SEA ထိပ်တန်းအသင်းနှစ်သင်း One Esports SEA League မှာပြန်တွေ့ကြရဦးမည်
One Esports SEA League Dota 2 ပွဲစဥ်တွေမှာတော့ SEA ထိပ်တန်းအသင်းနှစ်သင်းဖြစ်တဲ့ Fnatic နဲ့ TNC Predator တို့ Upper Bracket Final မှာ Best of 3 ကစားရတော့မှာဖြစ်ပါတယ်။
ဇွန်လ ၁၈ ရက်နေ့ကတည်းက စပြီးကျင်းပလာတဲ့ One Esports SEA League ဟာ ဇူလိုင် ၁၂ ရက်မှာ Group Stage ပွဲစဥ်တွေပြီးဆုံးခဲ့ပါတယ်။ ဒီ Group Stage ပွဲစဥ်တွေအားလုံးထဲမှာ Playoffs ကို ပထမနေရာနဲ့တက်ရောက်သွားတဲ့ Fnatic နဲ့ ဒုတိယနေရာနဲ့တက်ရောက်သွားတဲ့ TNC Predator တို့ဟာ ဇူလိုင်လ ၁၈ ရက်နေ့မှာ Upper Bracket Final ကစားရတော့မှာဖြစ်ပါတယ်။
Fnatic အနေနဲ့ Neon Esports နဲ့ Upper Bracket R1 မှာ ယှဥ်ပြိုင်ကစားခဲ့ပြီး 2-1 ရလဒ်နဲ့ UB Final ကိုတက်ရောက်လာခဲ့တာဖြစ်ပါတယ်။ TNC Predator ကတော့ Geek Fam အသင်းကို Clean 2-0 နဲ့ အနိုင်ရရှိခဲ့ပြီး UB Final တက်လာတာပါ။ ဒီပွဲဟာ Esports ချစ်ပရိသတ်တွေအနေနဲ့ မလွတ်တမ်းကြည့်သင့်တဲ့ ပွဲကြီးပွဲကောင်းလည်းဖြစ်ပါတယ်။
One Esports SEA League ရဲ့ Grand Finals Best of 5 ကိုတော့ ဇူလိုင် ၁၉ ရက်နေ့မှာ စတင်ကစားကြရမှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဘယ်အသင်းက Final တက်မှာလဲဆိုတာနဲ့ ဘယ်အသင်းကတော့ Lower Bracket ကနေ တစ်ကျော့ပြန်အနိုင်ယူသွားမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။