Tequila သောက်သုံးပေးခြင်းဟာ ဝိတ်ကျစေဖို့အတွက် အထောက်အကူဖြစ်စေပါတယ်

Tequila သောက်သုံးပေးခြင်းဟာ ဝိတ်ကျစေဖို့အတွက် အထောက်အကူဖြစ်စေပါတယ်

အရက်အကြောင်းပြောလိုက်ရင် လူတွေစတွေးမိတာ အရက်ဟာ ကောင်းကျိုးမပြုတဲ့အရာ၊ ဒုက္ခပေးတဲ့အရာဆိုပြီး ပြစ်ချက်တွေကိုပဲ တသီတတန်းကြီး ပြေးပြီး မြင်မိတတ်ကြပါတယ်။ အရက်သောက်ပြီးရင်လည်း အပြစ်လုပ်မိတဲ့လူတွေလိုမျိုး နောက်ဆို အရက်နာကျအောင် အလွန်အကျူးမသောက်တော့ပါဘူးဆိုပြီး ကတိပေးတဲ့အနေနဲ့ ပြောတတ်ကြပါသေးတယ်။ အမှန်တော့လည်း အရက်ဟာ ဆိုးကျိုးတွေချည်းပဲ ပေးတာမျိုးတော့ မဟုတ်ပါဘူး သုံးတတ်ရင် ဆေးဝါးတစ်လက်လို့ အသုံးပြုလို့ရတယ်ဆိုတာကို သိပ္ပံပညာရှင်တွေရဲ့ ရှာဖွေတွေ့ရှိမှုအရ သိရှိရပါတယ်။

အခုတစ်ခေါက် သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိတာကတော့ Tequila နဲ့ ဝိတ်ကျခြင်းအကြား ဆက်နွယ်မှုရှိတယ်ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ဒီဆက်နွယ်မှုကို ဖတ်ရှုလိုက်ပြီးရင် ဟုတ်ရော ဟုတ်ရဲ့လားဆိုပြီး တွေးမိပါလိမ့်မယ်။ အဲဒီလိုတွေးမိရင် မဖြစ်နိုင်ဘူးလို့ အရင်မပြောခင် အောက်ကအကြောင်းအရာတွေကို ဆက်ဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဘာကြောင့်လဲဆိုတာ နောက်ကွယ်မှာ သိပ္ပံနည်းကျအကြောင်းပြချက်တွေ ရှိတဲ့အတွက်ကြောင့်ပါ။

American Chemical Society က သွေးတွင်းသကြားဓာတ်အပေါ် Tequila ရဲ့ သက်ရောက်မှုတွေ ဘယ်လိုရှိလဲဆိုတာကို သုတေသနပြု လေ့လာချက်တွေ ပြုလုပ်ခဲ့ပါတယ်။ Tequila ပြုလုပ်တဲ့ Agave Plant မှာ သကြားဓာတ်တွေကို တွေ့ရှိပေမယ့် Tequila ကို သောက်သုံးလိုက်တဲ့အခါ အစာကြေမလွယ်တော့တဲ့အပြင် သွေးတွင်းသကြားဓာတ်လည်း မမြင့်တော့တာကို တွေ့ရှိရပါတယ်။

သုတေသနပညာရှင်တွေက ရှေ့ဆက်လုပ်ရမယ့် စမ်းသပ်ချက်တွေကို ကြွက်တွေနဲ့ စမ်းသပ်ပြီး အရင်ဆုံး ပြုလုပ်ခဲ့ကြပါတယ်။ ကြွက်တွေကို အုပ်စုနှစ်စု အရင်ခွဲလိုက်ပါတယ်။ ပထမအုပ်စုကို Agavins ပါဝင်တဲ့ ရေနဲ့ စံချိန်စံညွှန်းပြည့်မိတဲ့ အစားအစာတွေကို တိုက်ကျွေးပြီး နောက်အုပ်စုကိုတော့ ရိုးရိုးရေနဲ့ စံချိန်စံညွှန်းပြည့်အစားအစာတွေကို ကျွေးပါတယ်။

ရလဒ်အနေနဲ့ Agavins ပါဝင်တဲ့ ရေကို သောက်သုံးတဲ့ ကြွက်တွေဟာ သောက်သုံးပြီးတဲ့အချိန်ကစပြီး နောက်ထပ်အစာ စားချင်စိတ် လျော့နည်းသွားပြီး မသောက်သုံးထားတဲ့အုပ်စုက ကြွက်တွေကတော့ အချိန်အတန်ကြာတဲ့အခါမှ ပြန်လည်ဆာလောင်လာတာကို တွေ့ရှိရပါတယ်။ ဒါအပြင် Agavins ပါဝင်တဲ့ ရေကို သောက်သုံးတဲ့ ကြွက်တွေဟာ သွေးတွင်းသကြားဓာတ် ကျနေတာ တွေ့ရှိရပြီး အဆာခံနိုင်တဲ့ ဟော်မုန်း GLP-1 ထွက်ရှိနေတဲ့အတွက်ကြောင့် ကြာကြာ အဆာခံနိုင်တာကိုလည်း တပါတည်း တွေ့ရှိရပါတယ်။

နောက်ပိုင်းမှာ American Chemical Society က လူတွေနဲ့ ပြောင်းလဲစမ်းသပ်ခဲ့ပါတယ်။ Tequila သောက်သုံးတဲ့အခါ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးတာ တွေ့ရှိရပြီး သာမန်ထက် အလွန်အကျူးသောက်သုံးရင်တော့ ဆိုးကျိုးတွေ ဖြစ်လာစေနိုင်တာကိုပါ တွေ့ရှိရပါတယ်။ ဒါကြောင့်မို့ ဝိတ်ကျချင်တဲ့သူတွေ Tequila ကို သောက်သုံးမယ်ဆိုရင် သောက်သုံးလို့ရပေမယ် သောက်သုံးတဲ့ပမာဏကိုတော့ သာမန်ထက်မကျော်လွန်အောင် ထိန်းချုပ်ပြီး သောက်သုံးတတ်ဖို့တော့ လိုပါတယ်။

Tequila ဟာ အရက်အမျိုးအစားထဲက တစ်မျိုးဖြစ်တာကြောင့် ဝိတ်ချဖို့အတွက်အသုံးပြုမယ်ဆိုရင် ပမာဏအများကြီး မသောက်သုံးမိအောင် ထိန်းချုပ် သောက်သုံးတတ်ရင် လူကို အကျိုးပြုစေမှာ သေချာပါတယ်။ Tequila ကို သောက်သုံးတဲ့အခါ ထွက်ရှိလာတဲ့ GLP-1 ဟော်မုန်းကသာ ကျန်းမာရေးကို ကောင်းကျိုးပြုတာမို့ သောက်တဲ့အခါ ရေချိန်မကျော်အောင်သောက်သုံးတတ်မှ အကျိုးကျေးဇူးကို ခံစားရရှိမှာဖြစ်လို့ ရေချိန်မလွန်အောင် သောက်သုံးဖို့ တစ်ပါတည်း သတိပေးလိုက်ပါရစေ။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle