ဆံပင်တွေကိုအရောင်ဆန်းဆန်းတွေဆိုးပြီးသွားရင်ထိန်းသိမ်းသင့်တဲ့နည်းလမ်း

ဆံပင်တွေကိုအရောင်ဆန်းဆန်းတွေဆိုးပြီးသွားရင်ထိန်းသိမ်းသင့်တဲ့နည်းလမ်း

ဆံပင်အမဲရောင်ပဲနေရတာပျင်းပြီးတော့ကိုယ့်ကြိုက်တဲ့အရောင်ဆန်းဆန်းလေးတွေဆိုးကြည့်ပြီးတော့အရောင်ထိထားတဲ့ကိုယ့်ရဲ့ဆံသားကိုပိုပြီးဂရုစိုက်တတ်ဖို့တော့လိုတယ ်နော်။ ဆံပင်မဆိုးခင်နှင့်ဆိုးပြီးတဲ့အချိန်မှာပိုပြးဂရုစိုက်ရပါတယ်။ ဆံပင်ဆိုးပြီးတဲ့အချိန်မှာ ကိုယ့်ရဲ့အရောင်တွေကိုကြာရှည်ခံပြီးတော့ အရောင်မမှေးသွားအောင်လုပ်သင့်တဲ့နည်းလမ်းလေးတွေပြောပြပေးမယ်နော်။
ကိုယ့်ဆံသားနဲ့ကိုက်တဲ့ ပေါင်းဆေးသုံးပါ
ဆံပင်ကိုအမြဲပေါင်းတင်ပါ။ပေါင်းတင်ခြင်းက ကိုယ့်ရဲ့ဆံသားကိုသန်စွမ်းစေတဲ့အတွက် Shampoo သုံးပြီးတိုင်းမှာ ပေါင်းဆေးပြန်းသုံးပေးဖို့မမေ့ပါနဲ့နော်။တကယ်လို့ကိုယ်ကနေရောင်ခြည်ကအမြဲထွက်နေရတဲ့သူဆိုရင်တော့ပိုပြိးတော့ပေါင်းတင်ပေးသင့်ပါတယ်နော်။

Photo Credit -Salons


ရေအေးနဲ့ခေါင်းလျှော်ပါ
ရေအေးနဲ့ခေါင်းလျှော်ခြင်းကဆံသားကို အရောင်မွဲပြီးတော့ ပိုခြောက်စေပါတယ်။ဆံသားကိုလည်းနှစ်ခွဖြစ်စေပါတယ်။ရေအရမ်းပူကြီးနဲ့တော့လုံးဝမလျှော့်သင့်ပါဘူးနော်။ဘာလို့လဲဆိုရင် Cuticles တွေကိုပွင့်စေပြီးဆံသားကိုထိခိုက်လာနိုင်တယ်။

Photo Credit -Byrdie


စက်ကိရိယာခဏခဏမသုံးပါနဲ့
ဆံပင်ကိုအပူချောင်းတွေ၊ဖြောင့်စက်တွေ နဲ့ဆံပင်ကိုပုံသွင်းခြင်းကဆံသားကိုကြာလာရင်ပျက်စီးစေပါတယ်။ အရောင်တွေဆိုးထားတဲ့ဆံပင်မှပျက်စီးတာမျိုးမဟုတ်ပဲနဲ့ ကိုယ့်ရဲ့နဂိုဆံသားတွေကိုလည်းခဏခဏပုံသွင်းရင် ပြောင်းဖူးမွှေးတွေလိုဖြစ်စေမှာအမှန်ပါနော်။

Photo Credit -Groom

Kelly -Akhayar Lifestyle