အသားအရေတွေခြောက်နေပြီဆို ဘယ်အစားအသောက်တွေစားပေးရမလဲ

အသားအရေတွေခြောက်နေပြီဆို ဘယ်အစားအသောက်တွေစားပေးရမလဲ

ကိုယ်ကပုံမှန်ထက်အသားအရေအမြဲခြောက်တဲ့သူတစ်ယောက်လား ။အရေးပြားပြဿနာတွေနဲ့ရင်ဆိုင်နေရပြီလား။ ကိုယ်စားနေတဲ့အစားအသောက်တွေက​ရော အသားအရေခြောက်တာကိုသက်သာစေနိုင်လားဆိုတာ သေချာဆန်းစစ်ဖို့တော့လိုအပ်နေပါပြီနော်။ အသားအရေပြသာနာက ကိုယ့်ကျန်းမာရေးနဲ့လည်းဆိုင်သလို  အလှအပအရေးအရာအတွက်လည်းအများကြီးလိုအပ်ပါတယ်။ အခုပြောတဲ့အစားအသောက်တွေက အသားအရေခြောက်ကပ်ခြင်းကိုကာကွယ်ပေးနိုင်သလို ပုံမှန်စားပေးသင့်တဲ့အစားစားတွေပဲဖြစ်ပါတယ်။
ငါး
ငါးတွေမှာပါဝင်တဲ့ Omega-3 fatty acids ဓာတ်တွေက အသားအရေကိုနုပျိုပေးနိုင်တဲ့အတွက် တစ်နေ့တာရဲ့အစားအသောက်ထဲမှာမပါမဖြစ်စားပေးသင့်တဲ့အစားစားတစ်မျိုးပဲဖြစ်ပါတယ်။

Photo Credit - The Conversation


ထောပတ်သီး
ထောပတ်သီးက ဗီတာမင်အေနဲ့ အီး ပါဝင်တဲ့အပြင် အသားအရေကိုအဓိကအားကောင်းအောင်လုပ်ပေးတဲ့အသီးတစ်မျိုးဖြစ်တဲ့အတွက် အလှအပအရေးအရာနဲ့ပတ်သက်လာရင်တော့ ထောပတ်သီးကတော့ဆရာကြီးလို့တောင်ပြောလို့ရပါတယ်။ အသားအရေအတွက်မဟုတ်ပဲ ဆံသားကိုMask အနေနဲ့လည်းအသုံးပြုလို့ရပါသေးတယ်နော်။

Photo Credit -benefit.com


ကန်စွန်းဥ
ကန်စွန်းဥကိုတော်တော်များများက အာနိသင်အရမ်းမရှိလောက်ဘူးလို့ထင်ကြပါတယ်။ တကယ်တော့ ကန်စွန်းဥမှာအဓိကပါဝင်တဲ့ ဗီတာမင်အေက အသားအရေခြောက်တာ အသားအရေအစ်ကွဲတာတွေကိုအဓိကပြန်လည်ကောင်းမွန်အောင်လုပ်ပေးနိုင်ပါတယ်နော်။

Photo Credit - on doctor


ကြက်ဥ
ကြက်ဥကိုအဆီကိုဖယ်ပြီး အကာကိုပဲစားဖို့အကြံပြုချင်ပါတယ်။ ကြက်ဥအကာကိုတစ်နေ့ကိုမဖြစ်မနေ ၃ လုံးလောက်စားပေးသင့်ပါတယ်။ အသားအရေခြောက်ကပ်မှုကိုသိသိသာသာလျော့နည်းလာပါနိုင်ပါတယ်နော်။

Photo Credit -hard.com

Kelly - Akhayar Lifestyle