TSM ကို ပြန်လည် ပြောင်းရွေ့သွားဖွယ်ရှိတဲ့ နာမည်ကျော် LoL ကစားသမား Doublelift

TSM ကို ပြန်လည် ပြောင်းရွေ့သွားဖွယ်ရှိတဲ့ နာမည်ကျော် LoL ကစားသမား Doublelift

LCS ချန်ပီယံဆုကို (၇) ကြိမ်တိုင်တိုင် သိမ်းပိုက်နိုင်ခဲ့တဲ့ Yiliang “Doublelift” Peng အနေနဲ့ Team Liquid LoL အသင်းမှာ (၂) နှစ်ကျော် ကစားခဲ့ပြီး‌ နောက်မှာတော့ အသင်းဟောင်းဖြစ်တဲ့ Tealm SoloMid ကို ပြန်လည် ပြောင်းရွေ့သွားဖို့ ပြင်ဆင်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

Doublelift အပါအဝင် Team Liquid LoL အသင်းသားတွေ အတွက် 2020 LoL ရာသီဟာ အဖွင့်လှခဲ့ခြင်း မရှိသလို Team Liquid အနေနဲ့ LCS Spring 2020 ပြိုင်ပွဲမှာ (၇) ပွဲနိုင်၊ (၁၁) ပွဲရှုံး ရလဒ်ဖြင့် အဆင့် (၉) နေရာမှာသာ ရပ်တည်ခဲ့ရသလို Playoff အဆင့်ကိုလည်း တက်လှမ်းနိုင်ခြင်း မရှိခဲ့ပါဘူး။

ဒါ့အပြင် Doublelift အနေနဲ့ LCS Spring 2020 ပြိုင်ပွဲရဲ့ စွမ်းဆောင်ရည်ပိုင်း အနိမ့်ပါးဆုံး ကစားသမားတွေ အထဲမှာ တစ်ဦး အပါအဝင် အဖြစ် ရပ်တည်ခဲ့ရသလို Team Liquid LoL အသင်းရဲ့ အမြဲတမ်း ကစားသမား နေရာကိုလည်း လူငယ် ကစားသမားဖြစ်သူ Edward “Tactical” Ra ကို ပွဲစဉ် အနည်းငယ်ခန့် လွှဲပြောင်း ပေးခဲ့ရတဲ့ အထိ ဆိုးဝါးတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

လက်ရှိအချိန်မှာ LCS Spring 2020 ပြိုင်ပွဲကြီး ပြီးဆုံးသွားပြီ ဖြစ်တာနဲ့ အညီ Doublelift အနေနဲ့ အသင်းဟောင်းဖြစ်တဲ့ TSM ကို ပြန်လည် ပြောင်းရွေ့နိုင်ဖို့ အတွက် ကြိုးပမ်းလျက် ရှိတယ်လို့ သိရပါတယ်။ TSM LoL အသင်းမှာ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ Soren “Bjergsen” Bjerg နဲ့ Vincent “Bioforst” Wang တို့ တည်ရှိလျက် ရှိတာကြောင့် Doublelift အနေနဲ့ အခုလို အသင်းပြောင်းရွေ့ဖို့ ကြိုးပမ်းခဲ့ရတာ ဖြစ်နိုင်ပါတယ်။

တကယ်လို့သာ Doublelift အနေနဲ့ Team Liquid ကနေ TSM ကို ပြောင်းရွေ့သွားခဲ့မယ်ဆိုရင် Team Liquid LoL အသင်းရဲ့ လူငယ်ကစားသမားဖြစ်သူ Tactical အနေနဲ့ အမြဲတမ်း ကစားသမား အဖြစ် သတ်မှတ်ခြင်း ခံရတော့မှာ ဖြစ်ပေမယ့်လည်း TSM LoL အသင်းရဲ့ AD Carry ကစားသမားဖြစ်သူ Kasper “Kobbe” Kobberup ကတော့ အရံကစားသမား အဖြစ် ပြောင်းလဲ သတ်မှတ်ခြင်း ခံရနိုင်သလို အသင်းကနေ ရောင်းချခြင်းကိုလည်း ခံယူသွားရဖွယ် ရှိပါတယ်။

TSM အနေနဲ့ LCS Spring 2020 ပြိုင်ပွဲကြီးမှာ Playoff အဆင့်ကို တက်လှမ်းနိုင်ခဲ့ပေမယ့်လည်း စတုတ္ထနေရာဖြင့်သာ ကျေနပ်ခဲ့ရပြီး ပြိုင်ပွဲ နှစ်ပွဲဆက်တိုက် ထိပ်ဆုံး (၃) သင်း နေရာမှာ ပါဝင်နိုင်ခြင်း မရှိခဲ့တာကြောင့် ပရိသတ် အများစုရဲ့ အားမလိုအားမရဖြစ်မှုတွေနဲ့ ရင်ဆိုင်ရလျက် ရှိပါတယ်။

ဒါကြောင့် TSM LoL အသင်းနဲ့အတူ ယခင်အချိန်တွေတုန်းက အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ Doublelift ကို ပြန်လည် ခေါ်ယူပြီး LCS Summer 2020 ပြိုင်ပွဲမှာ အောင်မြင်မှုတွေကို ရယူသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle