Twitter မှာ အဆွေး Music Video တစ်ပုဒ်နဲ့အတူ ခံစားချက်တွေကို ပြသလိုက်တဲ့ Dr.Disrespect

Twitter မှာ အဆွေး Music Video တစ်ပုဒ်နဲ့အတူ ခံစားချက်တွေကို ပြသလိုက်တဲ့ Dr.Disrespect

နာမည်ကြီး Streamer တစ်ယောက်ဖြစ်တဲ့ Dr.Disrespect ဟာ သူ့ရဲ့ Twitter အကောင့်မှာ 80’s ဆန်ဆန် Music Video တစ်ပုဒ်တင်ခဲ့ပါတယ်။ ဒီ Music Video ထဲမှာ သူ့ရဲ့ခံစားချက်တွေနဲ့အတူ သူ့ကိုဘယ်လိုပဲတားတား အရှိန်အဝါတွေ လုံးဝရပ်တန့်မသွားဘူးဆိုတဲ့ သီချင်းစာသားမျိုးတွေ ပါဝင်ပါတယ်။

Dr.Disrespect ဟာ သူချစ်တဲ့ Streaming Platform တစ်ခုဖြစ်တဲ့ Twitch ကနေ ရာသက်ပန် ဘမ်းခံလိုက်ရပါတယ်။ ဘာကြောင့် ဒီလိုဘမ်းလိုက်တာလဲဆိုတာကိုတော့ ဒီတစ်ခေါက်မှာ ဘာအကြောင်းပြချက်မှထုတ်ပြန်ထားရှိတာမျိုးလည်းမရှိပါဘူး။ Twitch နဲ့အတူ အမြဲလက်တွဲလာတဲ့ Doc ဟာ အခုလို ရာသက်ပန်ဘမ်းခံလိုက်ရတာကြောင့် ဆုံးရှုံးမှုတွေ အနည်းနဲ့အများတော့ ရှိနေမှာပါပဲ။

ဒါကြောင့်မို့ Doc အနေနဲ့အခုလိုမျိုး သူကိုယ်တိုင်သီဆိုထားတဲ့ Music Video အသေးစားလေးနဲ့ ရင်ဖွင့်ပြလိုက်တယ်လို့ပဲထင်ပါတယ်။ စာသားတွေထဲမှာလည်း သူကိုယ်တိုင်အခြေအနေတွေကို ဘာမှထိန်းချုပ်နိုင်တာမျိုးမရှိတာတွေ၊ ဒါပေမယ့် သူကအခုထိ တည့်တည့်မတ်မတ်နဲ့ ရှိနေသေးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူ့ရဲ့အရှိန်အဝါတွေကိုလည်း တားဆီးနိုင်မှာမဟုတ်ဘူးလို့လည်း သီဆိုထားပါတယ်။

Doc ရဲ့ Lamborghini နဲ့အတူ မိုးရေထဲမှာ ကျောပေးထားတဲ့ပုံစံနဲ့ ဒီ Music Video လေးဟာ အခုဆိုရင်တော့ ကြည့်ရှုသူ ငါးသန်းကျော်ရှိသွားပြီပဲဖြစ်ပါတယ်။