ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်တွေအရမ်းဖြူနေတာကဘာလို့လည်း
အသက်အရွယ်ရလာတာနဲ့အမျှ လူတွေကဆံပင်တွေဖြူလာတတ်ကြပါတယ်။တစ်ချို့လူတွေကလည်း အသက်သာကြီးသွားတယ် သူတို့ရဲ့ဆံသားလေးတွေကတော့ မဲနက်နေကြပါတယ်။ကိုယ်ရဲ့ဆံပင်က မဲနစ်နေတယ်ဆိုရင်တော့ ကံကောင်းတဲ့သူတစ်ယောက်လို့ပြောလို့ရပါတယ်။ ဆံပင်ဖြူတွေကအသက်၃၀မတိုင်ခင်အများကြီးထွက်နေပြီဆိုရင်တော့ ကိုယ့်ကျန်းမာရေးနဲ့ပတ်သက်ပြီးသတိထားဖို့တော့လိုနေပါပြီနော်။
ဆံပင်ဖြူတွေကကိုယ်ရဲ့ခန္ဓာကိုယ်မှာ ဗီတာမင် B12 ချို့တဲ့တဲ့အခါ၊ Thyroid Hormone imbalance လို့ခေါ်တဲ့ ဟော်မုန်းဓာတ်တွေလျော့ကျသွားတဲ့အခါ၊ အသားဓာတ်နည်းတဲ့အခါမျိုးတွေမှာဆိုဆံပင်တွေပိုဖြူလာတတ်ပါတယ်။တစ်ချို့လူတွေကမျိုးရိုးဗီဇကြောင့် လည်းအရမ်းဖြူနေတာမျိုးတွေဖြစ်တတ်တာမျိုးတွေဖြစ်တတ်ပါတယ်။အဓိကကတော့ မနုတ်မိဖို့ကတော့ အရမ်းအရေးကြီးပါတယ်။
အသက်တွေကြီးလာတာနဲ့အမျှ Melanocytes Activities တွေကျလာပြီးတော့ Melanin ဆိုတဲ့ဓာတ်ကျဆင်းတဲ့အတွက် ဆံပင်တွေကအဖြူရောင်အဖြစ်နဲ့ထွက်လာတတ်ကြပါတယ်။ကိုယ့်ရဲ့ဆံသားတွေကိုအားဖြည့်ပေးတဲ့ ဗီတာမင်ကြွယ်ဝတဲ့အစားအသောက်တွေ၊ကိုစားပေးသင့်ပါတယ်။လူငယ်တွေနဲ့ဆိုရင်တော့ ဆံပင်ကိုဖြောင့်ခြင်း၊ ကောက်ခြင်းတွေခဏခဏမလုပ်သင့်ပါဘူးနော်။နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့မိတဲ့ နေရာတွေကိုရှောင်သင့်ပါတယ်။
Kelly - Akhayar Lifestyle
Photo Credit -Freepik