ပထမဆုံး ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ နာမည်ကျော် Dota2 အသင်း Elephant

ပထမဆုံး ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ နာမည်ကျော် Dota2 အသင်း Elephant

China Dota 2 Pro Cup Season 2 ပြိုင်ပွဲကြီး ပြီးဆုံးသွားပြီ ဖြစ်တာနဲ့ အညီ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ အသင်းလည်း ပေါ်ထွက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ အသင်း စတင် ဖွဲ့စည်းစဉ် အချိန်က စတင်ပြီး ပြဿနာ ပေါင်းစုံနဲ့ ရင်ဆိုင်ခဲ့ရတဲ့ Elephant Dota2 အဖွဲ့သားတွေကတော့ China Dota2 Pro Cup Season 2 ပြိုင်ပွဲရဲ့ Grand Final ပွဲစဉ်မှာ Team Aster ကို သုံးပွဲပြတ်ဖြင့် အနိုင်ယူပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

China Dota2 Pro Cup Season 2 မှာ တရုတ်အခြေစိုက် နာမည်ကျော် Dota2 အသင်း (၈) သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး Team Elephant အနေနဲ့ အုပ်စုအဆင့်မှာ ၅ ပွဲနိုင်၊ ၂ ပွဲရှုံး၊ အဆင့် (၃) ဖြင့် ရှုံးထွက်အဆင့်မှာ Upper Bracket ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Upper Bracket Round 1 မှာ Team Aster ကို (၂-၁) ဖြင့််ရှုံးနိမ့်ခဲ့တာကြောင့် Lower Bracket ကို သက်ဆင်းပေးခဲ့ရပါတယ်။

ဒါပေမယ့်လည်း Lower Bracket ကို ရောက်ရှိသွားချိန်မှာတော့ Elephant Dota2 အဖွဲ့သားတွေ အနေနဲ့ အမှားအယွင်း မရှိ ပြန်လည် ကစားနိုင်ခဲ့ပြီး PSG.LGD ကို (၂-၁) ၊ EHOME ကို (၂-၁) စတဲ့ ရလဒ်တွေနဲ့ အနိုင်ယူနိုင်ခဲ့တာကြောင့် Grand Final အဆင့်ကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။

Grand Final အဆင့်မှာတော့ ပြိုင်ဘက်ဟောင်းကြီး Team Aster ကို သုံးပွဲပြတ်ဖြင့် အလွယ်တကူပဲ အနိုင်ရယူနိုင်ခဲ့ပြီး China Dota 2 Pro Cup Season 2 ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ထိုက်ထိုက်တန်တန်ပဲ ရယူနိုင်ခဲ့သလို ဆုကြေးငွေ အဖြစ် ကန်ဒေါ်လာ ၃ သောင်းကျော်ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Ref: DotEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle