အရံကစားသမား ဘဝကို သက်ဆင်းပေးခဲ့ရတဲ့ နာမည်ကျော် LoL ကစားသမား Doublelift

အရံကစားသမား ဘဝကို သက်ဆင်းပေးခဲ့ရတဲ့ နာမည်ကျော် LoL ကစားသမား Doublelift

Yiliang “Doublelift” Peng ဆိုတာကတော့ Team Liquid LoL အသင်းရဲ့ နာမည်ကျော် Bot Lane ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ Doublelift အနေနဲ့ LCS Week 6 ပွဲစဥ်တွေမှာ Team Liquid LoL အသင်းရဲ့ ပွဲဦးထွက် ကစားသမား စာရင်းမှာ ပါဝင်ခြင်း မရှိခဲ့သလို Week 7 ပွဲစဥ်တွေမှာလည်း အရံကစားသမား အဖြစ်သာ ဆက်လက် တည်ရှိနေမှာ ဖြစ်တယ်လို့ သိရပါတယ်။

Doublelift

Doublelift အနေနဲ့ အရံကစားသမား ဘဝကို သက်ဆင်းပေးခဲ့ရခြင်းနဲ့ ပတ်သတ်ပြီး အခုလိုပဲ ဖြေရှင်း သွားခဲ့ပါတယ်။

“ကျွန်တော် အခုလို အရံကစားသမား ဘဝကို သက်ဆင်းပေးခဲ့ရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဥ်ပြိုင်ဖို့ အတွက် စိတ်အားထက်သန်မှုတွေ ကျွန်တော့်ဆီမှာ ရှိမနေတော့တာကြောင့်ပဲ ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ အသင်းဖော်တွေ အပေါ် ဝန်ထုတ်ဝန်ပိုး တစ်ခုလို ဖြစ်စေခဲ့တဲ့ အတွက်လည်း အထူးပင် တောင်းပန်အပ်ပါတယ်။ အခုကစပြီး သူတို့တွေ ကျွန်တော့်အပေါ် ပြန်လည် ယုံကြည်လာအောင် အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်ပါတယ်”

Doublelift အနေနဲ့ LCS ပြိုင်ပွဲ စတင်ခဲ့စဥ် အချိန်ကတည်းက ဆိုးရွားတဲ့ စွမ်းဆောင်ရည်တွေကိုသာ ပြသနိုင်ခဲ့ပြီး LCS ပြိုင်ပွဲရဲ့ အဆိုးဝါးဆုံး Bot Lane ကစားသမားတွေ အထဲမှာ တစ်ဦး အပါအဝင် အဖြစ် ရပ်တည်ခဲ့ရပါတယ်။ ဒါကြောင့် Team Liquid LoL အသင်း အနေနဲ့ Doublelift ရဲ့ နေရာမှာ ဝင်ရောက် ယှဥ်ပြိုင်ဖို့ အတွက် Team Liquid Academy LoL အသင်းရဲ့ ကစားသမားဖြစ်သူ Edward “Tactical” Ra ကို ခေါ်ယူခဲ့ရပါတယ်။

Tactical

Tactical အနေနဲ့ Team Liquid LoL အသင်းနဲ့ အလွယ်တကူပဲ အသားကျခဲ့ပြီး ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိတဲ့ ပွဲစဥ်တွေ အားလုံးမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့သလို Team Liquid ကို ထိပ်ဆုံး (၄) သင်း စာရင်းအထိ ပြန်လည် တက်လှမ်းနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

Doublelift

ဒါကြောင့် Tactical တစ်ယောက်သာ Immortals, CLG စတဲ့ အသင်းတွေနဲ့ ယှဥ်ပြိုင်သွားရမယ့် ပွဲစဥ်တွေမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ထပ်မံ ပြသနိုင်ခဲ့မယ်ဆိုရင် Doublelift အနေနဲ့ ပွဲဦးထွက် ကစားသမား ဘဝကို ပြန်လည် တက်လှမ်းနိုင်ဖို့ အရင်ထက်ပိုပြီး ကြိုးစားသွားဖို့ လိုအပ်မှာ ဖြစ်တာကြောင့် Doublelift တစ်ယောက် ပွဲဦးထွက် ကစားသမား ဘဝကို ပြန်လည် ခံယူသွားနိုင်မလား ဒါမှမဟုတ် Tactical ကပဲ Doublelift ရဲ့ ပွဲဦးထွက် ကစားသမား နေရာကို သိမ်းပိုက်သွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports