2019-2020 DPC ရာသီရဲ့ တတိယမြောက် Major ပြိုင်ပွဲESL ONE LA ကို ဖျက်သိမ်းလိုက်ပြီ

2019-2020 DPC ရာသီရဲ့ တတိယမြောက် Major ပြိုင်ပွဲESL ONE LA ကို ဖျက်သိမ်းလိုက်ပြီ

2019-2020 DPC ရာသီရဲ့ တတိယမြောက် Major ပြိုင်ပွဲဖြစ်တဲ့ ESL One Los Angeles 2020 Dota 2 ပြိုင်ပွဲကြီးကို မူလ ပထမက အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့တော်မှာ ကျင်းပဖို့ စီစဥ်ထားခဲ့ပေမယ့် ယခုအခါမှာတော့ ဖျက်သိမ်းသွားမှာဖြစ်တဲ့ အကြောင်းကို တရားဝင် ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက SEA အခြေစိုက် Dota 2 အသင်း Team Adroit အသင်းရဲ့ ကပ္ပတိန်ဖြစ်သူ Boomy အနေနဲ့ အမေရိကန်နိုင်ငံ ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားရာမှာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် Team Adroit Dota 2 အသင်း အနေနဲ့ ESL ONE LA Major မှာ အစားထိုး ကစားသမား အဖြစ် ယှဥ်ပြိုင်သွားမှာဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။

ဒါ့အပြင် Starladder ImbaTV Dota 2 Minor ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Team Aster အနေနဲ့လည်း အသင်းရဲ့ ကစားသမား သုံးဦး ဗီဇာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ESL ONE LA Major မှာ ဝင်ရောက် ယှဥ်ပြိုင်ဖို့ အခက်ကြုံနေကြောင်း ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။

ယခုအခါမှာ အမေရိကန်နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်ရန် အတွက် ဥရောပနိုင်ငံတွေမှ အမေရိကန် နိုင်ငံတွင်း ဝင်ရောက်ခွင့်ကို သမ္မတဖြစ်သူ ဒေါ်နယ်ထရမ့်အနေနဲ့ ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာလိုက်ပြီ ဖြစ်တာကြောင့် အမေရိကန်နိုင်ငံ ပြင်ပမှ Dota 2 အသင်းတွေ အနေနဲ့ နိုင်ငံတွင်း ဝင်ရောက်ဖို့ မဖြစ်နိုင်တော့တာကြောင့် ESL ONE LA Major ပြိုင်ပွဲကို ဖျက်သိမ်းလိုက်ရတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ESL ONE LA Major ကို ပြန်လည် ကျင်းပသွားမယ့် အချိန်နဲ့ နေရာကို တရားဝင် ကြေညာခြင်း မရှိသေးပေမယ့် ESL ဘက်ကတော့ Valve နဲ့ ဆွေးနွေးတိုင်ပင်မှုတွေ ပြုလုပ်လျက်ရှိပြီး ပြန်လည် ကျင်းပသွားမယ့် အချိန်နဲ့ နေရာကို အမြန်ဆုံး ကြေညာပေးသွားမှာ ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် ESL ONE LA Major အတွက် ကြိုတင် လက်မှတ် ဝယ်ယူထားသူ အားလုံးကိုလည်း အမြန်ဆုံး ငွေကြေး ပြန်လည် လွှဲပြောင်း ပေးအပ်မှုတွေ ပြုလုပ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

REF: VpEsports1, VpEsports2

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ