ကားမူးတာကို သက်သာစေနိုင်မယ့် ထိရောက်တဲ့နည်းလမ်းများ

ကားမူးတာကို သက်သာစေနိုင်မယ့် ထိရောက်တဲ့နည်းလမ်းများ

ကိုယ်တွေထဲမှာရှိကြတယ်……ကားစီးတဲ့အခါ ကားမူးပြီး ပျို့ချင်သလိုလို အန်ချင်သလိုလို ဖြစ်တတ်တဲ့သူတွေပေါ့။ ကိုယ်တွေကတော့ ဘာမှမဖြစ်ပေမယ့် အဲဒီလိုနေမထိထိုင်မသာဖြစ်တဲ့သူတွေအတွက်ကတော့ ကားစီးရမှာတောင် ကြောက်နေကြမယ်ထင်တယ်။ အထူးသဖြင့် ဘတ်စ်တွေ ၊ Highway ကားကြီးတွေ စီးတဲ့အခါမှာ ပိုပြီးသိသိသာသာ ကားမူးတာကို မြင်ဖူးပါတယ်။ တချို့တွေဆိုရင်လည်း အိမ်က ကားစီးရင်တောင် မူးနေတာမျိုးဖြစ်တတ်တယ်။ ဒါပေမယ့်စိတ်မပူပါနဲ့ ၊ ကားမူးတဲ့ပြဿနာက ဖြေရှင်းလို့မရတဲ့ ပြဿနာမျိုးထဲ မပါပါဘူး။

အာရုံလွှဲပါ
ကားမူးတာအတွက် အကောင်းဆုံးဆေးက အာရုံလွှဲလိုက်တာပါပဲ။ ဒါကြောင့် ကိုယ့်ရဲ့ကလေးပဲဖြစ်ဖြစ် ၊ သူငယ်ချင်းပဲဖြစ်ဖြစ် ၊ ကိုယ့်နားကတစ်စုံတစ်ယောက် ကားမူးနေပြီဆိုရင် ကားမှန်ကနေအပြင်ကို အာရုံစိုက်ထားဖို့ အားပေးပါ။ အပြင်မှာရှိနေတဲ့ ပတ်ဝန်းကျင်က သစ်ပင်တို့ ၊ အိမ်တို့ စတာတွေကိုပဲ ကြည့်ဖို့ပြောပါ။ ကားထဲမှာဖြစ်နေတဲ့အရာတွေကိုတော့ အာရုံမစိုက်မိပါစေနဲ့။ အကောင်းဆုံးက ကားစီးနေတုန်းမှာ ဗီဒီယိုတွေကြည့်တာ ၊ ဖုန်းတွေသုံးတာတွေမလုပ်ဖို့ပါပဲ။ အဲဒါတွေက ကားမူးတာကို ပိုဆိုးစေပါတယ်။ ကားစီးရင်းပျင်းတဲ့အခါ ဗီဒီယိုတွေကြည့်မယ့်အစား သီချင်းနားထောင်တာ ၊ Audio Book တွေနားထောင်တာတို့ ပြောင်းပြီးလုပ်ကြည့်ပါ။

ကားကိုလေဝင်လေထွက်ကောင်းအောင်လုပ်ပါ
ကားမူးတတ်တဲ့သူပါတဲ့အခါမှာ ကားထဲက Air-con ကို ပိတ်ထားတာအကောင်းဆုံးပါပဲ။ လေကောင်းလေသန့်လေးတွေ ကားထဲကိုပေးဝင်လိုက်တာက ကားမူးတာကို သက်သာစေပါတယ်။

မကြာခဏရပ်ပေးပါ
ခရီးတွေဘာတွေသွားတဲ့အခါ အိမ်ကားစီးရင်းကားမူးတာတွေကြုံရင် ကားကိုမကြာခဏရပ်ပေးသင့်ပါတယ်။ ကားမူးတာက ကားရဲ့လှုပ်ရှားမှုကြောင့် ကိုယ်တွေရဲ့ငြိမ်ငြိမ်လေးနေတတ်တဲ့အာရုံကို အနှောင့်အယှက်ပေးလို့ဖြစ်တယ်။ ဒါကြောင့် ကားကိုမကြာခဏရပ်ပေးပြီး လမ်းလေးဘာလေး ခဏတဖြုတ်လေ ျှာက်ပေးတာက ကားမူးတာကို သက်သာစေပါလိမ့်မယ်။

အစားအစာကို သတိထားပါ
ဗိုက်ဟောင်းလောင်းနဲ့ ခရီးသွားတာမကောင်းဘူးဆိုပေမယ့် ခရီးသွားတဲ့အခါ မုန့်ပဲသရေစာတွေစားရင် အရမ်းကိုသတိထားရပါတယ်။ အစာမကြေဖြစ်ပြီး မအီမလည်ဖြစ်ရင် ပိုပြီးမူးတတ်တာကြောင့်ပါ။ အထူးသဖြင့် အဆီများလွန်းတဲ့မုန့်တွေနဲ့ အစပ်တွေကိုမစားပါနဲ့။ ရေများများသောက်ပြီး ပီကေတွေဘာတွေဝါးတာက ကားမူးတာကို သက်သာစေနိုင်တာကြောင့် ခရီးသွားတဲ့အခါ ကားမူးတတ်ရင် ရေများများသောက်ပြီး ပီကေတွေဘာတွေဝါးဖို့ တိုက်တွန်းချင်ပါတယ်။ အချဉ်တွေဘာတွေစားရင်လည်း သက်သာမယ်ထင်ပါတယ်။

ထိုင်ခုံနေရာ
ကားမူးတာက ကိုယ်ထိုင်တဲ့နေရာနဲ့လည်း အများကြီးဆိုင်ပါတယ်။ ဒါကြောင့်လိုင်းကားကြီးတွေဘာတွေစီးတဲ့အခါ ခုန်လွန်းတဲ့နောက်ခန်းတွေမှာမထိုင်ဘဲ အလယ်လောက်ကခုံတွေမှာပဲ ရွေးထိုင်ပါ။ အိမ်ကားစီးရင် ကားမူးတဲ့သူကို ကားနောက်ခန်းရဲ့ အလယ်တည့်တည့်မှာ ထိုင်ခိုင်းပြီး အရှေ့ကလမ်းမကြီးကိုပဲ အာရုံစိုက်ခိုင်းထားပါ။

ကားမောင်းတဲ့ပုံစံ
ကားမူးတာကိုဖြစ်စေတဲ့အရာတွေထဲမှာ ကိုယ်ကားမောင်းတဲ့ ပုံစံလည်းပါပါတယ်။ ဒါကြောင့် ကားမမူးအောင် ရုတ်တရက်ဘရိတ်ဆောင့်နင်းလိုက်တာတို့ အရှိန်ကိုရုတ်တရက်ကြမ်းကြမ်းတမ်းတမ်း ကောက်တင်လိုက်တာတို့ မလုပ်ပါနဲ့။ ညင်ညင်သာသာဖြေးဖြေးချင်းပုံမှန်ပဲ မောင်းပါ။

ကားမူးတဲ့ပြဿနာက အမြဲလိုလိုဖြစ်နေတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ရင် တိုင်ပင်လိုက်ပါ။ နောက်ပြီးအရေးအကြီးဆုံးက အသွားခရီးမှာ ကားမူးလို့ပျို့အန်ချင်နေတဲ့အချိန်မှာ အပြန်ကျရင်လည်း ကားထပ်မူးဦးမယ်လို့ မတွေးပါနဲ့။ ပိုပြီးအန်ချင်လာပါလိမ့်မယ်။ ဒီအချက်တွေကို လိုက်လုပ်နိုင်မယ်ဆိုရင် ကားမူးတဲ့ဒဏ်ကို သက်သာစေပါလိမ့်မယ်။ နောက်ပြီး ဒီဆောင်းပါးလေးက ကားမူးတဲ့သူတွေအတွက် အထောက်အကူဖြစ်ပါစေလို့ မေ ျှာ်လင့်ပါတယ်။

Source: Good Housekeeping

Photo Credit- Tires of part

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ