မိုဘိုင်းဂိမ်းမင်း အပေါ် ထပ်မံ ဝေဖန်လိုက်တဲ့ Dr Disrespect

နာမည်ကျော် Content Creator, Streamer တစ်ဦးဖြစ်တဲ့ Dr Disrespect ကတော့ မိုဘိုင်းဂိမ်မာတွေ အထိနာစေမယ့် စကားတစ်ခွန်းနဲ့ စစ်မျက်နှာပြင် အသစ်တစ်ခု ထပ်မံ ဖွင့်လှစ်လိုက်ပြန်ပြီ ဖြစ်ပါတယ်။ Dr Disrespect အနေနဲ့ ယခင်အချိန်တွေတုန်းကလည်း မိုဘိုင်းဂိမ်မာတွေ အပေါ် မထိတထိ စနောက်လေ့ ရှိသလို ယခုအခါမှာလည်း ကိုယ်ပိုင် တွစ်တာအကောင့်ကနေ တစ်ဆင့် အောက်ပါအတိုင်း စနောက်သွားခဲ့ပါတယ်။
I’ve got 3 state-of-the-art 1ms speed color calibrated monitors staring at me, a keyboard with titan switch optical keystrokes and a mouse that weighs literally nothing backed by a 200k multi pc setup....
— Dr Disrespect (@drdisrespect) November 26, 2020
....and you have the guts to tell me mobile gaming is a serious thing?
“Titan Switch Keyboard, ဒေါ်လာ ၂ သိန်းနီးပါး တန်ဖိုးရှိတဲ့ PC တွေ ပိုင်ဆိုင်တဲ့ ပုဂ္ဂိုလ်ကြီး အရှေ့မှာ မိုဘိုင်းဂိမ်းမင်းက တကယ်ကို ထူးချွန်ပြောင်မြောက်ကြောင်း လာပြောရဲတယ်ပေါ့လေ ဟုတ်လား?”
Dr Disrespect ရေးသားခဲ့တဲ့ Tweet လေးက ဘာမှမဟုတ်ဘူးလို့ ထင်ရပေမယ့် မိုဘိုင်းဂိမ်းမင်း ရပ်ဝန်းမှ စိတ်ဆိုးနေတဲ့ လူအုပ်ကြီးကိုတော့ အတော်လေးကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ Dr Disrespect ရဲ့ အဆိုပါ Tweet အောက်မှာ နာမည်ကျော် မိုဘိုင်းဂိမ်မာတွေ၊ Content Creator တွေ အပါအဝင် မိုဘိုင်းဂိမ်မာ အများစုရဲ့ Reply တွေနဲ့ စည်ကားလျက် ရှိပါတယ်။
နာမည်ကျော် Call of Duty Mobile ပရို ကစားသမား တစ်ဦးဖြစ်သူ Ferg, XSET PUBG Mobile အသင်းရဲ့ ကပ္ပတိန်ဖြစ်သူ Juicyfruitz နဲ့ Mobile Content Creator ဖြစ်သူ Elijah Jackson တို့ကတော့ Dr Disrespect ကို အခုလိုပဲ ပြန်လည် စိန်ခေါ်သွားခဲ့ပါတယ်။
1v1 on COD Mobile for $100,000
— Ferg (@Ferg) November 26, 2020
You on your PC and I'll play mobile
“COD Mobile ကို 1 vs 1 ဒေါ်လာ ၁ သိန်းကြေး ဆော့ကြည့်ရအောင်။ ခင်ဗျားက PC နဲ့ ဆော့၊ ကျွန်တော်က Mobile ကနေ ဆော့မယ်။ ဘယ်လိုလဲ။”
Mobile gaming is just to difficult for your old crusty ass fingers to navigate step bro. All I hear is complaining for the old geezer himself. You remind me a lot of Jiraiya, the old pervy sage himself. Ya damn OLD MAN! 😤
— xsᴇᴛ ᴊᴜɪᴄʏ (@xjuicyfruitz) November 26, 2020
“မိုဘိုင်းဂိမ်းမင်းက ခင်ဗျားလို သက်ကြားအိုတွေ အတွက်တော့ ခက်ခဲမှာ အမှန်ပဲ။ မိုဘိုင်းဂိမ်းမင်းနဲ့ ပက်သက်ပြီး ငြီးတွားနေလို့ ကြည့်လိုက်တိုင်း ခင်ဗျားပဲ ဖြစ်နေတယ်။ ခင်ဗျားကို မြင်တော့ Jiraiya ကိုတောင် သတိရမိသွားတယ်။ သူလည်းပဲ ခင်ဗျားလိုပဲ အမြဲတမ်း ငြီးတွားနေတဲ့ အဘိုးကြီးပဲလေ။
Hey Doc, COD Mobile is on PC and cross platform, 1v1 me. 10k on the line. Anywhere, anytime.
— Elijah Jackson (@HawksNest) November 26, 2020
Seriously, anywhere, anytime.
Unlike you, I really can do that with my system.
“ဟေး DOC, COD Mobile က PC ရော၊ Mobile မှာပဲ တစ်ပြိုင်တည်း ကစားလို့ရတယ်ကွ။ ခင်ဗျားသာ ဇရှိတယ်ဆိုရင် အချိန်မရွေး၊ နေရာမရွေး COD Mobile မှာ 1 vs 1 ကစားလိုက်ရအောင်။”

Dr Disrespect အနေနဲ့ အခုလို စိန်ခေါ်မှုတွေနဲ့ ပက်သက်ပြီး ဘယ်လို တုန့်ပြန်သွားမယ် ဆိုတာကို သိရခြင်း မရှိသေးပေမယ့် မိုဘိုင်းဂိမ်းမင်း အသိုင်းအဝိုင်းနဲ့ Dr Disrespect တို့ အကြားမှာ အပြန်အလှန် တုန့်ပြန်မှုတွေ ထပ်မံ ပေါ်ပေါက်လာမှာတော့ အသေအချာပဲ ဖြစ်ပါတယ်။
REF: VpEsports