ရေတစ်ခွက်ရဲ့အကျိုးကျေးဇူးကဘယ်လောက်ထိများလဲ

ရေတစ်ခွက်ရဲ့အကျိုးကျေးဇူးကဘယ်လောက်ထိများလဲ

ရေသောက်ခြင်းအကျိုးကိုတော့ အားလုံးလည်းသိပြီးသားဖြစ်မှာပါ။ရေသောက်ခြင်းက ကောင်းမွန်တဲ့အလေ့အထတစ်ခုလည်းဖြစ်သလို၊ ကျန်းမာရေးအတွက်လည်းခုခံအားကောင်းအောင်လည်းလုပ်ပေးနိုင်ပါတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ်မှာရေဓာတ်အလုံအလောက်မဖြည့်ပေးနိုင်ဘူးဆိုရင် ကျန်းမာရေးအတွက်ခုခံအားတွေကျဆင်းစေမှာအမှန်ပါ။ရေသောက်တဲ့နေရာမှာလည်းတစ်နေ့ကိုနည်းစနစ်ကျကျသောက်ဖို့လိုပါတယ်။ကိုယ့်ရဲ့တစ်နေ့တာကို ရေတစ်ခွက်နဲ့စရင်ရောဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲဆိုတာကိုမျှဝေပေးချင်ပါတယ်။
အဆိပ်တောက်ကင်းစင်း
မနက်တိုင်းရေသောက်ခြင်းက ခန္ဓာကိုယ်ရဲ့အဆိပ်တောက်တွေကို ဖယ်ရှားပေးနိုင်စွမ်းလည်းရှိပါတယ်။ အစာအိပ်နံရံမှာရှိတဲ့ အညစ်အကြေးတွေ ဆီးဝမ်းတွေကိုလည်း ကင်းရှင်းအောင်လုပ်ပေးနိုင်သလို၊ ဆီးမှန်ဝမ်းမှန်စေပါတယ်။မနက်တိုင်းသောက်ပေးချင်းအားဖြင့်ဝမ်းချုပ်တဲ့ပြဿနာတွေလည်းသက်သာစေမှာပါနော်။


အပူပုတ်ကင်းစေတယ်
အပူပုတ်တွေ၊အဆိပ်အတောက်တွေမရှိရင် သာမာန်ထက်အသားအရေအတွက်ပိုမိုကြည်လင်စေသလို အိုမင်းရင့်ရော်မှုကိုလည်းတွေ့ရစေပါတယ်။အဆိပ်အတောက်တွေမရှိတဲ့ခန္ဓာကိုယ်က သဘာဝနည်းအတိုင်းလှပစေမှာပါ။မနက်တိုင်းရေတစ်ခွက်သောက်ပေးတာနဲ့ အဲ့လိုအကျိုးကျေးဇူးတွေရနိုင်ပါတယ်နော်။


စိတ်ပင်ပန်းမှုကိုလျော့ချမပေးတယ်
မနက်ခင်းစောစောမှာရေတစ်ခွက်သောက်ပေးခြင်းက စိတ်ညစ်ညူးမှုကိုကင်းစင်တဲ့အပြင် ရေဓာတ်လည်းပြည့်နေတဲ့အတွက် စိတ်လေးလည်းကြည်နေမှာအမှန်ပါနော်။ဦးနှောက်နဲ့မှတ်ဉာဏ်ကိုလည်းအားပြည့်စေပါတယ်။

Photo Credit -Lifeberry

Kelly - Akhayar Lifestyle