နားဖာချေးကိုဘာကြောင့်ခဏခဏမသန့်စင်ပေးသင့်တဲ့လဲ

နားဖာချေးကိုဘာကြောင့်ခဏခဏမသန့်စင်ပေးသင့်တဲ့လဲ

နားဆိုတာကလူ့ခန္ဓာကိုယ်ရဲ့အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုလို့လည်းပြောလို့ရပါတယ်။လူတွေက နားယားတာမျိုးတို့ ကိုယ့်စိတ်ကမသန့်ရှင်းတော့မျိုးဆို ကိုယ့်ရဲ့နားဖာချေကိုခဏခဏကလိလေ့ရှိပါတယ်။နားဖာချေးရဲ့သဘောကဘယ်လိုရှိလဲဆိုရင် သဘာဝအရစိုစွတ်နေတဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။ကဲ့ဒီလိုဆို နားကျန်းမာရေးနဲ့ပတ်သက်ပြီးဘာအချက်တွေရှောင်ရမလဲဆိုတာပြောပြပေးချင်ပါတယ်။
နားစည်ကိုထိခိုက်မိအောင်မလုပ်ပါနဲ့
တစ်ချို့သူတွေက နားဖာချေးကော်တယ်ဆိုပြီး နားထဲကို ဝါဂွင်းစတွေ၊ကလစ်လိုမျိုးအရာတွေနဲ့နားထဲကိုထည့်ပြီး နားဖာချေးကော်လေ့ရှိပါတယ်။ဒီလိုမျိုးလုပ်ခြင်းက နားစည်ရဲ့ အရေပြားလေးကိုထိခိုက်ပျက်စီးစေပါတယ်။မတော်တဆလက်လွန်သွားရင်လည်းနားစည်ပေါက်ပြဲသွားနိုင်ပါတယ်နော်။


ဝါဂွမ်းနဲ့နားသန့်စင်ခြင်း
ဝါဂွင်းတံကိုခဏခဏအသုံးပြုပြီးသန့်စင်ခြင်းက အသံအိုးလို့ခေါ်တဲ့ Eardrum ကိုထိခိုက်နိုင်ပြီး နားကိုတာတွေ၊ နားယောင်တာတွေဖြစ်တတ်ပါတယ်။ဆေးပညာရှင်တွေပြောထားတဲ့အတိုင်းနားကလော်ခြင်းက အကြာအာရုံကိုလည်းထိခိုက်စေနိုင်တဲ့အပြင် အသံအိုးကိုလည်းထိခိုက်နိုင်ပါတယ်။


နားအတွင်းမဆေးပါနဲ့

နားတွင်းအပြင်ကိုဆေးကြောခြင်းကခေါင်းလျှော်ဆိုင်တွေမှာလုပ်ပေးတတ်လေ့ရှိပါတယ်။  ဒီလိုမျိုးဆေးကြောပေးခြင်းက နားမှိုတတ်ခြင်းကိုတွန်းအားပေးတာနဲ့အတူတူပါနော်။ဆေးကြောပြီးရင်လည်းနားကိုခြောက်သွေ့အောင်ပြန်ပြုပြင်ဖို့အရမ်းအရေးကြီးပါတယ်နော်။

Kelly -Akhayar Lifestyle

Photo Credit -Shutterstock