Twitch ကနေ ထာဝရ ဘန်းခံလိုက်ရပြီဖြစ်တဲ့ နာမည်ကျော် Streamer Dr Disrespect

နာမည်ကျော် Streamer တစ်ဦးဖြစ်တဲ့ Dr Disrespect ကတော့ လက်ရှိအချိန်ထိ တရားဝင် သိရှိရခြင်း မရှိသေးတဲ့ အကြောင်းပြချက် တစ်ခုဖြင့် Twitch ကနေ ထာဝရ ဘန်းခံလိုက်ရပြီ ဖြစ်ပါတယ်။ Dr Disrespect တစ်ယောက် Twitch ကနေ ဘန်းခံလိုက်ရပြီ ဖြစ်ကြောင်းကို StreamerBans တွစ်တာ အကောင့်ကနေ တစ်ဆင့် ဇွန်လ၊ ၂၆ ရက်နေ့မှာ သိခဲ့ရတာ ဖြစ်ပါတယ်။
❌ Twitch Partner "DrDisrespect" (@DrDisrespect) has been banned! ❌https://t.co/NEHn46PAa8#twitch #ban #firstban #partner #twitchpartner 🤷🏻♂️
— StreamerBans (@StreamerBans) June 26, 2020
Dr Disrespect အနေနဲ့ Twitch Platform ရဲ့ နာမည်ကျော် Streamer တစ်ဦး အဖြစ် တည်ရှိနေခဲ့တာ အချိန် ကြာမြင့်ခဲ့ပြီ ဖြစ်သလို အရင်အချိန်တွေတုန်းကလည်း Twitch ကနေ ဘန်းခံခဲ့ရဖူးပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ E3 ပြပွဲကျင်းပနေစဉ် အခမ်းအနားမှာ Dr Disrespect တစ်ယောက် အိမ်သာထဲကနေ တစ်ဆင့် Streaming ပြုလုပ်ခဲ့တာကြောင့် Twitch ကနေ ဘန်းခံခဲ့ရပါတယ်။

ဒါပေမယ့်လည်း ယခုတစ်ကြိမ်မှာတော့ Dr Disrespect အနေနဲ့ လုံးဝ ခွင့်မလွှတ်နိုင်တဲ့ အမှားတစ်ခုကို ကျူးလွန်ခဲ့တာကြောင့် Twitch ကနေ ဘန်းခံခဲ့ရတာ ဖြစ်သလို Esports လောက အတွင်း ဆက်လက် ရပ်တည်ခွင့်ကိုပါ ဆုံးရှုံးသွားရဖွယ် ရှိတယ်လို့ သိရပါတယ်။
CNN သတင်းဌာနရဲ့ ဗီဒီယိုဂိမ်းပိုင်းဆိုင်ရာ သတင်းထောက် တစ်ဦးဖြစ်သူ Shannon Liao အနေနဲ့ အဆိုပါ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး Twitch ကို မေးမြန်းခဲ့ရာမှာ Dr Disrespect အနေနဲ့ Twitch ဘက်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်ခဲ့တာကြောင့် အခုလို ထာဝရ ဘန်းခဲ့ရတာ ဖြစ်တယ်လို့ Twitch ဘက်က ပြန်လည် ဖြေရှင်းခဲ့ပေမယ့် အကြောင်းအရင်း အတိအကျကိုတော့ ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိပါဘူး။
Twitch's statement on @drdisrespect ban: "As is our process, we take appropriate action when we have evidence that a streamer has acted in violation of our Community Guidelines or Terms of Service. These apply to all streamers regardless of status or prominence in the community.”
— Shannon Liao (@Shannon_Liao) June 26, 2020
အခြားသော Streamer တစ်ဦးဖြစ်တဲ့ Shannon အနေနဲ့ Dr Disrespect တစ်ယောက် Twitch အပြင် Esports လောက အတွင်းကပါ ထွက်ခွာသွားရဖို့ သေချာသလောက် ရှိနေပြီဖြစ်ကြောင်း၊ အကြောင်းအရင်း အတိအကျကို ထုတ်ဖော် ပြောကြားနိုင်ခြင်း မရှိပေမယ့် Dr Disrespect ကျူးလွန်ခဲ့တဲ့ အပြစ်က ခွင့်လွှတ်ပေးဖို့ မဖြစ်နိုင်ကြောင်း ကိုယ်ပိုင် တွစ်တာကနေ တစ်ဆင့် ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

လက်ရှိအချိန်မှာ Dr Disrespect ဘက်ကတော့ Twitch ကနေ ဘန်းခံလိုက်ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းချက်ပေးခြင်း မရှိသေးပါဘူး။
REF: VpEsports, DotEsports