Eminem ရဲ့သမီး၊ အသက် ၂၃ နှစ်အရွယ် လှချင်တိုင်း လှသွေးကြွယ်နေတဲ့ Hailie Jade

Eminem ရဲ့သမီး၊ အသက် ၂၃ နှစ်အရွယ် လှချင်တိုင်း လှသွေးကြွယ်နေတဲ့ Hailie Jade

Rap ဂုရုကြီး Eminem မှာ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ရှိတာ Eminem ရဲ့ အမာခံပရိသတ်ကြီးတော်တေ်ာများများ သိကြပြီး ဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ Eminem ဟာ သူ့သမီးလေးကို အရမ်းချစ်ပြီး သူ့ရဲ့ နာမည်ကျော်သီချင်းတွေထဲမှာ သမီးလေးရဲ့ နာမည်၊ သမီးလေးရဲ့ အသံကို ခဏခဏထည့်ဆိုလို့ သိနေတာလည်း ဖြစ်ပါတယ်။ ဥပမာပြောရရင် Eminem ရဲ့ Mockingbird နဲ့ My Dads Gone Crazy လို သီချင်းမျိုးမှာ သမီးလေး Hailie Jade ကို တွေ့နိုင်ပါတယ်။

Hailie Jade ဟာ Eminem နဲ့ ငယ်ချစ်ဇနီးဟောင်း Kimberly Scott တို့ရဲ့ သမီးဖြစ်ပြီး မွေးနေ့က ၁၉၉၅ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်ဖြစ်တဲ့အတွက် လက်ရှိမှာ အသက် ၂၃ နှစ်ရှိပြီ ဖြစ်ပါတယ်။

တကယ်တော့ Eminem မှာ မွေးစားသမီးနှစ်ယောက်လည်း ရှိသေးပြီး တစ်ယောက်က သူ့ဇနီး Kim ကနောက်ရည်းစားနဲ့ ရတဲ့သမီးလေး Whitney Scott Mathers ဖြစ်ပြီး နောက်တစ်ယောက်ကတော့ Kim ရဲ့အမြွှာညီအစ်မ Dawn Scott ရဲ့ သမီးလေး Alaina Marie Mathers တို့ကို မွေးစားထားတာ ဖြစ်ပါတယ်။

Alaina Marie Mathers and Whitney Scott Mathers‌‌

Hailie Jade ကို ကျွန်တော်တို့က Eminem ရဲ့ Music Video တွေထဲမှာ လျှောက်ပြေးနေတတ်တဲ့ ချစ်စရာကလေးလေးအနေနဲ့ပဲ မြင်ထားကြပေမယ့် Hailie ဟာ အရွယ်ရောက်ကြီးပြင်းခဲ့ပါပြီ။ ငယ်ငယ်က ဘယ်လိုပဲ မိခင်နဲ့ ဖခင်ရဲ့ အိမ်ထောင်ကွဲမှု၊ အဆင်မပြေမှုတွေ ဖြစ်ခဲ့ပေမယ့် Hailie ဟာ ဆိုးသွမ်းကောင်မလေးတော့ ဖြစ်မသွားပါဘူး။

အဖေ့ခြေရာနင်းပြီး Rap ဆိုတဲ့ ကောင်မလေး ဖြစ်မလာခဲ့ပေမယ့် ဒီနေ့ခေတ်ရဲ့ ပြယုဂ်တစ်ခုဖြစ်တဲ့ Instagram မှာ Social Influencer တစ်ယောက်အနေနဲ့ ရပ်တည်နေသူဖြစ်ပါတယ်။ လက်ရှိမှာ အဲဒီကနေ ဝင်ငွေအများကြီး မရသေးပေမယ့် သိပ်မကြာတော့တဲ့ အနာဂတ်မှာတော့ ဝင်ငွေကောင်းမယ့်ပုံပေါ်နေပါတယ်။

Hailie ဟာ ငယ်ငယ်တုန်းကလို ချစ်စရာပုံလေးထက် သမီးပျိုတစ်ယောက်မှာ ရှိသင့်တဲ့ ရှိုက်ဖိုကြီးငယ်အသွယ်သွယ်တွေ ပြည့်စုံနေပြီး ဘိုမရုပ်လေးနဲ့ ပိုတူနေပါတယ်။

Hailie ကို Eminem က ဘယ်လောက်ချစ်သလဲဆိုရင်လည်း Hailie ကြောင့် MGK နဲ့ ပြဿနာတက်၊ Diss Track တွေ ထွက်လာတဲ့အထိပါပဲ။ MGK ဟာ ၂၀၁၂ တုန်းက Hailie ကို “Hot as f***” ဆိုပြီး Twitter မှာ Tweet လုပ်ခဲ့တဲ့ ကိစ္စကနေ အမှိုက်ကစ ပြသာဒ်မီးလောင်ခဲ့တာ ဖြစ်ပါတယ်။

Daddy’s little girl လေး Hailie ကို အချဉ်တော့ မထင်ပါနဲ့နော်။ သူ့ရဲ့ Instagram မှာ Followers ၁.၅ သန်းလောက်ရှိပြီးပုံတွေကလည်း အလန်းစားတွေပဲ တင်တဲ့အတွက် ရှုစားအားပေးလိုက်ပါဦး။

ပြီးရင်တော့ Eminem ကို ယောက္ခမကြီးလို့ ခေါ်ချင်လာမှာ သိနေတယ်ဗျို့။

Yoe Lu (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle