ပြီး စီမံကိန်းကို လက်တွေ့အကောင်အထည်ဖော်ရန် ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါသည်။ အချို့စိန်ခေါ်မှုများကို အနိုင်ရသောဖြေရှင်းချက်များအတွက် ငွေသားဆုချီးမြှင့်သွားမည်ဖြစ်ပြီး စိန်ခေါ်မှုပိုင်ရှင်သည် IP နှင့် စီမံကိန်းကို ပိုင်ဆိုင်ပြီး ၎င်းကိုပိုင်ရှင်ကနောက်မှ အကောင်အထည်ဖော်သွားမည်ဖြစ်ပါတယ်။

စိန်ခေါ်မှုများရဲ့ ၁၀၀% ကို ဒီဂျစ်တယ်နည်းနဲ့ အကောင်အထည်ဖော်ပြီး အွန်လိုင်းမှာပင် ဆက်သွယ်မှုများ ပြုလုပ်ပါလိမ့်မည်။ Covid-19 တုန့်ပြန်မှုများအတွက် ပူးတွဲဖန်တီးဖြေရှင်းမှုများ ပြုလုပ်ရန် စိတ်အားထက်သန်သော နည်းပညာစွမ်းရည်ရှင်များကို Open Innovation Platform တွင် ပါဝင်ယှဥ်ပြိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။ စိန်ခေါ်မှုများ၏ရည်ရွယ်ချက်မှာ Covid-19 အတွက် ဖြေရှင်းနည်းများကို အကောင်အထည်ဖော်ရန် အသင့်ဖြစ်နေစေရန်ဖြစ်သည်။ အခက်အခဲပြဿနာဖြေရှင်းသူများ (ဇီးကွက်များ) အဖြစ် မှတ်ပုံတင်ခြင်းကို ၈ ရက် မေလ ၂၀၂၀ မှစတင်၍ လက်ခံသွားမည်ဖြစ်ပါသည်။ မှတ်ပုံတင်ပြီးသော ဇီးကွက်များမှာ ၁၄ ရက် မေလ ၂၀၂၀ တွင် စတင်၍ သူတို့ဖြေရှင်းလိုသော စိန်ခေါ်မှုဖော်ပြချက်များကို ရွေးချယ်နိုင်မည်ဖြစ်ပါသည်။ ဒို့ဖန်တီးနှင့် ပြိုင်ပွဲများအကြောင်းအသေးစိတ်လေ့လာချင်သူများအနေဖြင့် ဤလင့် http://bit.ly/dohphandee တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

Kelly (Akhayar Lifrstyle )

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle