ကြက်ဥတစ်လုံးရှိရုံနဲ့ ကိုယ်ရဲ့အလှအပအတွက်ဘယ်လိုအသုံးဝင်မလဲ

ကြက်ဥတစ်လုံးရှိရုံနဲ့ ကိုယ်ရဲ့အလှအပအတွက်ဘယ်လိုအသုံးဝင်မလဲ

ကြက်ဥတစ်လုံးဆိုပေမယ့် အထင်တော့မသေးလိုက်နဲ့နော်။ ကြက်ဥမှာပါဝင်တဲ့အာဟာရဓာတ်တွေကတော့ အံမခန်းလို့တောင်ပြောလို့ရပါတယ်။ကြက်ဥကို အာဟာရဓာတ်ပြည့်ဝအောင်စားဖို့အတွက်သာမက  ကိုယ့်ရဲ့အလှအပအတွက်လည်း အရမ်းကိုအကျိုးရှိပါတယ်။ကဲ့ ဒီလိုဆိုရင်ကိုယ့်ရဲ့အလှပဆိုင်ရာအတွက် ဘယ်နေရာတွေမှာပါသုံးလို့ရသေးလဲဆိုတာမျှဝေပေးချင်ပါတယ်နော်။ဆားဝက်ခြံတွေကင်းပြီးမျက်နှာအသားအရေ Glow နေဖို့အတွက်ဆိုရင် ကော်ဖီနဲ့ကြက်ဥအကာကို အသုံးပြုပေးရပါမယ်။ ကြက်ဥအကာကိုယူပြီး ကော်ဖီမှုန့်ကိုထည့်လိုက်ပါ။ နှစ်ခုကိုရောပြီးတော့ ကိုယ့်ရဲ့မျက်နှာကိုရေခြောက်အောင်သုပ်ပြီး ရောထားတဲ့နှစ်ခုကိုမျက်နှာပေါ်မှာ ၁၀မိနစ်လောက်ထားပေးရပါတယ်။

Photo Credit -Daily Apple

ခြောက်သွားပြီဆိုရင်တော့ကိုယ်မျက်နှာကိုရေနွေးလေးနဲ့သန့်စင်ပြီး လိမ်းနေကျ Skin Care တစ်ခုလိမ်းပေးရပါမယ်။ဒီနည်းလမ်းလေးက မျက်ကွင်းညိုတာတွေ၊ အသားအရေမညီတာတွေကိုအထူးကောင်းမွန်စေပါတယ်။တစ်ပတ်ကိုနှစ်ခါလောက်တော့ လုပ်ပေးသင့်ပါတယ်။ ကြက်ဥအနှစ်ကိုခေါင်းလျှော်ရာတွင်လည်း အသုံးပြုနိုင်ပါတယ်။ကြက်ဥအနှစ်ကိုအသုံးပြုပြီး ခေါင်းမလျှော်ခင်၁၀မိနစ်လောက်အလိုမှာကိုယ့်ရဲ့ဦးရေပြားကိုနှိပ်ပေးဖို့လိုအပ်ပါတယ်။ပြီးရင်တော့  ကိုယ်သုံးနေကျခေါင်းလျှော်ရည်ကိုအသုံးပြုပြီး ဦးရေပြားကျန်းမာရေးကိုဂရုစိုက်ပေးနိုင်ပါတယ်နော်။ကြက်ဥတစ်လုံးရဲ့အသုံးဝင်ပုံကလည်းတော်တော်လေးကိုအသုံးဝင်တာဆိုတော့ အခုသိသွားတဲ့နည်းလမ်းလေးတွေကို အိမ်မှာလုပ်ကြည်နော်။

Photo Credit -Wikihow

Kelly - Akhayar Lifestyle

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ