သင့်တော်တဲ့ ကမ်းလှမ်းမှုသာ ရရှိခဲ့ရင် Facebook မှာ ပြောင်းလဲ Stream မှာဖြစ်ကြောင်း Dr. Disrespect ပြောကြား

သင့်တော်တဲ့ ကမ်းလှမ်းမှုသာ ရရှိခဲ့ရင် Facebook မှာ ပြောင်းလဲ Stream မှာဖြစ်ကြောင်း Dr. Disrespect ပြောကြား

ကမ္ဘာ့ အကျော်ကြားဆုံး Streamer တွေ အထဲမှာ တစ်ယောက် အပါအဝင်ဖြစ်တဲ့ Dr. Disprect ကတော့ Facebook ဘက်သာ ဂဏန်း (၈) လုံး တန်ကြေးရှိ ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့မယ်ဆိုရင် Facebook မှာ ပြောင်းလဲ Stream ဖို့ စဉ်းစားသွားမှာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

Twitch ကနေ အကြောင်းပြချက် အတိအကျ မသိရဘဲ ဘန်းခံခဲ့ရတဲ့ Dr. Disrespect အနေနဲ့ လက်ရှိအချိန်မှာတော့ YouTube မှာ Call of Duty: Cold War, Call of Duty: Warzone, Fall Guys တို့ အပြင် အခြားသော ဂိမ်းများကို Streaming ပြုလုပ်လျက် ရှိပါတယ်။ Dr. Disrespect အနေနဲ့ များသောအားဖြင့် Solo Streaming သာ ပြုလုပ်လေ့ ရှိပေမယ့် တစ်ခါတရံမှာ အခြားသော နာမည်ကျော် Streamer တွေဖြစ်တဲ့ Sc0utOP, Zlaner တို့နဲ့ တွဲဖက် Streaming ပြုလုပ်လေ့ ရှိပါတယ်။

Dr. Disrespect အနေနဲ့ Facebook Gaming Streamer ဖြစ်တဲ့ ZLaner နဲ့ တွဲဖက် Streaming ပြုလုပ်ခဲ့တဲ့ Session တစ်ခုမှာ Facebook Gaming ဘက်ကသာ သင့်တင့်တဲ့ ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ခဲ့ရင် ပြောင်းရွေ့ Stream ဖို့ အဆင်သင့် ဖြစ်နေကြောင်း အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“Dr. Disrespect: ကျွန်တော့်လို နာမည်ကျော် တစ်ဦးကို ခေါ်ယူဖို့ Facebook ဘက်က ဘယ်လောက် ကမ်းလှမ်းသင့်တယ်လို့ ထင်လဲ Z (ZLaner)။

Zlaner: ဂဏန်း (၇) လုံးတော့ ကမ်းလှမ်းသင့်တယ်လို့ ထင်တယ်။

Dr. Disrespect: ကျွန်တော်ကတော့ ဂဏန်း (၈) လုံးလောက်နဲ့ ကမ်းလှမ်းသင့်တယ်လို့ ထင်တာပဲ။ ဒေါ်လာသန်း (၄၀) လောက်နဲ့တော့ ကမ်းလှမ်းသင့်တယ် ထင်တယ်နော် Z။”

Dr. Disrespect ရဲ့‌ ပြောစကား ဖြစ်တာကြောင့် ယခု ပြောဆိုချက်များဟာ အတိအကျ ဖြစ်လိမ့်မယ်လို့ ထင်မြင် ယူဆလို့ မရပေမယ့်လည်း Mixer အနေနဲ့ နာမည်ကျော် Twitch Streamer တွေဖြစ်တဲ့ Ninja အတွက် ဒေါ်လာသန်း (၃၀) ၊ Shroud အတွက် ဒေါ်လာ (၁၀) သန်း အသုံးပြုခဲ့တာကြောင့် Facebook အနေနဲ့ Dr. Disrespect လို နာမည်ကျော် တစ်ဦးကို ခေါ်ယူလိုတယ်ဆိုရင် သန်း (၄၀) ခန့် အသုံးပြုရဖို့ ရှိနေပါတယ်။

ဒါ့အပြင် ယခင်အချိန်က ထွက်ပေါ်ခဲ့တဲ့ သတင်းများအရ Facebook Gaming အနေနဲ့ Mixer ပိတ်သိမ်းသွားချိန်မှာ Shroud နဲ့ Ninja တို့ကို ခေါ်ယူဖို့ အတွက် Mixer အသုံးပြုခဲ့တဲ့ ကုန်ကျငွေရဲ့ နှစ်ဆခန့်ဖြင့် ကမ်းလှမ်းဖို့ စီစဉ်ခဲ့သေးတာကြောင့် Dr. Disrespect ဘက်ကသာ စိတ်ဝင်စားမယ်ဆိုရင် ကန်ဒေါ်လာ သန်း (၄၀) ခန့် အကုန်အကျခံပြီး ခေါ်ယူဖို့ စီစဉ်သွားမယ့် ပုံပါပဲ။

လက်ရှိအချိန်မှာ Dr. Disrespect အနေနဲ့ YouTube နဲ့ Exclusive စာချုပ် ချုပ်ဆိုရခြင်းလည်း မရှိသေးတာကြောင့် Facebook ဘက်က Dr. Disrespect ကို ကမ်းလှမ်းမှုတွေ ပြုလုပ်သွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle