ESL One LA Major ကို အွန်လိုင်းပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပသွားမည်

ESL One LA Major ကို အွန်လိုင်းပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပသွားမည်

ESL One Los Angeles 2020 Major ဆိုတာကတော့ မူလပထမက အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ် မြို့တော်မှာ 2019-2020 DPC ရာသီရဲ့ တတိယမြောက် Major ပြိုင်ပွဲ အဖြစ် ကျင်းပသွားဖို့ ရည်ရွယ်ထားတဲ့ ပြိုင်ပွဲ တစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ESL One LA Major ပြိုင်ပွဲဟာ သုံးနှစ်အကြာမှ မြောက်အမေရိက ဒေသမှာ ပြန်လည် ကျင်းပခဲ့တဲ့ DPC ပြိုင်ပွဲ တစ်ခုလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ် ပြဿနာကြောင့် ESL One LA Major ကို LAN ပြိုင်ပွဲ အဖြစ် ကျင်းပဖို့ စီစဉ်ထားရာကနေ ယခုအခါမှာတော့ အွန်လိုင်းပြိုင်ပွဲအဖြစ်သာ ပြောင်းလဲ ကျင်းပသွားရတော့မှာ ဖြစ်ပါတယ်။ ESL One LA Major ပြိုင်ပွဲ အတွက် စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ ၃၇၅၀၀၀ အသုံးပြုသွားမှာဖြစ်ပြီး ပြိုင်ပွဲဝင် အသင်းပေါင်း (၃၄) သင်း ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ESL One LA Major ပြိုင်ပွဲကို မတ်လ ၂၈ ရက်နေ့ကနေ ဧပြီလ ၁၉ ရက်နေ့အထိ ကျင်းပသွားမမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင် အသင်းပေါင်း (၃၄) သင်း ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပေမယ့်လည်း ဒေသတစ်ခုစီ အလိုက် ပြိုင်ပွဲများ အဖြစ်သာ ယှဉ်ပြိုင်သွားရမှာ ဖြစ်တာကြောင့် (၃၄) သင်း ပတ်လည် ယှဉ်ပြိုင်ကစားမှုတွေကိုတော့ မြင်တွေ့ခွင့်ရမှာ မဟုတ်ပါဘူး။

ESL One LA Major အွန်လိုင်း ပြိုင်ပွဲမှာ EU + CIS Region အတွက် ပြိုင်ပွဲဝင် အသင်းပေါင်း (၁၆) သင်း ဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်ပြီး စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ (၂) သိန်း ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ China Region မှာတော့ ပြိုင်ပွဲဝင် အသင်း (၆) သင်း ဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်ပြီး စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ (၅၅၀၀၀) ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ SEA Region, NA Region, SA Region တွေမှာတော့ ဒေသအလိုက် ပြိုင်ပွဲဝင် အသင်း (၄) သင်းစီ ဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဒေသတစ်ခုစီ အတွက် စုစုပေါင်း ဆုကြေငွေ ဒေါ်လာ (၄၀၀၀) ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

ဒေသအားလုံးရဲ့ အုပ်စုအဆင့် ပွဲစဉ်တွေနဲ့ ရှုံးထွက်အဆင့် ပွဲစဉ်တွေကို Best of 3 Format ဖြင့် ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး Grand Final ပွဲစဉ်တွေကိုတော့ Best of 5 Format ဖြင့်သာ ယှဉ်ပြိုင်သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ ESL One LA Major အွန်လိုင်း ပြိုင်ပွဲအတွက် DPC Points တွေ ပေးအပ်သွားခြင်း ရှိမရှိကို သိရှိရခြင်း မရှိသေးပေမယ့် အွန်လိုင်း ပြိုင်ပွဲအဖြစ် ကျင်းပသွားမှာ ဖြစ်တာကြောင့် DPC Points တွေကိုတော့ ပေးအပ်သွားဖွယ် မရှိပါဘူး။

ဒါ့အပြင် ESL One ရဲ့ ထုတ်ပြန် ကြေညာချက်များအရ ESL One Birmingham 2020 ပြိုင်ပွဲကိုလည်း ESL One LA Major နည်းတူ အွန်လိုင်းပြိုင်ပွဲ အဖြစ် မေလ ၂၄ ရက်နေ့ကနေ ဇွန်လ ၇ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်သလို စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ (၃၃၅၀၀၀) ခန့် ပေးအပ် ချီးမြှင့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

REF: AfkGaming, VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle