Elon Musk ရဲ့ Space X နဲ့ပူးပေါင်းပြီးအာကာသထဲရုပ်ရှင်ရိုက်ဖို့စီစဉ်နေတဲ့ Tom Cruise

Elon Musk ရဲ့ Space X နဲ့ပူးပေါင်းပြီးအာကာသထဲရုပ်ရှင်ရိုက်ဖို့စီစဉ်နေတဲ့ Tom Cruise

စတန့်ပြကွက်တွေဆိုလူအစားထိုးမသုံးဘဲကိုယ်တိုင်သရုပ်ဆောင်လေ့ရှိတဲ့ Tom Cruise ကတော့ရုပ်ရှင်သမိုင်းမှာနောက်ထပ်မှတ်ကျောက်တစ်ခုကိုစိုက်ထူဖို့ပြင်ဆင်နေတဲ့ပုံပါပဲ။ Elon Musk ပိုင်တဲ့ Space transportation ကုမဏီ SpaceX နဲ့ NASA တို့ပူးပေါင်းပြီးနောက်ခံစကားပြောအက်ရှင်စွန့်စားခန်းရုပ်ရှင်မျိုးရိုက်ဖို့ပြင်ဆင်နေတဲ့ပုံပါပဲ။ရိုက်ဖြစ်ခဲ့တယ်ဆိုရင်ဒီကားဟာပထမဆုံးကမ္ဘာ့အပြင်ဘက်အာကာသမှာရိုက်ကူးတဲ့ပထမဆုံးကားဖြစ်လာမှာပါ။ဒါပေမဲ့ဒီ project မှာတော့ဘယ်စတူဒီယိုနဲ့ရိုက်ကူးရေးလုပ်မယ်ဆိုပြီးဖော်ပြထားတာတော့မရှိပါဘူး။နောက်ပြီးတော့နောက်လာမဲ့ Mission: impossible franchise နဲ့လဲဆက်စပ်မှုရှိမှာမဟုတ်ပါဘူး။

Tom Cruise to star in first narrative film to be shot in space, in ...

လောလောဆယ်မှာတော့ ဒီ project ကအစောပိုင်းအဆင့်မှာပဲရှိနေသေးပါတယ်။လူစားထိုး စတန့်သမားမသုံးပဲကိုယ်တိုင်ရိုက်လေ့ရှိတဲ့ Tom Cruise ဟာ Mission: impossible Fall out မှာ ခြေကျင်းဝတ်ကျိုးသွားပြီးကတည်းကရိုက်ကူးရေးရပ်နားထားရပါတယ်။ CGI တွေနဲ့လူစားထိုးမသုံးပဲသဘာဝနဲ့အနီးစပ်ဆုံးတူအောင်ရိုက်ကူးနိုင်တဲ့နေရာမှာတော့ Tom cruise က ဂျက်ကီချန်းနဲ့အပြိုင်ပါပဲ။တစ်ဖက်မှာလဲ ဘီလီယံနာ Elon Musk က ဧည့်သည့်သရုပ်ဆောင်အနေနဲ့ Ironman 2, rick and Morty နဲ့ south park တို့မှာပါဝင်ခဲ့ဖူးပါတယ်။

Elon Musk အကြောင်းမသိသေးသူများအတွက် Elon Musk ဆိုတာ အသားတင် US dollar 37.6 billion ချမ်းသာတဲ့ ဘီလီယံနာတစ်ဦးဖြစ်ပါတယ်။ SpaceX လို့ခေါ်တဲ့ကမ္ဘာ့ပထမဆုံးကိုယ်ပိုင် အာကသယာဉ်စခန်းကိုတည်ထောင်နိုင်ခဲ့သူပါ။ Elon Musk ကို သဘာဝ လျှပ်စစ်ကားကုမဏီ Tesla နဲ့ အွန်လိုင်းငွေပေးချေမှုအတွက် PayPal ကိုတည်ထောင်ခဲ့သူအဖြစ်တွဲမြင်ကြပါတယ်။

တစ်ကယ်လို့သာ ဒီ Project မှာ Musk ရဲ့ အာကာသယာဉ်ကိုအသုံးပြုပြီရိုက်ကူးနိုင်ခဲ့မယ်ဆိုရင်သူဟာ Hollywood နဲ့ ကမ္ဘာ့သမိုင်းမှာပထမဆုံးဖြစ်သွားမှာပါ။

Author : Hein Htet
Ref : comicbook.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle