နာနတ်သီးစားရင်ဘာအကျိုးတွေရလဲ

နာနတ်သီးစားရင်ဘာအကျိုးတွေရလဲ

နာနတ်သီးကအခုလိုပူပြင်းရာသီမှာဆိုရင်တော့စားပေးအသင့်ဆုံးအသီးထဲမှာပါပါတယ်။ နာနတ်သီးကို ကပ်ပါးကောင် များနှိမ်နင်းရန်အတွက်အသုံးပြုပြီး အစာအိမ်ပြဿနာများကိုသက်သာစေပါတယ်။ ကင်ဆာဆဲများကြီးထွားခြင်းကိုလည်း နှောက်ယှက်တားဆီးပြီး သွေးခဲခြင်းကိုလည်းတားဆီးပေးပါတယ်။ နာနတ်သီးတွင်ဗီတာမင်ဘီ စီ နှင့် မဂ္ဂင်နီးစ် သတ္တုဓာတ်များအလွန်ကြွယ်ဝစွာပါရှိသဖြင့် ကျန်းမာရေးအတွက်များစွာအထောက်အကူပြုသဖြင့် စားသုံးသင့် သောသီးနှံတစ်မျိုးဖြစ်ပါတယ်။

နာနတ်သီးက အစာကြေလွယ်ခြင်း ၊အရိုးအဆစ်များရောင်ရမ်းနာကျင်ခြင်း ၊သွေးခဲခြင်းတို့အားကာကွယ်ပေးပါတယ်။ အခုနောက်ပိုင်းဘန်ကောက်တွေမှာပါခေတ်စားလာတာက Mini Pineapple တွေပါပေါ်လာတယ်ဆိုတော့ ရာသီဥတု ပူပူလေးမှာ ခြိုခြိုမွေးမွေးလေးစားလိုက်ရင်ဘယ်လောင်တောင် သာယာလိုက်မလဲ ။နာနတ်သီးကစားများရင်လည်းမကောင်းဘူးနော်။ဗိုက်တာမင်စီ ဓာတ်ပါဝင်မှုများသဖြင့် ဝမ်းလျော်ခြင်း၊ ပျို့အန်ခြင်း ၊ ဗိုက်နာခြင်းနှင့် ရင်ပူခြင်းတို့ခံစားရတတ်ပါတယ်။အဲ့တော့နာတ်သီးစီးရင်ဘာတွေကောင်းကျိုးဆိုးကျိုးသိသွားပြီဆိုတော့ အဆင်ပြေမယ်ထင်ပါတယ်။

Photo Credit -someecards

Kelly - Akhayar Lifestyle