2019-2020 DPC ရာသီရဲ့ စတုတ္ထမြောက် Major, Minor ပြိုင်ပွဲတွေကို ဖျက်သိမ်းလိုက်ပြီ

ပြီးခဲ့တဲ့ ရက်ပိုင်းက ESL နဲ့ Valve တို့ အနေနဲ့ 2019-2020 DPC ရာသီရဲ့ တတိယမြောက် Major ဖြစ်လာမယ့် ESL One Los Angeles 2020 ပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကနေ ကာကွယ်ဖို့ အတွက် ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပါတယ်။

ယခုအခါမှာတော့ Valve အနေနဲ့ 2019-2020 DPC ရာသီရဲ့ စတုတ္ထမြောက် Major, Minor ပြိုင်ပွဲတွေဖြစ်တဲ့ Dota PIT Minor ပြိုင်ပွဲနဲ့ Epicenter Major ပြိုင်ပွဲတို့ကို ကိုရိုနာဗိုင်းရပ် အန္တရာယ်ကနေ ကာကွယ်နိုင်ရန် အတွက် ရည်ရွယ်ပြီး ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေညာပေးလိုက်ပြီ ဖြစ်ပါတယ်။
After careful consideration of the current state and trajectory of the Covid-19 pandemic, as well as the health risk that this presents to competitors, staff and fans alike, we have made the difficult decision to cancel to the 4th minor and major tournaments of the DPC season.
— DOTA 2 (@DOTA2) March 15, 2020
“Covid-19 ကမ္ဘာ့ကပ်ရောဂါ အန္တရာယ်ကနေ ပြိုင်ပွဲဝင် ကစားသမားတွေ၊ ဝန်ထမ်းတွေ၊ ပရိသတ်တွေကို ကာကွယ်ပေးနိုင်ဖို့ အတွက် ရည်ရွယ်ပြီး 2019-2020 DPC ရာသီရဲ့ စတုတ္ထမြောက် Major/ Minor ပြိုင်ပွဲတွေကို ဖျက်သိမ်းလိုက်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီ ဖြစ်ပါတယ်။”

လက်ရှိအချိန်မှာ Major ပြိုင်ပွဲ နှစ်ပွဲ၊ Minor ပြိုင်ပွဲ သုံးပွဲသာ ကျင်းပ ပြီးစီးခဲ့ပြီး ESL One LA Major, Dota PIT Minor, Epicenter Major တို့ကို ဖျက်သိမ်းသွားမှာဖြစ်တဲ့ အကြောင်း ကြေညာသွားခဲ့ပြီ ဖြစ်တာကြောင့် 2019-2020 DPC ရာသီရဲ့ နောက်ဆုံးပိတ် Major ပြိုင်ပွဲဖြစ်တဲ့ One Esports Singapore Major ပြိုင်ပွဲနဲ့ ဘယ်နေရာမှာ ကျင်းပမယ် ဆိုတာကို သတ်မှတ်ရခြင်း မရှိတဲ့ Minor ပြိုင်ပွဲတို့သာ ကျင်းပဖို့ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။

One Esports Singapore Major ကို မူလ ပထမက ဇွန်လ ၂၀ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ကျင်းပသွားဖို့ ဆုံးဖြတ်ထားတာ ဖြစ်တာကြောင့် တကယ်လို့ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကိုသာ ထိန်းချုပ်နိုင်ခဲ့ခြင်း မရှိဘူးဆိုရင် 2019-2020 DPC ရာသီရဲ့ နောက်ဆုံးပိတ် Major/ Minor ပြိုင်ပွဲတွေကိုလည်း ဖျက်သိမ်းသွားဖွယ် ရှိပါတယ်။
REF: VpEsports