Twitch Platform တစ်ခုတည်းမှာသာ Streaming ပြုလုပ်ပေးရန် နာမည်ကျော် Streamer သုံးဦးနဲ့ ကာလရှည် စာချုပ်ချုပ်ဆိုလိုက်တဲ့ Amazon

Twitch Platform တစ်ခုတည်းမှာသာ Streaming ပြုလုပ်ပေးရန် နာမည်ကျော် Streamer သုံးဦးနဲ့ ကာလရှည် စာချုပ်ချုပ်ဆိုလိုက်တဲ့ Amazon

ပြီးခဲ့တဲ့ လအနည်းငယ်ခန့်က Twitch Viewers တွေ အကြားမှာ နာမည်ကျော်ကြား လူကြိုက်များတဲ့ Streamer တစ်ဦးဖြစ်သူNinja အနေနဲ့ Microsoft ရဲ့ Streaming Platform Mixer ကို ပြောင်းရွေ့သွားခဲ့သလို Mixer ကို Ninja တစ်ယောက် ပြောင်းရွေ့ပြီး တစ်လခန့် အကြာမှာ နာမည်ကျော် Twitch Streamer တစ်ဦးဖြစ်သူ Shroud အနေနဲ့လည်း Mixer ကို ပြောင်းရွေ့သွားခဲ့ပါတယ်။ ဒါ့အပြင် နောက်ထပ် နာမည်ကျော် Twitch Streamer တစ်ဦးဖြစ်သူ CouRageJD အနေနဲ့ YouTube Streaming ကို ပြောင်းရွေ့ခဲ့တာကြောင့် Twitch အနေနဲ့ လပိုင်း အတွင်းမှာ နာမည်ကျော် Streamer သုံးဦးကို ဆုံးရှုံးခဲ့ရပါတယ်။

Shroud and Ninja

လက်ရှိအချိန်မှာ အခြားသော Streaming Platform တွေဖြစ်တဲ့ YouTube, Mixer တို့အနေနဲ့ ပြီးခဲ့တဲ့ လအနည်းငယ်ခန့်က စတင်ကာ Streamer တွေကို ၎င်းတို့အပိုင် Streaming Platform တွေမှာ လာရောက် Stream ပေးဖို့အတွက် မက်လောက်စရာ ဆုကြေးငွေတွေနဲ့ ကမ်းလှမ်းခဲ့ပြီး စည်းရုံး သိမ်းသွင်းမှုတွေ ပြုလုပ်ခဲ့သလို အ‌ရှေ့တောင်အာရှ ဒေသတွင်းမှာလည်း Facebook Streaming Platform က တဖြည်းဖြည်းနဲ့ အရှိန်ရလာခဲ့ပြီ ဖြစ်တာကြောင့်Twitch အနေနဲ့ Viewer အင်အား ကျဆင်းမှု မရှိစေရန် အတွက် နာမည်ကျော် Streamer တွေကို ကာလရှည် စာချုပ်ချုပ်ဆိုဖို့ ကြံစည်ခဲ့ရတာ ဖြစ်ပါတယ်။

ယခုအခါမှာတော့ Amazon အပိုင် နာမည်ကျော် Streaming Platform ဖြစ်တဲ့ Twitch အနေနဲ့ နာမည်ကျော် Streamer သုံးဦးဖြစ်တဲ့ DrLupo, TimTheTatman, Lirik တို့ကို Twitch Platform တစ်ခုတည်းမှာသာ သီးသန့် Streaming ပြုလုပ်ပေးရန် ကာလရှည်စာချုပ် တစ်ခုကို ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။

DrLupo, Lirik, TimTheTatman

လက်ရှိအချိန်မှာ ထွက်ပေါ်လာတဲ့ သတင်းအချက်အလက်များအရ Twitch အနေနဲ့ အဆိုပါ Streamer သုံးဦးကို ကာလရှည် စာချုပ်ချုပ်ဆိုနိုင်ဖို့ အတွက် တစ်ဦးလျှင် ‌ဒေါ်လာသန်းချီပြီး ပေးချေခဲ့ရတယ်လို့ သိရပါတယ်။ မကြာသေးမီ အချိန်က DrLupo နဲ့ TimTheTatman တို့အနေနဲ့ Twitch ကို စွန့်ခွာသွားနိုင်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း Twitch အနေနဲ့ ကာလရှည် စာချုပ်ချုပ်ဆိုခြင်းဖြင့် အဆိုပါ ကောလာဟလတွေကို ရပ်တန့်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Streaming Platform တွေ အပြိုင်အဆိုင် ပေါ်ထွက်လာတာနဲ့အညီ ၎င်းတို့အပိုင် Platform မှာ လာရောက် Stream ပေးဖို့ အတွက် နာမည်ကျော် Streamer တွေကို စွဲမက်ဖွယ်စရာ ကမ်းလှမ်းမှုတွေနဲ့ အပြိုင်အဆိုင် မြူစွယ်မှုတွေ ပြုလုပ်လာကြပြီ ဖြစ်တာကြောင့် မဝေးတော့တဲ့ အနာဂတ် ကာလမှာ Streamer တွေ အနေနဲ့ လက်ဖျား ငွေသီးမယ့် ကာလကို ပိုင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle