11K MMR Club ကို ဝင်ရောက်နိုင်ခဲ့ပြီဖြစ်တဲ့ Epileptick1d

11K MMR Club ကို ဝင်ရောက်နိုင်ခဲ့ပြီဖြစ်တဲ့ Epileptick1d

Virtus Pro လူငယ်အသင်း၊ VP.Prodigy Dota2 အသင်းရဲ့ Carry ကစားသမား Egor “Epileptick1d” Grigorenko ကတော့ 11, 000 MMR ပြည့် စတုတ္ထမြောက် ကစားသမား အဖြစ် မှတ်ကျောက် တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Epileptick1d အပါအဝင် 11K MMR ပြည့် ကစားသမားဆိုလို့ လေးဦးသာ ရှိသေးပြီး အခြား ကစားသမား သုံးဦးကတော့ SEA အခြေစိုက် ကစားသမား နှစ်ဦးဖြစ်တဲ့ Azel “Abed” Yusop, Nuengnara “23savage” Teeramahanon နဲ့ CIS အခြေစိုက် ကစားသမား တစ်ဦးဖြစ်တဲ့ Danil “gpk” Skutin တို့ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် 11K MMR ပြည့် ကစားသမား အဖြစ် မှတ်တမ်းတင်နိုင်ခဲ့တဲ့ ကစားသမား လေးဦးလုံးဟာ Mid Lane ဒါမှမဟုတ် Carry ကစားသမားတွေသာ ဖြစ်ကြပြီး Offlane, Soft Support, Hard Support ကစားသမားတွေကတော့ လက်ရှိအချိန်ထိ 11K MMR Club ကို ဝင်ရောက်နိုင်ခြင်း မရှိသေးပါဘူး။

ယခင်အချိန်တွေတုန်းက Matchmaking ရာသီ တစ်ခုကို ၆ လကနေ ၉ လ အကြားမှာ ပြန်လည် Reset ပြုလုပ်လေ့ ရှိပေမယ့် ယခု ရာသီကတော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့မှာ စတင်ခဲ့တာ ဖြစ်တာကြောင့် အခုဆိုရင် တစ်နှစ်ပြည့်ဖို့ ရက်အနည်းငယ်ခန့်သာ လိုတော့တာ ဖြစ်ပါတယ်။ Dota2 ပရိသတ်တွေကတော့ Matchmaking ရာသီ အသစ်ကို OMEGA League ပြိုင်ပွဲ ပြီးဆုံးချိန်မှာ မြင်တွေ့ရဖွယ် ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။

တကယ်လို့သာ OMEGA League ပြိုင်ပွဲ ပြီးဆုံးချိန်မှာ Matchmaking ရာသီ အသစ်ကို စတင်လိုက်မယ် ဆိုရင်တော့ နောက်ထပ် 11K MMR ပြည့် ကစားသမား အသစ်တွေကို မြင်တွေ့ရဖို့ အခွင့်အရေး နည်းပါးသွားမှာ အသေအချာပဲ ဖြစ်ပါတယ်။ Epileptick1d အပါအဝင် VP.P Dota2 အဖွဲ့သားတွေ အနေနဲ့ ဇူလိုင်လ နောက်ပိုင်းက စတင်ပြီး ပြိုင်ပွဲတွေနဲ့ ဝေးကွာနေခဲ့တာဖြစ်ပြီး နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ OGA Dota PIT Season 2: EU CIS ပြိုင်ပွဲမှာလည်း ထိပ်ဆုံး (၆) သင်း အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။

လက်ရှိအချိန်မှာ ပြိုင်ပွဲစီစဉ်သူ အများစုဘက်က အဖွဲ့အစည်း ကိုယ်စားပြု Dota2 အသင်း တစ်သင်းသာ ပြိုင်ပွဲတစ်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပေးသွားမှာ ဖြစ်တယ်လို့ စည်းမျဉ်းသစ် ပြဌာန်းထားပြီး Virtus Pro Esports အဖွဲ့အစည်း အနေနဲ့ Virtus Pro Dota2 အသင်းကြီးကို ပြိုင်ပွဲတွေမှာ ဆက်တိုက် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပေးလျက် ရှိတာကြောင့် Epileptick1d အပါအဝင် VP.P Dota2 အဖွဲ့သားတွေကို ဘယ်အချိန်မှ ပြိုင်ပွဲတွေမှာ ပြန်လည် မြင်တွေ့ခွင့် ရရှိမလည်း ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle