Hero ပြောင်းလဲမှုများစွာနဲ့ Rubick Mid တစ်ခေတ်ပြန်လည်ဖြစ်လာနိုင်ချေရှိတဲ့ 7.27b Update

Hero ပြောင်းလဲမှုများစွာနဲ့ Rubick Mid တစ်ခေတ်ပြန်လည်ဖြစ်လာနိုင်ချေရှိတဲ့ 7.27b Update

 Dota 2 Patch Update အသစ်တစ်ခုဖြစ်တဲ့ 7.27b Update ကို Valve ကနေ ထုတ်လုပ်ပေးလိုက်ပြီပဲဖြစ်ပါတယ်။ အခု Patch မှာတော့ Items အပြောင်းအလဲထက် Hero တွေကို Balance နဲ့ Buff ပြန်လုပ်ပေးထားတာတွေ၊ အရင်ပုံစံအတိုင်းပြန်ပြောင်းလဲပေးထားတာတွေ ပါဝင်ပါတယ်။

 Update တစ်ခုလုံးကို ကျွန်တော်တို့မပြောတော့ဘူးဆိုပေမယ့် အဓိကပြောင်းလဲသွားတာတွေ အနည်းအကျဥ်းကိုတော့ ဆောင်းပါးထဲမှာ တင်ပြပေးသွားပါမယ်။ အပြည့်အစုံဖတ်ရှုလိုတယ်ဆိုရင်တော့ Dota 2 ရဲ့ Official Patch Update ကိုဖတ်ရှုနိုင်ပါတယ်။

 ပထမဆုံးအနေနဲ့ item အပြောင်းအလဲကို တစ်ချက်ပြောပြပါမယ်။ Items တွေထဲမှာ Echo Sabre ကို Disassemble လုပ်လို့ရလာပါတယ်။ ဒါဟာ late-game မှာ Echo Sabre ကနေ Silver Edge အတင်းပြေးဆက်မယ့်အစား Disassemble လုပ်ပြီး BKB ပြောင်းပစ်တာတို့တွေ လုပ်လို့ရလာပါတယ်။

 ဒါ့အပြင် Hand of Midas ကိုလည်း recipe cost ကို 1850 ကနေ 1750 ကိုပြန်လျှော့ချပေးထားပါတယ်။ 7.27 Patch မှာ Hand of Midas ရဲ့ XP gain ကို 185% ကနေ 210% အထိတိုးပေးထားပြီးတော့ recipe cost ကိုလည်း အခုလိုလျှော့ပေးထားတဲ့အတွက် အရင်လို ရေပန်းပြန်စားလာမလားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

 Hero ပိုင်းကိုပြောရမယ်ဆိုရင် Bloodseeker ရဲ့ Bloodrage ability ကို Rework ပြန်လုပ်ထားပါတယ်။ Bloodrage သုံးတဲ့အခါ Bloodseeker ရဲ့ Attack Speed ကို 50/80/110/140 ရရှိမှာဖြစ်ပြီး Spell Amplification ကိုတော့ 6/12/18/24% ရရှိမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ရဲ့သွေးကတော့ 2.4/2.6/2.8/3% Max Health per Second နဲ့လျော့နေမှာဖြစ်ပါတယ်။ Ally hero ကိုတင်ပေးမယ်ဆိုရင်တော့ Buff ရဲ့ တစ်ဝက်ပဲခံစားရရှိမယ်လို့ သိရပါတယ်။ Bloodrage တင်ပေးတဲ့အခါ movement ကိုအနှောင့်အယှက်ဖြစ်တော့မှာလည်း မဟုတ်ပါဘူး။

 Bloodseeker ရဲ့ Thirst ကတော့ Attack Speed ရရှိမှာမဟုတ်တော့ပါဘူး။ ဒါ့အပြင် ဟိုးအရင်ကအတိုင်းပဲ Creep ကိုသတ်ရင် 6/9/12/15% Max Health နဲ့ Hero ကိုသတ်ရင် 12/18/24/30% သွေးပြန်လည်ရရှိမှာဖြစ်ပါတယ်။ Bloodrage တင်ပြီးမှသွေးတက်တာမျိုးမဟုတ်တော့ အလုပ်ရှုပ်လည်းသက်သာသွားတာပေ့ါ။ ဒီထက်ပိုပြီးထူးခြားတာက Last hit မဟုတ်ရင်တောင်မှ 300 radius မှာ Creep ဖြစ်ဖြစ်၊ Hero ဖြစ်ဖြစ်သေတဲ့အခါ Healing တစ်ဝက်ရရှိမှာဖြစ်ပါတယ်။

 Centaur Warrunner ရဲ့  Retaliate ability ကတော့ ဟိုးအရင်အတိုင်းပဲ Passive ability အဖြစ်ပြောင်းလဲထားပြီး၊ Attack damage ရရှိလာမှာလည်းမဟုတ်တော့ပါဘူး။ Strength Percentage 20/25/30/35% ကို Damage အဖြစ် Return ပြန်မှာဖြစ်ပြီးတော့ Base Damage ကိုတော့ 16/36/56/76 ကနေ 15/30/45/60 အထိလျှော့ချပေးထားပါတယ်။ Retaliate ဟာ Tower ပစ်တာကိုတော့ Full damage return ပြန်မှာမဟုတ်တော့ဘဲ တစ်ဝက်သာ ပြန်ပေးတော့မှာဖြစ်ပါတယ်။

 Clinkz ကိုတော့ အရင်ကအတိုင်း Strafe က Attack speed buff၊ Skeleton Walk က ကိုယ်ပျောက် ability၊ Burning Army က Scepter ability ဖြစ်သွားပြီးတော့ Death Pact ဟာ အရင်ကအတိုင်း Ultimate ပြန်ဖြစ်သွားခဲ့ပါပြီ။

 Juggernaut ရဲ့ Ultimate ability ဖြစ်တဲ့ Omnislash မှာတော့ +40 attack speed buff ထည့်ပေးထားပါတယ်။ Medusa ရဲ့ Splitshot ability ကိုတော့ အရင်အတိုင်း Toggle ပြန်လုပ်လို့ရမှာဖြစ်ပြီး Primary arrow မှာလည်း Damage reduction ပါဝင်မှာဖြစ်ပါတယ်။

 Razor ရဲ့ Static Link မှာတော့ အသုံးပြုနေတဲ့အခါ Link ချိတ်ထားတဲ့ Target ကိုပဲ Attack ပြုလုပ်နေမှာမဟုတ်တော့ဘဲ၊ တခြား Target တွေကိုလည်း Attack ပြုလုပ်လို့ရမှာပါ။ ဘယ်သူ့ကိုမှ Right-click ပေးမထားဘူးဆိုရင်တော့ Link ချိတ်ထားတဲ့ Target ကိုပဲ သွားနေရင်းနဲ့ Attack ပြုလုပ်နေမှာဖြစ်ပါတယ်။

 Rubick ရဲ့ Fade Bolt ကို Damage reduction ပိုင်းမှာ အရင်ကလိုမျိုး Fixed damage မဟုတ်တော့ဘဲ Hero နဲ့ Creeps တွေရဲ့ 10/18/26/34% base damage ကို လျှော့ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် Fade bolt damage ကိုလည်း 80/160/240/320  ကနေ 100/175/250/325 အထိ တိုးမြှင့်ပေးထားပါတယ်။ ဒါ့အပြင် Level 10 မှာ +50 damage talent ကနေ +50 base damage အဖြစ်ပြောင်းလဲပေးထားသလို၊ Level 15 talent မှာ -80 Fade Bolt Hero Attack ကနေ Fade Bolt Steals Hero Damage ဆိုပြီး ပြောင်းလဲထားတဲ့အတွက် Fade Bolt ကနေ Damage ခိုးပြီး ပြန်ရိုက်တဲ့ Rubick meta တွေလည်း ပေါ်လာဖို့များပါတယ်။ ဒါကြောင့် Position 4 Rubick တွေအစား Mid Rubick တွေ ပြန်ခေတ်စားလာနိုင်ပါတယ်။

 Sand King ရဲ့ Passive ability ဖြစ်တဲ့ Caustic Finale ကိုတော့ Rework ပြုလုပ်ပေးထားပါတယ်။ အဲ့ဒါကတော့ Caustic Finale ဟာ Physical attack တိုင်းမှာ Orb of Venom လို Slow effect (10/15/20/25%) ပါဝင်လာမှာဖြစ်ပြီး ၅ စက္ကန့်ထိ Buff duration ရှိပါတယ်။ တကယ်လို့ Target ဟာ Caustic Finale effect မှာ သေသွားခဲ့ရင် 70/90/110/130 + 10/14/18/22% Target ရဲ့ Max Health ကို 500 AoE မှာ Damage အနေနဲ့ထိပါလိမ့်မယ်။ အရင်ကလိုမျိုး ၅ စက္ကန့်ကျော်ကြာရင် ထပေါက်တာမျိုးတော့ မရှိတော့ပါဘူး။

 Spectre ရဲ့ Desolate ဟာ Vision တွေလျှော့ပေးတာမျိုးတွေမရှိတော့ပါဘူး။ Desolate ရဲ့ Damage ကိုတော့ 20/30/40/50 ကနေ 30/40/50/60 ကိုတိုးမြှင့်ပေးထားပါတယ်။ Tiny ရဲ့ Tree Grab ဟာ Movement Speed လျှော့ပစ်မှာမဟုတ်တော့သလို၊ အရင်ကပုံစံအတိုင်း 5 hit charge ပြန်ပါလာပြီဖြစ်ပါတယ်။

 အခုလောက်ဆိုရင်တော့ 7.27b မှာ အဓိကပြောင်းလဲသွားတာတွေ အတော်စုံလင်သွားလောက်ပြီလို့မျှော်လင့်ပါတယ်။ လွန်ခဲ့တဲ့ရက်ကပဲ Aghanim’s Labyrinth ဆိုတဲ့ Summer Event ကို Valve က မိတ်ဆက်ခဲ့ပြီးတော့ အခုလည်း Aghanim ရဲ့သားဖြစ်တဲ့ Rubick ကို Buff လိုက်ပြီဖြစ်ပါတယ်။ အခု Patch မှာ ဘယ်အရာတွေကတော့ OP ဖြစ်ပြီး၊ ဘယ်သူ့ကိုတော့ Nerf သင့်တယ်ဆိုတာကိုလည်း Comment မှာဆွေးနွေးသွားလို့ရပါတယ်နော်။

Ref: Dota 2, VP Esports