11K MMR ပြည့် ပထမဆုံး Support ကစားသမား ဖြစ်လာခဲ့တဲ့ Cr1t-

11K MMR ပြည့် ပထမဆုံး Support ကစားသမား ဖြစ်လာခဲ့တဲ့ Cr1t-

Dota2 လောကရဲ့ အကောင်းဆုံး Pos4 ကစားသမားတွေ အထဲမှာ တစ်ယောက် အပါအဝင်ဖြစ်တဲ့ Cr1t ကတော့ MMR Reset ချဖို့ ရက်အနည်းငယ်ခန့် အလိုမှာ 11K MMR ပြည့် ဆဌမမြောက် ကစားသမား အဖြစ် မှတ်တမ်း တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် Evil Geniuses Dota2 အသင်းရဲ့ Pos4 ကစားသမား Cr1t ဟာ ပထမဆုံး 11K MMR ပြည့်မြောက်သွားခဲ့တဲ့ Support ကစားသမားဆိုတဲ့ မှတ်တမ်းကောင်းကိုလည်း တင်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Cr1t အနေနဲ့ ပြိုင်ပွဲတွေနဲ့ ဝေးကွာနေတဲ့ ကာလအတွင်းမှာ ကိုယ်ပိုင် Twitch Channel ကနေ တစ်ဆင့် ပုံမှန် Streaming ပြုလုပ်ခဲ့သလို 11K MMR ပြည့်မြောက်ဖို့ အတွက်လည်း အစွမ်းကုန် ကြိုးစားနေခဲ့ပြီး တစ်လခွဲခန့် ကြိုးစားပြီး နောက်မှာတော့ အခုလို မှတ်တမ်းကောင်းကို ပိုင်ဆိုင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

Cr1t အနေနဲ့ EG Dota2 အသင်း အတွက် Pos4 ကစားသမား အဖြစ် တာဝန်ယူလျက် ရှိပေမယ့်လည်း 11K MMR ကို တက်လှမ်းခဲ့တဲ့ လမ်းခရီးမှာတော့ Support Hero တွေထက် Core Hero တွေကိုသာ အဓိက အသုံးပြုသွားခဲ့တာ ဖြစ်ပါတယ်။ 11K MMR ကို တက်လှမ်းရာမှာ အသုံးအများခဲ့ဆုံး Hero ကတော့ Pangolier ဖြစ်ခဲ့ပြီး Mid Lane ကို အဓိက အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

အခုလို Cr1t ပါ 11K MMR ပြည့် ကစားသမား ဘဝကို တက်လှမ်းနိုင်ခဲ့တာကြောင့် EG Dota2 အသင်းမှာ 11K MMR ပြည့် ကစားသမား ၂ ဦး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် EG Dota2 အသင်းရဲ့ Carry ကစားသမားဖြစ်သူ Artyzee ဟာ ဆိုရင်လည်း NA Dota2 Leaderboard ရဲ့ ဒုတိယနေရာမှာ ရပ်တည်လျက် ရှိတာကြောင့် MMR Reset မချခင် အချိန်အတွင်းမှာ 11K MMR ခရီးကြမ်းကို ဖြတ်ကျော်သွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle