LoL vs Dota 2 တိုက်ပွဲအကြား ထပ်မံ ဝင်ရောက်လာခဲ့တဲ့ G2 Esports CEO နဲ့ TI နှစ်ထပ်ကွမ်းချန်ပီယံ Ceb

LoL vs Dota 2 တိုက်ပွဲအကြား ထပ်မံ ဝင်ရောက်လာခဲ့တဲ့ G2 Esports CEO နဲ့ TI နှစ်ထပ်ကွမ်းချန်ပီယံ Ceb

ပြီးခဲ့တဲ့ ရက်ပိုင်းခန့်က ပရိုဖက်ရှင်နယ် LoL ကစားသမား Doublelift ရဲ့ LoL က Dota 2 ထက် ပိုမို ကောင်းမွန်ကြား ပြောကြားချက်နဲ့အတူ LoL vs Dota 2 တိုက်ပွဲ စတင်လို့ လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ OG Dota 2 အသင်းနဲ့ အတူ The International 2018, The International 2019 ပြိုင်ပွဲတွေမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Notail အနေနဲ့ Doublelift ရဲ့ ပြောကြားချက်တွေကို ပြန်လည် ချေပသွားခဲ့ပါတယ်။

ယခုအခါမှာတော့ LoL vs Dota 2 တိုက်ပွဲအကြားကို G2 Esports ရဲ့ CEO ဖြစ်သူနဲ့ Notail ရဲ့ သူငယ်ချင်းလည်းဖြစ်၊ TI နှစ်ထပ်ကွမ်းချန်ပီယံဖြစ်သူ Ceb အနေနဲ့ ဝင်ရောက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ G2 Esports ရဲ့ CEO ဖြစ်သူ Carlos အနေနဲ့ MOBA အမျိုးအစားဂိမ်းတွေဖြစ်တဲ့ LoL နဲ့ Dota 2 တို့ကို ကားနှစ်စီး အဖြစ် နှိုင်းယှဉ် သုံးသပ်ပြခဲ့ပါတယ်။

အဆိုပါ သုံးသပ်ချက်မှာ LoL ကိုနတ်ဘုရားတွေ ထုတ်လုပ်ထားတဲ့ မော်တော်ကား တစ်စင်းအဖြစ် ညွှန်းဆိုခဲ့ပြီး Dota 2 ကိုတော့ ၁၉၉၅ ခုနှစ်ထုတ် SUV အမျိုးအစား ကားတစ်စင်းအဖြစ် လှောင်ပြောင်ခဲ့ပါတယ်။ ဒါ့အပြင် LoL နဲ့ Dota 2 ကို နှိုင်းယှဉ်နေခြင်းက နောက်ဆုံးပေါ် ကားတစ်စင်းကို ရှေးဟောင်း ကားအစုတ်ကြီး တစ်စင်းနဲ့ နှိုင်းယှဉ်နေသလို ဖြစ်နေတယ်လို့ လှောင်ပြောင်သွားခဲ့ပါတယ်။

Carlos

2019 LoL ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲမှာ G2 Esports အနေနဲ့ ဒုတိယဆုကို အရယူနိုင်ခဲ့တာကြောင့် CEO ဖြစ်သူ Carlos အနေနဲ့ LoL ဘက်ကနေ Notail ရဲ့ ပြောကြားချက်တွေကို ပြန်လည် တုံ့ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။ Carlos ရဲ့ ချေပချက်တွေ ထွက်ပေါ်လာပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ Notail နဲ့အတူ The International ဆုကြီးကို ၂ နှစ်ဆက်တိုက် ရယူနိုင်ခဲ့တဲ့ Ceb အနေနဲ့ Carlos ရဲ့ ချေပချက်တွေကို ပြန်လည် လှောင်ပြောင်သွားခဲ့ပါတယ်။

Ceb အနေနဲ့ Dota 2 သုံးဘီးဆိုင်ကယ် တစ်စင်းအဖြစ် ညွှန်းဆိုသွားခဲ့ပြီး LoL ကိုတော့ အရွယ်နဲ့မလိုက်တဲ့ တာယာတွေကို တပ်ဆင်ထားတဲ့ ဆိုင်ကယ်အဖြစ် ညွှန်းဆိုသွားခဲ့ပါတယ်။ သုံးဘီးဆိုင်ကယ် တစ်စင်းဖြစ်တဲ့ Dota 2 အနေနဲ့ Esports လောကမှာ ဟန်ချက်ညီညီ လျှောက်လှမ်းလျက် ရှိသလို Dota 2 ဆိုတဲ့ သုံးဘီးဆိုင်ကယ်ကို ကစားသမား အများစုရဲ့ စိတ်အားထက်သန်မှုဖြင့် တည်ဆောက်ထားတာ ဖြစ်ပေမယ့် LoL ကတော့ တာယာ အကြီးတွေ တပ်ဆင်ထားတဲ့ ဆိုင်ကယ်လိုပဲ အဓိပ္ပါယ်မရှိတဲ့ ဂိမ်းတစ်ခု ဖြစ်နေပြီလို့ ပြန်လည် လှောင်ပြောင်သွားခဲ့ပါတယ်။

လက်ရှိအချိန်မှာ Dota 2 အကျော်အမော်တွေနဲ့ LoL အကျော်အမော်တွေ အကြား တိုက်ပွဲက ပြင်းထန်လို့ လာခဲ့ပြီ ဖြစ်တာကြောင့် Esports ပြိုင်ပွဲတွေ ရပ်နားထားတဲ့ နှစ်သစ်ကူး အားလပ်ရက်မှာ Dota 2 နဲ့ LoL ချစ်ပရိတ်သတ်တွေ အတွက်တော့ အပျင်းပြေစရာ တိုက်ပွဲလေး တစ်ခု ပေါ်ပေါက်လာခဲ့ပြီ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle