Chicken Fighters ကစားသမားများဖြင့် Dota2 အသင်းကို ပြန်လည် ဖွဲ့စည်းခဲ့တဲ့ Ninjas in Pyjamas

Chicken Fighters ကစားသမားများဖြင့် Dota2 အသင်းကို ပြန်လည် ဖွဲ့စည်းခဲ့တဲ့ Ninjas in Pyjamas

Dota2 လောကရဲ့ Legend ကစားသမားကြီးလည်းဖြစ်၊ NiP Dota2 အသင်းရဲ့ ကပ္ပတိန်လည်းဖြစ် Peter “PPD” Dager တစ်ယောက် အနားယူသွားပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ NiP Esports အဖွဲ့အစည်း အနေနဲ့ ကျန်ရှိနေတဲ့ Dota2 ကစားသမား အားလုံးကို အသင်းကနေ အနားပေးခဲ့ပါတယ်။

ယခုအခါမှာတော့ Akbar “SoNNeikO” Butaev ဦးဆောင်တဲ့ Chicken Fighters Dota2 အသင်းရဲ့ ကစားသမားတွေ ခေါ်ယူပြီး NiP Dota2 အသင်းကို ပြန်လည် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။

Era

အခုလို NiP လက်အောက်ခံ Dota2 အသင်းမှာ ဝင်ရောက် ကစားခွင့် ရရှိခဲ့ပြီ ဖြစ်တာကြောင့် Chicken Fighters Dota2 အသင်းရဲ့ Pos4 ကစားသမားဖြစ်သူ Adrian “Era” Kryeziu အနေနဲ့ ငါးနှစ်ခန့် အကြာမှာ NiP နဲ့ ပြန်လည် ပူးပေါင်းခွင့် ရရှိခဲ့ပြီ ဖြစ်ပါတယ်။ Era အနေနဲ့ NiP Dota2 အသင်းမှာ ၂၀၁၅ ခုနှစ်၊ ၁ လပိုင်းက စတင်ကာ ဝင်ရောက် ကစားပေးခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ၁၁ လပိုင်းမှာတော့ အသင်းကနေ ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။

NiP ကိုယ်စားပြု Dota2 အသင်းမှာ ကစားခွင့် ရရှိခဲ့ခြင်းနဲ့ ပတ်သတ်ပြီး Chicken Fighters Dota2 အသင်းရဲ့ ကပ္ပတိန်ဖြစ်သူ Sonneiko ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

Sonneiko

“ကြက်ကလေးတွေဟာ နောက်ဆုံးမှာ နင်ဂျာများအဖြစ် အသွင်ပြောင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လပေါင်းများစွာ စပွန်စာမဲ့ Dota2 အသင်းအဖြစ် ရပ်တည်ပြီး နောက်မှာတော့ နာမည်ကျော် Esports အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ NiP လက်အောက်ခံ Dota2 အသင်းမှာ ဝင်ရောက် ကစားခွင့်ကို ရရှိခဲ့ပြီ ဖြစ်ပါတယ်။”

Chicken Fighters Dota2 အသင်းသားတွေကို ခေါ်ယူလိုက်နိုင်ခြင်းနဲ့ ပတ်သတ်ပြီး NiP Esports အဖွဲ့အစည်းရဲ့ COO ဖြစ်သူ Jonas Gundersen ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“Chicken Fighters Dota2 အသင်းရဲ့ ကစားသမား အများစုဟာ အသက်အရွယ်အားဖြင့် ငယ်ရွယ်ပေမယ့် အောင်မြင်မှုတွေကို ဆာလောင်လျက်ရှိတဲ့ ကစားသမားတွေ ဖြစ်ကြသလို သူတို့တွေကို ထိမ်းကျောင်းပေးဖို့ အတွက် အတွေ့အကြုံရင့် ကစားသမားတွေဖြစ်တဲ့ Era, SoNNeiko စတဲ့ ကစားသမားတွေက ဝန်းရံ ပေးထားပါတယ်။

ဒါကြောင့် သူတို့တွေကို NiP Dota2 အသင်း အတွက် ခေါ်ယူနိုင်ခဲ့တဲ့ အတွက် တကယ်ကို ဝမ်းသာမိသလို၊ အထူးပဲ စိတ်လှုပ်ရှားမိပါတယ်။ သူတို့တွေ NiP Dota2 အသင်း အတွက် အောင်မြင်မှုတွေကို ဖော်ဆောင် ပေးသွားနိုင်မယ်လို့လည်း ယုံကြည်မိပါတယ်။”

Saberlight

NiP Dota2 အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့‌ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Charlie “CharlieDota” Arat
  • Ondrej “Supream” Starha
  • Jonas “SabeRLight” Volek
  • Adrian “Era” Kryeziu
  • Akbar “SoNNeiko” Butaev

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle