E-Cigarettes(Vape)တွေက လူငယ်တွေ အထာကျဖို့ တစ်ခုတည်းအတွက် လက်တည့်စမ်းသင့်တဲ့အရာလား?

E-Cigarettes(Vape)တွေက လူငယ်တွေ အထာကျဖို့ တစ်ခုတည်းအတွက် လက်တည့်စမ်းသင့်တဲ့အရာလား?

အခုခေတ်မှာဆိုရင် Vape သောက်တာက လူငယ်တွေကြားထဲမှာအများဆုံး​တွေ့ရပြီး အထူးအဆန်းမဟုတ်​တော့သလို မ​သောက်သုံးတာကမှ ထူးဆန်းသည်အထိ ရေပန်းစားပါတယ်။အနံ့ မျိုးစုံနဲ့ ဆွဲဆောင်နေတဲ့အတွက် Vape ကိုအသုံးပြုတဲ့သူတွေက 2015 နှစ်​နောက်ပိုင်းတွေထဲမှာ ပိုပြီးသိသိသာသာတိုးလာပါတယ်။ လူငယ်တွေကြားမှာ ပုံမှန်ဆေးလိပ်ထက် Vape ကိုသုံးစွဲတဲ့သူပိုများပြီး Vape ကိုသုံးစွဲတဲ့သူတွေကလည်း လူကြီးတွေထက်စာရင် လူငယ်တွေကပိုပြီးများပါတယ်။လေ့လာမှု​​တွေအရ Vape ​ခေါ် အီး-စီးကရက်​တွေက အထူးသဖြင့် လူငယ်များကို ဆွဲဆောင်နိုင်တဲ့ အကြောင်းရင်း က​တော့ Vape ဟာဆေးလိပ်သောက်ခြင်းထက် အန္တရာယ်နည်းပါးသည်ဟု ယုံကြည်​နေကြခြင်းပဲဖြစ်ပါတယ်။

Ps.ပုံမှန်​ဆေးလိပ်အစားထိုး​သောက်ကြတဲ့သူ​တွေရှိသလို၊​သောက်ချင်လို့​သောက်တဲ့သူ၊အထာကျချင်လို့​သောက်တဲ့သူ​တွေ ​လည်းရှိပါတယ်။အီး -စီးကရက် နှင့် ဆေးလိပ်သောက်ခြင်း နှစ်ခုစလုံးကတော့ အဆုတ်ထဲသို့ နီကိုတင်းနှင့် အခြားအရာများကို ရှူရှိုက်ရတာခြင်းက​တော့ အတူတူပါပဲ။

စိုးရိမ်စရာတစ်ခုက​တော့ ​ဆေးလိပ်​တောင် မ​​သောက်ဖူးတဲ့လူငယ်​လေး​တွေ​တောင် Vape ကို​ရွေးချယ်​နေကြတာကို​တွေ့ရပါတယ်။ဒီ​တော့ လက်တည့်မစမ်းခင်မှာ Vape ​သောက်ခြင်းရဲ့ ​နောက်ဆက်တွဲ အရာတွေကို သိထား​စေရန်အတွက် ရည်ရွယ်ပြီး ​ပြောပြပေးချင်ပါတယ်။Vape​သောက်ခြင်းက ဆေးလိပ်သောက်ခြင်းထက် အန္တရာယ်နည်းသော်လည်း မလုံခြုံသေးပါ။အီး-စီးကရက်​တွေက နီကိုတင်း (ဆေးရွက်ကြီးမှ ထုတ်ယူထားသော)၊ အနံ့အရသာနှင့် ဓာတုပစ္စည်းများပါဝင်ပါတယ်။ပုံမှန်စီးကရက်များတွင် ဓာတုပစ္စည်း 7,000 ပါဝင်ပြီး အများစုမှာ အဆိပ်ဖြစ်စေသည်။

2021 ခုနှစ် အောက်တိုဘာလတွင် ထုတ်ဝေခဲ့သော The Johns Hopkins University မှ သုတေသနပြုချက်အရ vape ထုတ်ကုန်များတွင် ဓာတုပါဝင်ပစ္စည်းများ ထောင်ပေါင်းများစွာကို တွေ့ရှိခဲ့ပြီး အများစုမှာ နာမည်ဖော်ထုတ်နိုင်ခြင်းမရှိသေးတဲ့ပစ္စည်း​တွေ​တောင်ပါဝင်​ကြောင်း​ပြောထားပါတယ်။ အဖွဲ့မှ ဖော်ထုတ်နိုင်ခဲ့သော ကဖိန်းဓာတ် အပါအဝင် အန္တရာယ်ဖြစ်နိုင်ချေရှိသော အရာများ၊ အီး-စီးကရက်များတွင် ယခင်က မတွေ့ဖူးသော ဓာတုပစ္စည်းများ၊ ပိုးသတ်ဆေးများပါဝင်​နေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ယားယံမှုတို့နှင့် ဆက်စပ်နေသော အနံ့အရသာနှစ်​တွေလည်းပါဝင်ကြောင်း​ပြောထားပါတယ်။ဓါတု​ဗေဒပစ္စည်း​တွေပါဝင်​နေခြင်းအတူတူ Vape ​သောက်တာကပိုပြီးSafe ဖြစ်တယ်ဆိုတဲ့စကားကလည်း ယုံတမ်းစကားတစ်ခွန်းသာဖြစ်ပါတယ်။

နောက်ထပ် vaping နှင့်ဆက်စပ်သောအဆုတ်​ရောဂါနှင့်သေဆုံးမှု​တွေကလည်းရှိ​နေပါ​သေးတယ်။ 2020 ခုနှစ် ဖေဖော်ဝါရီလတွင် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) မှ အီးစီးကရက် သို့မဟုတ် vaping အသုံးပြုမှုနှင့်ဆက်စပ်သည့် အဆုတ်ဒဏ်ရာ (EVALI) ဖြစ်ပွားမှု 2,807 မှုရှိပြီး အဆိုပါအခြေအနေကြောင့် သေဆုံးသူ 68 ဦးကိုလည်း အတည်ပြုခဲ့ပါတယ်။

သုတေသနပြုချက်အရ Vape ​သောက်ခြင်းကလည်း နှလုံးနှင့် အဆုတ်အတွက် မကောင်းပါ။နီကိုတင်းက ပုံမှန်စီးကရက်နှင့် အီး-စီးကရက်များတွင် အဓိကပါဝင်ပစ္စည်းဖြစ်ပြီး လူကိုအလွန်စွဲလမ်း​စေပါတယ်။    နီကိုတင်းသည် အဆိပ်အတောက်ဖြစ်စေသော အရာဖြစ်ပြီးနာတာရှည် အဆုတ်ရောဂါနဲ့ ပန်းနာရင်ကျပ်ရောဂါနဲ့ ချိတ်ဆက်မှုတွေအပြင် အီး-စီးကရက် သွေးပေါင်ချိန်ကို မြင့်တက်စော နှလုံးခုန်နှုန်းနှင့် နှလုံးဖောက်ပြန်နိုင်ခြေကို တိုးစေသည့် adrenaline ပမာဏ ကို တိုးစေပါတယ်။

အဲ့​တော့Vape က ဆေးလိပ်သောက်ခြင်းထက် လုံခြုံတယ်လို့  ယူဆကြ​သေးလား?

vaping နှင့် ဆေးလိပ်သောက်ခြင်း နှစ်မျိုးလုံးသည် စွဲလမ်းစေပြီး အန္တရာယ်ရှိနိုင်သော ဓာတုပစ္စည်းများကို သင့်ခန္ဓာကိုယ်ထဲသို့ ယူဆောင်လာပါတယ်။ဆေးလိပ်ကို မီးရှို့လိုက်တဲ့အခါ ဒီဓာတုပစ္စည်းတွေ အများအပြားဟာ ခန္ဓာကိုယ်ထဲကို ​ရောက်လာပြီးကျန်းမာရေးကို ထိခိုက်စေပါတယ်။ဒီ​တော့  ဆေးလိပ်ဖြတ်ဖို့အတွက်အီး-စီးကရက်(Vape)အစားထိုးခြင်းက​ ကောင်းမွန်တဲ့​ရွေးချယ်မှု​တစ်ခု​တော့မဟုတ်ပါ။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle