Dota 2 Summer Event အဖြစ် မိတ်ဆက်ပေးလိုက်တဲ့ Aghanim’s Labyrinth

Dota 2 Summer Event အဖြစ် မိတ်ဆက်ပေးလိုက်တဲ့ Aghanim’s Labyrinth

 Rubik ရဲ့အဖေလည်းဖြစ်ပြီး မြင့်မြတ်တဲ့ မှော်ဆရာတစ်ယောက်ဖြစ်တဲ့ Aghanim ဟာ Dota 2 Summer Event မှာတော့ စတင်တွေ့မြင်လာခဲ့ရပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်ကလည်း Valve အနေနဲ့ တိတ်တဆိတ်ကလေး Dota 2 မှာ Aghanim’s Scepter ရဲ့ design ကိုပြုပြင်ပြောင်းလဲပေးခဲ့ပါသေးတယ်။

 Aghanim’s Labyrinth ဆိုတဲ့ Dota 2 Summer Event ကို အခု စ တင်ဆော့ကစားနိုင်ပြီးတော့ လေးယောက် party၊ ဒါမှမဟုတ် တစ်ယောက်တည်းလည်း အခြားသူတွေနဲ့ matchmaking လုပ်ပြီး solo ဆော့ကစားနိုင်ပါတယ်။ ဒီ Event မှာ ဝင်ရောက်ကစားဖို့အတွက်ကတော့ Battle Pass ရှိစရာမလိုပါဘူး။

 ဆော့ကစားတဲ့သူတွေအနေနဲ့ လမ်းတစ်လျှောက်မှာ မိမိတွေ့လိုတဲ့ရန်သူတွေကို ရွေးချယ်ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ တစ်လှည့်ပြီးတစ်လှည့်မှာတော့ Shop မှာ items တွေဝယ်လို့ရမှာဖြစ်ပြီး၊ Neutral items အသစ်တွေလည်း ပါဝင်လာပါတယ်။ လမ်းတစ်လျှောက်မှာလည်း Aghanim’s shard တွေကနေပြီးတော့ မိမိ Hero ရဲ့ ability တွေ Upgrade ပြုလုပ်သွားလို့ရပါသေးတယ်။

 Labyrinth ထဲမှာ Boss မျိုးစုံကလည်း စောင့်ကြိုနေမှာဖြစ်ပြီး၊ ခရီးအတော်ရောက်သွားပြီဆိုရင်တော့ Aghanim နဲ့ ယှဥ်ပြိုင်တိုက်ခိုက်ရမှာဖြစ်ပါတယ်။ တကယ်လို့နိုင်သွားခဲ့တယ်ဆိုရင်တောင် မပူပါနဲ့။ နောက်ထပ် ပိုခက်တဲ့ Ascension Levels တွေက သင့်ကိုစောင့်ကြိုလို့နေပါတယ်။ Apprentice, Magician, Sorcerer, Grand Magus ဆိုပြီး Level လေးမျိုးရှိပါတယ်။

 Event ထဲမှာ တစ်ခါဝင်ကစားတိုင်း မိမိရဲ့ Heroes တွေကို Upgrade ပြုလုပ်ဖို့အတွက် Arcane Fragments တွေရရှိမှာဖြစ်ပါတယ်။ ဒီ Fragments တွေကိုတော့ နိုင်သည်ဖြစ်စေ၊ မနိုင်သည်ဖြစ်စေ ရရှိလာမှာဖြစ်ပြီး Ability တွေကို Upgrade ပြုလုပ်လို့ရလာမှာပါ ဖြစ်ပါတယ်။ အဲ့တော့ အစပိုင်းဝင်ဆော့တာမှာ ခက်နေရင်တောင် နည်းနည်းကြာကြာဆက်ဆော့ပြီး Upgrade တွေရလာတာနဲ့အမျှ တဖြည်းဖြည်း ကိုယ့် Hero ကကြမ်းလာမှာပါ။

 Arcane Fragments တွေကို တစ်ပတ်မှာ ၁၈၀၀ Arcane Fragments မရောက်ခင်အထိ သုံးဆရရှိမှာဖြစ်ပါတယ်။ Battle Pass ဝယ်ယူထားတဲ့သူတွေအတွက်ကတော့ Aghanim’s Labyrinth ထဲဝင်ကစားရင် တစ်ပတ်မှာ Battle Points ၂၀၀၀ အထိရရှိနိုင်မှာပါ။

 တစ်ပတ်တစ်ခါမှာတော့ Global Leaderboard တွေနဲ့ယှဥ်ပြိုင်ဖို့အတွက် နှစ်နာရီအချိန်ရရှိမှာဖြစ်ပြီး၊ ဒီအစီအစဥ်မှာတော့ rewards အလန်းစားတွေရရှိမှာဖြစ်ပါတယ်။ Global Leaderboard ကို ယှဥ်ပြိုင်တဲ့အခါ Party ပဲဖြစ်ဖြစ်၊ Solo matchmaking ပဲဖြစ်ဖြစ် ဝင်ရောက်ယှဥ်ပြိုင်နိုင်မှာဖြစ်ပြီး၊ တစ်ပတ်မှာ မိမိကြိုက်တဲ့ နှစ်နာရီ ရွေးချယ်ကစားနိုင်မှာဖြစ်ပါတယ်။

 မိမိရွေးချယ်ထားတဲ့ နှစ်နာရီအတွင်းမှာတော့ အကြိမ်ကြိမ်အခါခါ Event ထဲဝင်ရောက်ကစားနိုင်ပြီး၊ အမြန်ဆုံးနဲ့ အအောင်မြင်ဆုံးယှဥ်ပြိုင်နိုင်တဲ့သူက Leaderboard ရဲ့ထိပ်ဆုံးကို ရောက်ရှိမယ်လို့ ရေးသားထားပါတယ်။ Global Leaderboard မှာ ဝင်ရောက်ယှဥ်ပြိုင်လို့ရရှိလာမယ့် reward တွေကတော့

·      Tier One: Aghanim’s Interdimensional Baby Roshan

·      Tier Two: Waterlogged Kunkka Shoes

·      Tier Three: Random Arcana

·      Tier Four: In-Game Aghanim’s Effect

·      A weekly effect for beating the first boss

တို့ပဲဖြစ်ပါတယ်။ ရရှိလာမယ့် Rewards တွေကို Steam Market ထဲမှာလည်း ပြန်ရောင်းလို့ရမှာပါ။ Global Leaderboard ကိုတော့ ဇူလိုင် ၂၁ ရက်မှာ စတင်ဝင်ရောက်ယှဥ်ပြိုင်နိုင်မှာဖြစ်ပါတယ်။

 Dota 2 အတွက် Valve လွန်ခဲ့တဲ့အပတ်ကလည်း Anti-mage Persona ကိုထုတ်ပေးခဲ့ပြီး၊ အခုလည်း Summer Event အတွက် Aghanim’s Labyrinth ကိုမိတ်ဆက်ပေးထားပါတယ်။ TI10 ဟာ COVID-19 Pandemic ကြောင့် နောက်နှစ်မှကျင်းပမယ်ဆိုပေမယ့်လည်း Valve အနေနဲ့ Dota 2 အတွက် Battle Pass နဲ့ Event  တွေကိုတော့ အဆင်ပြေအောင် အချိန်မီထုတ်လုပ်ပေးနေဆဲပါပဲ။

Ref: DOTA 2 Blog, Dot Esports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle